ပြီးခဲ့တဲ့တစ်ပတ်တုန်းက ရာသီဥတု ဆိုးရွှားမှုတွေရှိနေခဲ့လို့ ပွဲရွေ့ဆိုင်းလိုက်ရတဲ့ မန်စီးတီးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၂၆) လက်ကျန်ပွဲကို ဒီနေ့ည၂နာရီအချိန်မှာ ပြန်လည်ယှဉ်ကစားခဲ့ပြီး အိမ်ရှင်မန်စီးတီးအသင်းက တစ်ပွဲလုံးကို အသာစီးရယူကစားနိုင်ခဲ့ကာ ၂ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။
Photo Credit : Getty Images
၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့တဲ့ မန်စီးတီးအသင်းမှာ အဂူရို ဘာနာဒိုဆေးဗား ဂျေဆူး ဒီဘရိုင်း ရိုဒရီ ဒေးဗစ်ဆေးဗား လာပေါ့ အော်တာမန်ဒီ မန်ဒီ ဝေါ်ကာ အီဒါဆန်တို့ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည်ဝက်စ်ဟမ်းအသင်းဘက်မှာလည်း နိုဘယ် အန်တိုနီယို စနို့ဂရက်စ် ရိုက်စ် ခရက်စ်ဝဲလ် ဖာဘီယန်စကီးတို့လို အမာခံကစားသမားအစုံအလင် ပါဝင်လာခဲ့ပါတယ်။ ပထမအကျော့မှာ ဝက်စ်ဟမ်းကွင်းမှာ ဆုံတွေ့ခဲ့စဉ်ကတည်းက ဂိုးပြတ်နိုင်ပွဲရယူထားခဲ့တဲ့ မန်စီးတီးအသင်းဟာ အခုတစ်ကြိမ် အယ်တီဟတ်ကွင်းအတွင်း ပြန်လည်ဆုံတွေ့စဉ်မှာ ဝက်စ်ဟမ်းထက် အစစအရာရာ အသာစီးရယူကစားနိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်း မန်စီးတီးရဲ့အကျင့်အတိုင်း သွင်းဂိုးအခွင့်အရေးတွေများစွာကို အသုံးမချနိုင်ခဲ့ပဲ ပထမပိုင်းအတွင်းမှာတော့ ရိုဒရီရဲ့ခေါင်းတိုက်သွင်းဂိုးသာ ရရှိခဲ့ပါတယ်။
Photo Credit : Getty Images
ပထမပိုင်းအတွင်းမှာကတည်းက ဝက်စ်ဟမ်းအသင်းအပေါ် အပြည့်အဝ ဖိဖိစီးစီး ကစားထားနိုင်ခဲ့တဲ့ အိမ်ရှင်မန်စီးတီးအသင်းဟာ ဒုတိယပိုင်းအတွင်းမှာလည်း ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ကာ ၆၂မိနစ်မှာပဲ ကွင်းလယ်ကစားသမား ဒီဘရိုင််းကို မန်စီးတီးအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကိုရယူခဲ့ပြီး ဒီရလဒ်ကိုပဲ ပွဲပြီးတဲ့အထိ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် ရမှတ်၅၄မှတ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့်၂နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။