ပြီးခဲ့တဲ့ စနေနေ့တုန်းက ကစားခဲ့ရတဲ့ ပရီးမီယားလိဂ်ပွဲစဉ်မှာ အိမ်ကွင်းအယ်တီဟတ်အတွင်း ခရစ္စတယ်ပဲလေ့စ်အသင်းကို တစ်ဖက်၂ဂိုးစီ သရေကျခဲ့ရတဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ ဒီရာသီ တန်းတတ်အသင်းတွေထဲမှာ ခြေအစွာဆုံးအသင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပြီး အဂူရိုရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit : Getty Images

ဧည့်သည်မန်စီးတီးအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်တဲ့ နောက်ခံကစားသမား လာပေါ့တ်ကို ပွဲထွက်လူစာရင်းမှာ ပြနလည်အသုံးပြုလာခဲ့ပြီး အဂူရိုကိုတော့ ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ကာ ဂျေဆူးကိုသာ အသုံးပြုခဲ့ပါတယ်။ ၄-၃-၃ ကစားကွက်ကိုပဲ ဆက်လက်သုံးစွဲလာခဲ့တဲ့ မန်စီးတီးဟာ ဂျေဆူး စတာလင်း မာရက်ဇ် ရိုဒရီ ဖာနန်ဒင်ဟို ဒီဘရိုင်း အော်တာမန်ဒီ ဇင်ချန်ကို ကိုင်လီဝေါ်တာ အော်တာမန်ဒီ အီဒါဆန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာတော့ မန်စီးတီးက အစစအရာရာ ရှက်ဖီးအသင်းထက် သာလွန်ခဲ့ပေမယ့်လည်း ရှက်ဖီးဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့လက်စွမ်းပြမှုကြောင့် သွင်းဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ စတာလင်ရဲ့အနီးကပ်ကန်ချက် အော်တာမန်ဒီရဲ့ Volley ကန်ချက်အပါအဝင် ၃၆မိနစ်မှာ ရရှိခဲ့တဲ့ ဂျေဆူးရဲ့ပင်နယ်တီကန်ချက်တွေကိုပါ ဟန်ဒါဆန်က ဆက်တိုက်ကာကွယ်နိုင်ခဲ့ပါတယ်။ ရှက်ဖီးရဲ့တန့်ပြန်တိုက်စစ်တွေက အလုပ်မဖြစ်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းကတော့ မန်စီးတီးတိုက်စစ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းကို ရောက်ရှိလာချိန်မှာလည်း မန်စီးတီးအသင်းကနေသာ တိုက်စစ်ဆင်မှုတွေကို တောက်လျှောက်ပြုလုပ်လာခဲ့ပြီး ဖိအားတွေပေးနေခဲ့ပေမယ့်လည်း လိုအပ်နေတဲ့ သွင်းဂိုးကို မရနိုင်သေးတာကြောင့် ၆၈မိနစ်မှာ ဂျေဆူးအစား အဂူရိုကို ထည့်သွင်းလာခဲ့ရပါတယ်။ လူစားဝင်လာပြီး ၅မိနစ်အကြာမှာပဲ အဂူရိုက မန်စီးတီးအသင်းအတွက် လိုအပ်နေတဲ့ အဖွင့်ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးရပြီးနောက်ပိုင်း မန်စီးတီးကပဲ တိုက်စစ်ဆင်မှုတွေကို ဆက်လက်ပြုလုပ်ရင်းနဲ့ ဂိုးတော့မရခဲ့လို့ တစ်လုံးတည်းပဲ အနိုင်ရသွားခဲ့ပါတယ်။

(Zawgyi)

ကယ္တင္ရွင္အဂူရုိရဲ႕ တစ္လုံးတည္းေသာဂုိးနဲ႔ ႏိုင္ပြဲျပန္လည္ရွာေဖြႏုိင္ခဲ႔တဲ႔ မန္စီးတီး

ၿပီးခဲ႔တဲ႔ စေနေန႔တုန္းက ကစားခဲ႔ရတဲ႔ ပရီးမီယားလိဂ္ပြဲစဥ္မွာ အိမ္ကြင္းအယ္တီဟတ္အတြင္း ခရစၥတယ္ပဲေလ့စ္အသင္းကုိ တစ္ဖက္၂ဂုိးစီ သေရက်ခဲ႔ရတဲ႔ ပရီးမီးယားလိဂ္ရဲ႕ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းကေတာ့ ဒီရာသီ တန္းတတ္အသင္းေတြထဲမွာ ေျခအစြာဆုံးအသင္းျဖစ္တဲ႔ ရွက္ဖီးယူႏုိက္တက္အသင္းနဲ႔ အေဝးကြင္းမွာ ရင္ဆုိင္ကစားခဲ႔ရၿပီး အဂူရုိရဲ႕တစ္လုံးတည္းေသာသြင္းဂုိးနဲ႔ အႏုိင္ရရွိခဲ႔ပါတယ္။

