ၿပီးခဲ႔တဲ႔ ဒီဇင္ဘာလတုန္းက အယ္တီဟတ္ကြင္းမွာ ပရီးမီးယားလိဂ္ပြဲစဥ္(၁၆)အျဖစ္ ဆုံေတြ႕ထားခဲ႔ၾကတဲ႔ မန္ခ်က္စတာဒါဘီအသင္းႏွစ္သင္းကေတာ့ ဒီကေန႔မွာ လိဂ္ဖလားၿပိဳင္နယ္ ဆီမီးဖုိင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕အိမ္ကြင္း အုိးထရက္ဖုိဒ့္မွာ တေက်ာ့ျပန္ ျပန္လည္ရင္ဆုိင္ခဲ႔ရၿပီး ပရီးမီးယားလိဂ္ပြဲတုန္းကနဲ႔မတူေတာ့ပဲ မန္စီးတီးအသင္းက ၁ဂုိး၃ဂုိးနဲ႔ အႏုိင္ယူခဲ့ၿပီး ဖုိင္နယ္ကုိ တတ္ေရာက္ဖုိ႔ အေျခအေနေကာင္းသြားခဲ႔ပါတယ္။

Photo Credit : Getty Images

အိမ္ရွင္ယူႏုိက္တက္အသင္းက ဒီေန႔ပြဲမွာ ၄-၂-၃-၁ ကစားကြက္ကုိ အသုံးျပဳလာခဲ႔ၿပီး မက္ဂြိဳင္းယား ဒဏ္ရာရေနလုိ႔ ဖီးလ္ဂ်ံဳးကုိ လင္ဒီေလာ့ ဝမ္ဘစ္ဆာ ဝီလီယံစ္တုိ႔နဲ႔ တြဲဖက္အသုံးျပဳခဲ႔သလုိ ကြင္းလယ္ပုိင္းမွာလည္း ပရဲရားနဲ႔ဖရက္ဒ္ ဘရာဇီးအတြဲကုိ ပြဲထြက္ေစပါတယ္။ တုိက္စစ္မွာေတာ့ လင္ဂတ္ ရပ္ဖုိဒ့္ ဂ်ိမ္းစ္နဲ႔ ဂရင္းဝုဒ္ကုိ အေထာင္တုိက္စစ္မွာ ထားရွိကာ ဂုိးသမားအျဖစ္ ဒီဂီယာကုိ အသုံးျပဳလာခဲ႔ပါတယ္။ ဧည့္သည္မန္စီးတီးကေတာ့ ၄-၃-၃ ကစားကြက္ကုိ အသုံးျပဳလာၿပီး အေထာင္တုိက္စစ္မွဴးစစ္စစ္ လုံးဝမသုံးပဲ စတာလင္ကုိ အေထာင္ထားကာ ေဘးက မာရက္ဇ္နဲ႔ ဘာနာဒုိေဆးဗားကုိသုံးၿပီး ရုိဒရီ ဂန္ဒုိဂန္ ဒီဘရုိင္းတုိ႔ ကြင္းလယ္၃ေယာက္တန္ ေဝၚကာ ဖာနန္ဒင္ဟုိ ေအာ္တာမန္ဒီ မန္ဒီကုိ ခံစစ္တန္းနဲ႔ ဂုိးသမားအျဖစ္ ဘရာဗုိတုိ႔ကုိ ပြဲထြက္ေစခဲ႔ပါတယ္။ ပထမပုိင္းပြဲခ်ိန္ေတြအတြင္း လိဂ္ဖလားရဲ႕လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းက ယူႏုိက္တက္ကုိ အျပတ္အသတ္ အသာရခဲ႔ၿပီး ယူႏုိက္တက္ကြင္းလယ္နဲ႔ခံစစ္ ဟာကြက္ေတြေၾကာင့္ပဲ မန္စီးတီးတုိ႔ ပထမပုိင္းမွာ ဂုိးျပတ္ခဲ႔ရတာျဖစ္ပါတယ္။ အဖြင့္ဂုိးကုိ ၁၇မိနစ္မွာ ဘာနာဒုိေဆးဗားက ဘယ္ေျခနဲ႔ လွလွပပသြင္းယူခဲ႔ၿပီး ၃၃မိနစ္မွာလည္း သူကုိယ္တုိင္ ဖန္တီးေပးခဲ့တာကုိ လင္ဒီေလာ့ မတားဆီးႏုိင္ခဲ႔လုိ႔ မာရက္ဇ္က ဒုတိယဂုိးအျဖစ္ ထပ္မံသြင္းယူႏုိင္ခဲ့ပါတယ္။ တတိယဂုိးကေတာ့ ၃၉မိနစ္မွာ ခြင့္ျပဳခဲ႔ရတာျဖစ္ၿပီး ဒီဘရုိင္းရဲ႕ကန္ခ်က္ ဒီဂီယာကာကြယ္ခဲ႔ရာကေန ျပန္ထြက္လာရင္း ပါရဲရားနဲ႔ထိကာ ဂုိးထည့္ဝင္သြားခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ လင္ဂတ္ကုိထုတ္ၿပီး မာတစ္ကုိ ထည့္သြင္းခဲ႔တဲ႔ ယူႏုိက္တက္အသင္းရဲ႕ကြင္လယ္ကစားဟန္က ပထမပုိင္းကထက္ ပုိေကာင္းလာခဲ႔ေပမယ့္ တုိက္စစ္ကေတာ့ ထူးမျခားနားျဖစ္ေနလုိ႔ ဒန္နီရယ္ဂ်ိမ္းစ္ေနရာ အိန္ဂ်ယ္ဂုိးမက္စ္ကုိ ထည့္သြင္းလာရာ ေခ်ပဂုိးက သူရဲ႕ေဘာလုံးဖ်က္ထုတ္မႈကေနစတင္ခဲ႔ၿပီး ရပ္ဖုိဒ့္က အဆုံးသတ္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ဒါေပမယ့္ မန္စီးတီးအသင္းကပဲ သူတုိ႔ရဲ႕အႏုိင္ရလဒ္ကုိ ဆက္လက္ထိန္းသိမ္းကစားႏုိင္ခဲ႔တာေၾကာင့္ ယူႏုိက္တက္တို႔ ေခ်ပဂုိးထပ္မရေတာ့ပဲ အိမ္ကြင္းမွာ ၁ဂုိး၃ဂုိးနဲ႔ကုိ အေရးနိမ့္ခဲ႔ရပါတယ္။

