ဒီေနာက္ပုိင္းပြဲစဥ္ေတြမွာ နုိင္ပြဲေတြဆက္လုိ႔ေနၿပီး အမွတ္ေပးဇယားရဲ႕ဒုတိယေနရာကုိေတာင္ ျပန္လည္ရယူလာႏုိင္ခဲ႔တဲ႔ မန္စီးတီးအသင္းက ဒီေန႔ညမွာေတာ့ သူတုိ႔ရဲ႕အယ္တီဟတ္ကြင္းႀကီးအတြင္း ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၃)ကုိ ယွဥ္ၿပိဳင္ကစားခဲ႔ရၿပီး အႀကိတ္အနယ္ကစားခဲ႔ၾကကာ တစ္ဖက္ကုိ ၂ဂုိးစီနဲ႔ သေရပြဲနဲ႔ပဲ အဆုံးသတ္ခဲ႔ရပါတယ္။

Photo Credit : Getty Images

၄-၃-၃ ကစားကြက္နဲ႔ ဆက္လက္ပြဲထြက္လာခဲ႔တဲ႔ အိမ္ရွင္မန္စီးတီးအသင္းက တုိက္စစ္မွာ အဂူရုိ စတာလင္ ဘာနာဒုိေဆးဗား ကြင္းလယ္မွာ ဂန္ဒုိဂန္ ေဒးဗစ္ေဆးဗား ဒီဘရုိင္း ခံစစ္မွာ မန္ဒီ ဖာနန္ဒင္ဟုိ စတုန္းစ္ ကန္ဆယ္လုိနဲ႔ ဂုိးသမားေနရာမွာ အီဒါဆင္တုိ႔ကုိ အသုံးျပဳခဲ႔ပါတယ္။ ဧည့္သည္အသင္းဘက္မွာလည္း ကစားသမားသစ္တုိဆန္ကုိ အေထာင္ထားၿပီး ဇာဟာ အယူး မကၠာသီ တြမ္ကင္း ကူယာေတး ကာေဟးတုိ႔လုိ ကစားသမားေကာင္းေတြနဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ အားလုံးထင္ထားၾကတဲ႔အတုိင္း အိမ္ရွင္မန္စီးတီးအသင္းက ပထမပုိင္းမွာ သူတုိ႔အသင္းရဲ႕ တုိက္စစ္အခ်ိတ္္အဆက္ေကာင္းေကာင္းနဲ႔ ထုိးေဖာက္မႈေပါင္းမ်ားစြာကုိ လုပ္ေဆာင္ႏုိင္ခဲ႔ေပမယ့္ ပဲေလ့စ္အသင္းရဲ႕အထပ္ထပ္ပိတ္ဆုိ႔ထားတဲ႔ ခံစစ္က ပထမပုိင္းမွာ အလုပ္ျဖစ္ခဲ႔ၿပီး ဂုိးမေပးခဲ႔ရတဲ႔အျပင္ ကစားသမားသစ္တုိဆန္ကလည္း ေထာင့္ကန္ေဘာကေန ရရွိလာတဲ႔ အခြင့္အေရးကေန အသင္းအတြက္ သြင္းဂုိးရေအာင္ စြမ္းေဆာင္ႏုိင္ခဲ႔ၿပီး မန္စီးတီးအသင္းဘက္ကုိ ဖိအားေပးနုိင္ခဲ႔ပါတယ္။

