မန်စီးတီးအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ယာယာတိုရေးကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ ကျရှုံးမှုကို ထူးဆန်းပြီး စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပြီး နည်းပြ ပြောင်းလဲဖို့ အချိန်တန်နေတာလည်း ဖြစ်နိုင်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ စခါစမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ ရေပန်းစားတဲ့ အသင်း ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ်က လိုင်ယွန်အသင်းကို ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပဲ ဖြစ်ပါတယ်။

 

Photo Credit: Gettyimage

မန်စီးတီးအသင်းဟာ အသင်းရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်း တစ်လျှောက် အမြင့်ဆုံး အဆင့်အဖြစ် နည်းပြ ပယ်လီဂရီနီရဲ့ လက်ထက်မှာ (၂၀၁၅-၁၆) ရာသီက ချန်ပီယံလိဂ် ဆီးမီး ဖိုင်နယ် ပွဲစဉ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို တစ်ခါမှ မကစားရသေးတာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို နည်းပြခဲ့စဉ်တုန်းက ချန်ပီယံလိဂ် ဆုဖလား (၂) ကြိမ် ရရှိနိုင်ခဲ့ပြီး မန်စီးတီး ကွင်းလယ် ကစားသမားဟောင်း ယာယာတိုရေးကတော့ နည်းပြ ဂွါဒီယိုလာရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကျရှုံးမှုက ထူးဆန်းပြီး စိတ်ပျက်စရာကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Gettyimage

ယာယာတိုရေးက “နည်းပြ ဂွါဒီယိုလာကို ခေါ်ခဲ့တာက ဒီဖလားအတွက်ပါပဲ၊ ချန်ပီယံလိဂ် ဖလားကို ရယူပေးဖို့ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်း နဲ့ အခြားအသင်းတွေ၊ အပြောင်းအရွေ့ ဈေးကွက်မှာ ကစားသမားတွေ မခေါ်ယူခဲ့ကြတဲ့ အခြားအသင်းတွေက ချန်ပီယံလိဂ် ဆုဖလား ရရှိနိုင်ကြတာကို မြင်ရတဲ့ အချိန်မှာ ဒါက အတော်လေးကို ထူးဆန်းပြီး စိတ်ပျက်စရာ ကောင်းတယ်။ ဟုတ်ပါတယ်။ နည်းပြ ဂွါဒီယိုလာက မန်စီးတီးအသင်းကို ဆုဖလားတွေ များစွာ ရယူပေးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ အသင်း လိုချင်တဲ့ ဆုဖလားကိုတော့ မယူပေးနိုင်သေးပါဘူး။ နည်းပြ ဂွါဒီယိုလာက နည်းပြကောင်း ဖြစ်တယ် ဆိုတာကို လူတိုင်း သိကြပါတယ်။ ဒါပေမယ့် လက်ရှိအခိန်မှာ အခြေအနေတွေက သူတို့ လိုချင်တဲ့ ပုံစံအတိုင်း မသွားတော့ဘူး ဆိုရင် တစ်ခါတစ်လေ ပြောင်းလဲဖို့ အချိန်တန်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်ရမယ်”လို့ ဆိုပါတယ်။