(Unicode)

လိဂ်ဖလားပွဲစဉ်မှာ ပရီးမီးယားလိဂ်ရှံးကြွေးကို ပြန်လည်ဆပ်နိုင်ခဲ့တဲ့ မန်စီးတီး

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အယ်တီဟတ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)အဖြစ် ဆုံတွေ့ထားခဲ့ကြတဲ့ မန်ချက်စတာဒါဘီအသင်းနှစ်သင်းကတော့ ဒီကနေ့မှာ လိဂ်ဖလားပြိုင်နယ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ တကျော့ပြန် ပြန်လည်ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်ပွဲတုန်းကနဲ့မတူတော့ပဲ မန်စီးတီးအသင်းက ၁ဂိုး၃ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဖိုင်နယ်ကို တတ်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ယူနိုက်တက်အသင်းက ဒီနေ့ပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုလာခဲ့ပြီး မက်ဂွိုင်းယား ဒဏ်ရာရနေလို့ ဖီးလ်ဂျုံးကို လင်ဒီလော့ ဝမ်ဘစ်ဆာ ဝီလီယံစ်တို့နဲ့ တွဲဖက်အသုံးပြုခဲ့သလို ကွင်းလယ်ပိုင်းမှာလည်း ပရဲရားနဲ့ဖရက်ဒ် ဘရာဇီးအတွဲကို ပွဲထွက်စေပါတယ်။ တိုက်စစ်မှာတော့ လင်ဂတ် ရပ်ဖိုဒ့် ဂျိမ်းစ်နဲ့ ဂရင်းဝုဒ်ကို အထောင်တိုက်စစ်မှာ ထားရှိကာ ဂိုးသမားအဖြစ် ဒီဂီယာကို အသုံးပြုလာခဲ့ပါတယ်။ ဧည့်သည်မန်စီးတီးကတော့ ၄-၃-၃ ကစားကွက်ကို အသုံးပြုလာပြီး အထောင်တိုက်စစ်မှူးစစ်စစ် လုံးဝမသုံးပဲ စတာလင်ကို အထောင်ထားကာ ဘေးက မာရက်ဇ်နဲ့ ဘာနာဒိုဆေးဗားကိုသုံးပြီး ရိုဒရီ ဂန်ဒိုဂန် ဒီဘရိုင်းတို့ ကွင်းလယ်၃ယောက်တန် ဝေါ်ကာ ဖာနန်ဒင်ဟို အော်တာမန်ဒီ မန်ဒီကို ခံစစ်တန်းနဲ့ ဂိုးသမားအဖြစ် ဘရာဗိုတို့ကို ပွဲထွက်စေခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်တွေအတွင်း လိဂ်ဖလားရဲ့လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ယူနိုက်တက်ကို အပြတ်အသတ် အသာရခဲ့ပြီး ယူနိုက်တက်ကွင်းလယ်နဲ့ခံစစ် ဟာကွက်တွေကြောင့်ပဲ မန်စီးတီးတို့ ပထမပိုင်းမှာ ဂိုးပြတ်ခဲ့ရတာဖြစ်ပါတယ်။ အဖွင့်ဂိုးကို ၁၇မိနစ်မှာ ဘာနာဒိုဆေးဗားက ဘယ်ခြေနဲ့ လှလှပပသွင်းယူခဲ့ပြီး ၃၃မိနစ်မှာလည်း သူကိုယ်တိုင် ဖန်တီးပေးခဲ့တာကို လင်ဒီလော့ မတားဆီးနိုင်ခဲ့လို့ မာရက်ဇ်က ဒုတိယဂိုးအဖြစ် ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ တတိယဂိုးကတော့ ၃၉မိနစ်မှာ ခွင့်ပြုခဲ့ရတာဖြစ်ပြီး ဒီဘရိုင်းရဲ့ကန်ချက် ဒီဂီယာကာကွယ်ခဲ့ရာကနေ ပြန်ထွက်လာရင်း ပါရဲရားနဲ့ထိကာ ဂိုးထည့်ဝင်သွားခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ လင်ဂတ်ကိုထုတ်ပြီး မာတစ်ကို ထည့်သွင်းခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ကွင်လယ်ကစားဟန်က ပထမပိုင်းကထက် ပိုကောင်းလာခဲ့ပေမယ့် တိုက်စစ်ကတော့ ထူးမခြားနားဖြစ်နေလို့ ဒန်နီရယ်ဂျိမ်းစ်နေရာ အိန်ဂျယ်ဂိုးမက်စ်ကို ထည့်သွင်းလာရာ ချေပဂိုးက သူရဲ့ဘောလုံးဖျက်ထုတ်မှုကနေစတင်ခဲ့ပြီး ရပ်ဖိုဒ့်က အဆုံးသတ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းကပဲ သူတို့ရဲ့အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းကစားနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ချေပဂိုးထပ်မရတော့ပဲ အိမ်ကွင်းမှာ ၁ဂိုး၃ဂိုးနဲ့ကို အရေးနိမ့်ခဲ့ရပါတယ်။