သြင္းဂုိးေတြျပန္လည္ရယူႏုိင္ဖုိ႔ လုိအပ္လုိ႔ေနတဲ႔ အိမ္ရွင္အသင္းက ဒုတိယပုိင္းမွာ တုိက္စစ္ကုိ ပုိမုိအသားေပးကစားခဲ႔ေပမယ့္လည္း သြင္းဂုိးက ရရွိဖုိ႔ခက္ခဲေနသလုိ ပဲေလ့စ္ရဲ႕ေကာင္တာတုိက္စစ္ေတြကုိေတာင္ ဒုတိယပုိင္းမွာ ပုိမုိျမင္ေတြ႕ခဲ႔ရၿပီး မန္စီးတီးခံစစ္ကုိလည္း ၿခိမ္းေျခာက္ႏုိင္ခဲ႔ပါတယ္။ ဒါေၾကာင့္ ကစားအားက်ေနတဲ႔ ေဆးဗားအစား ေဂ်ဆူးကုိ ထည့္သြင္းၿပီး တုိက္စစ္ျမင့္တင္ခဲ႔ရာ ၇၂မိနစ္ခန္႔မွာ ပဲေလ့စ္ဘက္က ဧရိယာအတြင္းမွာ လက္ထိမႈျဖစ္ခဲ႔ေပမယ့္ VAR ျပန္လည္စစ္ေဆးရာမွာေတာ့ လက္ထိေဘာအျဖစ္ မသတ္မွတ္ခံခဲ႔ရလုိ႔ မန္စီးတီးအတြက္ နစ္နာခဲ႔ရပါတယ္။ ဒါေပမယ့္ ၈၂မိနစ္မွာေတာ့ တစ္ပြဲလုံး လြဲေခ်ာ္ေနရတဲ႔ အဂူရုိက ေဂ်ဆူးရဲ႕ျဖတ္ပုိ႔ေပးမႈကေနတစ္ဆင့္ ေခ်ပဂုိးကုိ အနီးကပ္ပိတ္သြင္းယူႏုိင္ခဲ႔ပါတယ္။ ဆက္လက္ၿပီး တုိက္စစ္အရွိန္ုပုိျမင့္လာခဲ႔တဲ႔ မန္စီးတီးအသင္းဟာ ၈၇မိနစ္မွာလည္း အဂူရုိေခါင္းတုိက္သြင္းဂုိးနဲ႔ ပြဲကိုျပန္လည္ဦးေဆာင္နုိင္ခဲ႔ရပါတယ္။ မန္စီးတီးတုိ႔ အႏုိင္ရသြားေတာ့မယ့္ပြဲလုိ႔ ယူဆရလုနီးပါးအထိ ျဖစ္ခဲ႔ရေပမယ့္လည္း နာက်င္အခ်ိန္ပုိမွာ ဇာဟာရဲ႕တစ္ကုိယ္ေတာ္ေမႊေႏွာက္မႈကေနတစ္ဆင့္ ဖာနန္ဒင္ဟုိနဲ႔ထိၿပီး ဂုိးဝင္သြားခဲ႔ရလုိ႔ ၂ဂုိးစီ သေရက်သြားခဲ႔ရပါတယ္။

(Unicode)

အိမ်ကွင်းအယ်တီဟတ်မှာ ပဲလေ့စ်ကို ၂ရာသီဆက်တိုက် အနိုင်မရခဲ့တဲ့ မန်စီးတီး

ဒီနောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲတွေဆက်လို့နေပြီး အမှတ်ပေးဇယားရဲ့ဒုတိယနေရာကိုတောင် ပြန်လည်ရယူလာနိုင်ခဲ့တဲ့ မန်စီးတီးအသင်းက ဒီနေ့ညမှာတော့ သူတို့ရဲ့အယ်တီဟတ်ကွင်းကြီးအတွင်း ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)ကို ယှဉ်ပြိုင်ကစားခဲ့ရပြီး အကြိတ်အနယ်ကစားခဲ့ကြကာ တစ်ဖက်ကို ၂ဂိုးစီနဲ့ သရေပွဲနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Images

