ၿပီးခဲ့တဲ႔လက္က်န္ရာသီဝက္မွာ ပုံမွန္ေျခစြမ္းျပဖုိ႔ ရုန္းကန္ခဲ႔ရၿပီး ရွုံးပြဲက ၅ပြဲအထိေတာင္ ရွိခဲ႔ရတဲ႔ ပရီးမီးယားလိဂ္ရဲ႕လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းကေတာ့ နည္းျပသစ္ အန္စေလာ့တီလက္ေအာက္မွာ ရလဒ္ေတြ ျပန္လည္ေကာင္းမြန္လုိ႔ေနတဲ႔ အဲဗာတန္အသင္းနဲ႔ အိမ္ကြင္းအယ္တီဟတ္မွာ ဧည္ခံကစားခဲ႔ၿပီး အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ရာကာ ေဂ်ဆူးရဲ႕သြင္းဂုိးေတြနဲ႔ မန္စီးတီးက ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ရသြားခဲ႔ပါတယ္။

အိမ္ရွင္မန္စီးတီးအသင္းက ၃-၄-၂-၁ ကစားကြက္ကုိ အသုံးျပဳလာခဲ႔ၿပီး အဂူရုိ စတာလင္း ဘာနာဒုိေဆးဗားတုိ႔လုိ အဓိက ကစားသမားေတြကုိ ထုတ္သုံးလာခဲ႔ျခင္းမရွိပဲ ေဂ်ဆူး မာရက္ဇ္ ဖုိဒန္ ရုိဒရီ ဒီဘရုိင္း ဂန္ဒုိဂန္ ကန္ဆယ္လုိ ဂါဆီယာ ဖာနန္ဒင္ဟုိ မန္ဒီ ဘရာဗုိတုိ႔ကုိ အသုံးျပဳလာခဲ႔ပါတယ္။ တစ္ဖက္က အဲဗာတန္မွာလည္း ရစ္ခ်ာလီဆန္ လူဝင္ ဆီဂတ္ဒ္ဆန္ ဒစ္ဂ္ေနး ဟုိးဂိတ္ မီနာတုိ႔လုိ အဓိက ကစားသမားေတြ အစုံအလင္ ပါဝင္လာခဲ႔ပါတယ္။ အဓိက ကစားသမားေတြမ်ားစြာကုိ အနားေပးထားခဲ႔တဲ႔ မန္စီးတီးအသင္းဟာ ပထမပုိင္းမွာ ဧည့္သည္အသင္းဘက္ကုိ ပြဲခ်ိန္ျပည့္ဖိအားေပးႏုိင္ခဲ႔ေပမယ့္ လုိအပ္ေနတဲ႔ သြင္းဂုိးကုိရရွိႏုိင္ဖုိ႔ ရုန္းကန္ခဲ့ရသလုိ အဲဗာတန္ခံစစ္ကလည္း ပုံစံေကာင္းတစ္ခု ျပသႏုိင္လုိ႔ မန္စီးတီးတုိ႔ အခက္ေတြ႕ေစခဲ႔ရပါတယ္။ ဒါ့အျပင္ ၁၂မိနစ္မွာ ကြင္းလယ္ကစားသမားေလး ဖုိဒန္ေၾကာင့္ ပုိင္ဆုိင္လုိက္ရတဲ့ အဖြင့္ဂုိးကုိ VAR နဲ႔ ျပန္လည္စစ္ေဆးရာမွာ ဒီဂုိးအတြင္း ပါဝင္ပတ္သက္ေနတဲ႔ မာရက္ဇ္က လူကြ်ံေနတယ္ဆုိၿပီး ပယ္ဖ်က္ခဲ႔လုိ႔ မန္စီးတီးအတြက္ ထိခုိက္နစ္နာေစခဲ႔ရပါတယ္။ ဧည့္သည္အဲဗာတန္ကေတာ့ ပြဲအစပုိင္းေလာက္ ရရွိခဲ႔တဲ႔ ဂုိးေပါက္ၿခိမ္းေျခာက္မႈတစ္ႀကိမ္ပဲ ျပဳလုပ္ႏုိင္ခဲ႔ၿပီး က်န္တဲ႔ပြဲစဥ္ေတြအတြင္း ခံစစ္မွာပဲ အခ်ိန္ကုန္ေနခဲ႔ရပါတယ္။

ဒုတိယပုိင္းျပန္လည္စတင္ခ်ိန္မွာ အေျပာင္းအလဲေတြနဲ႔ တုိက္စစ္ပုိင္း ျမင့္တင္လာဖြယ္ရွိတယ္လုိ႔ ယူဆရတဲ႔ မန္စီးတီးအသင္းက ဘာအေျပာင္းအလဲမလုပ္ခဲ႔ပဲ ဒုတိယပုိင္းစၿပီး မိနစ္အနည္းငယ္အတြင္းမွာပဲ မန္စီးတီးက ၂ဂုိးျပတ္နဲ႔ကုိ ဦးေဆာင္ႏိုင္ခဲ႔ပါတယ္။ အဖြင့္ဂုိးကုိ ၅၁မိနစ္မွာ ေဂ်ဆူးက ဂန္ဒုိဂန္ရဲ႕ဖန္တီးမႈကေန သြင္းယူခဲ႔တာျဖစ္ၿပီး ေနာက္တစ္ဂုိးကုိလည္း ေဂ်ဆူးကပဲ ၅၈မိနစ္မွာ ဆက္တုိက္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ၂ဂုိးျပတ္ရွံးေနရတဲ႔အခ်ိန္မွာ အဲဗာတန္က ဝဲလ္ေကာ့နဲ မိြဳက္ကင္းတုိ႔ကုိ ထည့္သြင္းလာၿပီး တုိက္စစ္ပုံစံတစ္မ်ိဳးေျပာင္းလဲလာခဲ႔တာေၾကာင့္ ၇၁မိနစ္မွာပဲ အဲဗာတန္တုိ႔ ေခ်ပဂုိးျပန္ရခဲ႔ကာ ရစ္ခ်ာလီဆန္က သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ မန္စီးတီးကပဲ ရလဒ္ကုိ အေကာင္းဆုံးထိန္းကစားခဲ႔ၿပီး ႏွစ္သစ္မွာ ရလဒ္ေကာင္းတစ္ခုကုိ ပုိင္ဆုိင္ႏုိင္ခဲ့ရပါတယ္။