Photo Credit : Getty Images

ဧည့္သည္မန္စီးတီးအသင္းကေတာ့ ဒီေန႔ပြဲစဥ္မွာ ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့ၿပီျဖစ္တဲ႔ ေနာက္ခံကစားသမား လာေပါ့တ္ကုိ ပြဲထြက္လူစာရင္းမွာ ျပနလည္အသုံးျပဳလာခဲ့ၿပီး အဂူရုိကုိေတာ့ ပြဲထြက္စာရင္းကေန ခ်န္လွပ္ခဲ႔ကာ ေဂ်ဆူးကုိသာ အသုံးျပဳခဲ႔ပါတယ္။ ၄-၃-၃ ကစားကြက္ကုိပဲ ဆက္လက္သုံးစြဲလာခဲ႔တဲ႔ မန္စီးတီးဟာ ေဂ်ဆူး စတာလင္း မာရက္ဇ္ ရုိဒရီ ဖာနန္ဒင္ဟုိ ဒီဘရုိင္း ေအာ္တာမန္ဒီ ဇင္ခ်န္ကုိ ကုိင္လီေဝၚတာ ေအာ္တာမန္ဒီ အီဒါဆန္တုိ႔နဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ပထမပုိင္း ပြဲကစားခ်ိန္အတြင္းမွာေတာ့ မန္စီးတီးက အစစအရာရာ ရွက္ဖီးအသင္းထက္ သာလြန္ခဲ႔ေပမယ့္လည္း ရွက္ဖီးဂုိးသမား ဒင္းဟန္ဒါဆန္ရဲ႕လက္စြမ္းျပမႈေၾကာင့္ သြင္းဂုိးရဖုိ႔ ရုန္းကန္ခဲ႔ရပါတယ္။ စတာလင္ရဲ႕အနီးကပ္ကန္ခ်က္ ေအာ္တာမန္ဒီရဲ႕ Volley ကန္ခ်က္အပါအဝင္ ၃၆မိနစ္မွာ ရရွိခဲ႔တဲ႔ ေဂ်ဆူးရဲ႕ပင္နယ္တီကန္ခ်က္ေတြကိုပါ ဟန္ဒါဆန္က ဆက္တုိက္ကာကြယ္ႏုိင္ခဲ႔ပါတယ္။ ရွက္ဖီးရဲ႕တန္႔ျပန္တုိက္စစ္ေတြက အလုပ္မျဖစ္ခဲ႔ေပမယ့္လည္း ခံစစ္ပုိင္းကေတာ့ မန္စီးတီးတုိက္စစ္ကုိ အျပည့္အဝ ထိန္းခ်ဳပ္ႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းကုိ ေရာက္ရွိလာခ်ိန္မွာလည္း မန္စီးတီးအသင္းကေနသာ တုိက္စစ္ဆင္မႈေတြကုိ ေတာက္ေလွ်ာက္ျပဳလုပ္လာခဲ႔ၿပီး ဖိအားေတြေပးေနခဲ႔ေပမယ့္လည္း လုိအပ္ေနတဲ႔ သြင္းဂုိးကုိ မရႏုိင္ေသးတာေၾကာင့္ ၆၈မိနစ္မွာ ေဂ်ဆူးအစား အဂူရုိကုိ ထည့္သြင္းလာခဲ႔ရပါတယ္။ လူစားဝင္လာၿပီး ၅မိနစ္အၾကာမွာပဲ အဂူရုိက မန္စီးတီးအသင္းအတြက္ လုိအပ္ေနတဲ႔ အဖြင့္ဂုိးကုိ စတင္သြင္းယူေပးႏုိင္ခဲ႔ပါတယ္။ ဦးေဆာင္ဂုိးရၿပီးေနာက္ပုိင္း မန္စီးတီးကပဲ တုိက္စစ္ဆင္မႈေတြကုိ ဆက္လက္ျပဳလုပ္ရင္းနဲ႔ ဂုိးေတာ့မရခဲ႔လုိ႔ တစ္လုံးတည္းပဲ အႏုိင္ရသြားခဲ႔ပါတယ္။