၄-၃-၃ ကစားကွက်နဲ့ ဆက်လက်ပွဲထွက်လာခဲ့တဲ့ အိမ်ရှင်မန်စီးတီးအသင်းက တိုက်စစ်မှာ အဂူရို စတာလင် ဘာနာဒိုဆေးဗား ကွင်းလယ်မှာ ဂန်ဒိုဂန် ဒေးဗစ်ဆေးဗား ဒီဘရိုင်း ခံစစ်မှာ မန်ဒီ ဖာနန်ဒင်ဟို စတုန်းစ် ကန်ဆယ်လိုနဲ့ ဂိုးသမားနေရာမှာ အီဒါဆင်တို့ကို အသုံးပြုခဲ့ပါတယ်။ ဧည့်သည်အသင်းဘက်မှာလည်း ကစားသမားသစ်တိုဆန်ကို အထောင်ထားပြီး ဇာဟာ အယူး မက္ကာသီ တွမ်ကင်း ကူယာတေး ကာဟေးတို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ အားလုံးထင်ထားကြတဲ့အတိုင်း အိမ်ရှင်မန်စီးတီးအသင်းက ပထမပိုင်းမှာ သူတို့အသင်းရဲ့ တိုက်စစ်အချိတ််အဆက်ကောင်းကောင်းနဲ့ ထိုးဖောက်မှုပေါင်းများစွာကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် ပဲလေ့စ်အသင်းရဲ့အထပ်ထပ်ပိတ်ဆို့ထားတဲ့ ခံစစ်က ပထမပိုင်းမှာ အလုပ်ဖြစ်ခဲ့ပြီး ဂိုးမပေးခဲ့ရတဲ့အပြင် ကစားသမားသစ်တိုဆန်ကလည်း ထောင့်ကန်ဘောကနေ ရရှိလာတဲ့ အခွင့်အရေးကနေ အသင်းအတွက် သွင်းဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး မန်စီးတီးအသင်းဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

သွင်းဂိုးတွေပြန်လည်ရယူနိုင်ဖို့ လိုအပ်လို့နေတဲ့ အိမ်ရှင်အသင်းက ဒုတိယပိုင်းမှာ တိုက်စစ်ကို ပိုမိုအသားပေးကစားခဲ့ပေမယ့်လည်း သွင်းဂိုးက ရရှိဖို့ခက်ခဲနေသလို ပဲလေ့စ်ရဲ့ကောင်တာတိုက်စစ်တွေကိုတောင် ဒုတိယပိုင်းမှာ ပိုမိုမြင်တွေ့ခဲ့ရပြီး မန်စီးတီးခံစစ်ကိုလည်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကစားအားကျနေတဲ့ ဆေးဗားအစား ဂျေဆူးကို ထည့်သွင်းပြီး တိုက်စစ်မြင့်တင်ခဲ့ရာ ရ၂မိနစ်ခန့်မှာ ပဲလေ့စ်ဘက်က ဧရိယာအတွင်းမှာ လက်ထိမှုဖြစ်ခဲ့ပေမယ့် VAR ပြန်လည်စစ်ဆေးရာမှာတော့ လက်ထိဘောအဖြစ် မသတ်မှတ်ခံခဲ့ရလို့ မန်စီးတီးအတွက် နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် ၈၂မိနစ်မှာတော့ တစ်ပွဲလုံး လွဲချော်နေရတဲ့ အဂူရိုက ဂျေဆူးရဲ့ဖြတ်ပို့ပေးမှုကနေတစ်ဆင့် ချေပဂိုးကို အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး တိုက်စစ်အရှိန်ုပိုမြင့်လာခဲ့တဲ့ မန်စီးတီးအသင်းဟာ ၈၇မိနစ်မှာလည်း အဂူရိုခေါင်းတိုက်သွင်းဂိုးနဲ့ ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့ရပါတယ်။ မန်စီးတီးတို့ အနိုင်ရသွားတော့မယ့်ပွဲလို့ ယူဆရလုနီးပါးအထိ ဖြစ်ခဲ့ရပေမယ့်လည်း နာကျင်အချိန်ပိုမှာ ဇာဟာရဲ့တစ်ကိုယ်တော်မွှေနှောက်မှုကနေတစ်ဆင့် ဖာနန်ဒင်ဟိုနဲ့ထိပြီး ဂိုးဝင်သွားခဲ့ရလို့ ၂ဂိုးစီ သရေကျသွားခဲ့ရပါတယ်။