(Unicode)

ဘရာဇီးသားလေးရဲ့ သွင်းဂိုးတွေနဲ့ နှစ်သစ်မှာ ရမှတ်အပြည့်ပိုင်ဆိုင်ခဲ့တဲ့ မန်စီးတီး

ပြီးခဲ့တဲ့လက်ကျန်ရာသီဝက်မှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ရှုံးပွဲက ၅ပွဲအထိတောင် ရှိခဲ့ရတဲ့ ပရီးမီးယားလိဂ်ရဲ့လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ နည်းပြသစ် အန်စလော့တီလက်အောက်မှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လို့နေတဲ့ အဲဗာတန်အသင်းနဲ့ အိမ်ကွင်းအယ်တီဟတ်မှာ ဧည်ခံကစားခဲ့ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာကာ ဂျေဆူးရဲ့သွင်းဂိုးတွေနဲ့ မန်စီးတီးက ၂ဂိုး၁ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အိမ်ရှင်မန်စီးတီးအသင်းက ၃-၄-၂-၁ ကစားကွက်ကို အသုံးပြုလာခဲ့ပြီး အဂူရို စတာလင်း ဘာနာဒိုဆေးဗားတို့လို အဓိက ကစားသမားတွေကို ထုတ်သုံးလာခဲ့ခြင်းမရှိပဲ ဂျေဆူး မာရက်ဇ် ဖိုဒန် ရိုဒရီ ဒီဘရိုင်း ဂန်ဒိုဂန် ကန်ဆယ်လို ဂါဆီယာ ဖာနန်ဒင်ဟို မန်ဒီ ဘရာဗိုတို့ကို အသုံးပြုလာခဲ့ပါတယ်။ တစ်ဖက်က အဲဗာတန်မှာလည်း ရစ်ချာလီဆန် လူဝင် ဆီဂတ်ဒ်ဆန် ဒစ်ဂ်နေး ဟိုးဂိတ် မီနာတို့လို အဓိက ကစားသမားတွေ အစုံအလင် ပါဝင်လာခဲ့ပါတယ်။ အဓိက ကစားသမားတွေများစွာကို အနားပေးထားခဲ့တဲ့ မန်စီးတီးအသင်းဟာ ပထမပိုင်းမှာ ဧည့်သည်အသင်းဘက်ကို ပွဲချိန်ပြည့်ဖိအားပေးနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးကိုရရှိနိုင်ဖို့ ရုန်းကန်ခဲ့ရသလို အဲဗာတန်ခံစစ်ကလည်း ပုံစံကောင်းတစ်ခု ပြသနိုင်လို့ မန်စီးတီးတို့ အခက်တွေ့စေခဲ့ရပါတယ်။ ဒါ့အပြင် ၁၂မိနစ်မှာ ကွင်းလယ်ကစားသမားလေး ဖိုဒန်ကြောင့် ပိုင်ဆိုင်လိုက်ရတဲ့ အဖွင့်ဂိုးကို VAR နဲ့ ပြန်လည်စစ်ဆေးရာမှာ ဒီဂိုးအတွင်း ပါဝင်ပတ်သက်နေတဲ့ မာရက်ဇ်က လူကျွံနေတယ်ဆိုပြီး ပယ်ဖျက်ခဲ့လို့ မန်စီးတီးအတွက် ထိခိုက်နစ်နာစေခဲ့ရပါတယ်။ ဧည့်သည်အဲဗာတန်ကတော့ ပွဲအစပိုင်းလောက် ရရှိခဲ့တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတစ်ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပြီး ကျန်တဲ့ပွဲစဉ်တွေအတွင်း ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ရပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ အပြောင်းအလဲတွေနဲ့ တိုက်စစ်ပိုင်း မြင့်တင်လာဖွယ်ရှိတယ်လို့ ယူဆရတဲ့ မန်စီးတီးအသင်းက ဘာအပြောင်းအလဲမလုပ်ခဲ့ပဲ ဒုတိယပိုင်းစပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ မန်စီးတီးက ၂ဂိုးပြတ်နဲ့ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကို ၅၁မိနစ်မှာ ဂျေဆူးက ဂန်ဒိုဂန်ရဲ့ဖန်တီးမှုကနေ သွင်းယူခဲ့တာဖြစ်ပြီး နောက်တစ်ဂိုးကိုလည်း ဂျေဆူးကပဲ ၅၈မိနစ်မှာ ဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ၂ဂိုးပြတ်ရှံးနေရတဲ့အချိန်မှာ အဲဗာတန်က ဝဲလ်ကော့နဲ မွိုက်ကင်းတို့ကို ထည့်သွင်းလာပြီး တိုက်စစ်ပုံစံတစ်မျိုးပြောင်းလဲလာခဲ့တာကြောင့် ရ၁မိနစ်မှာပဲ အဲဗာတန်တို့ ချေပဂိုးပြန်ရခဲ့ကာ ရစ်ချာလီဆန်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးကပဲ ရလဒ်ကို အကောင်းဆုံးထိန်းကစားခဲ့ပြီး နှစ်သစ်မှာ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။