ပြီးခဲ့တဲ့ပွဲစဉ်တုန်းက နယူးကာဆဲလ်ကို (၅)ဂိုးအထိ အပြတ်အသတ် သွင်းယူထားခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီနေ့ညမှာလည်း ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ပြီး သက်တောင့်သက်သာနဲ့ ကစားခဲ့ရကာ အိမ်ရှင်ဘရိုက်တန်ကို (၅)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

၄-၃-၃ ကစားကွက်ကို အသုံးပြုလာတဲ့ မန်စီးတီးအသင်းဘက်မှာ ဂျေဆူး စတာလင်း မာရက်ဇ် ဒီဘရိုင်း ရိုဒရီ ဘာနာဒိုဆေးဗား မန်ဒီ လာပေါ့တ် ဂါဆီယာ ဝေါ်ကာနဲ့ အီဒါဆန်တို့ ပါဝင်လာခဲ့သလို အိမ်ရှင်ဘရိုက်တန်အသင်းမှာလည်း ကော်နယ်လီ ပါစကယ်ခရော့ခ် မွိင်း ပရောပါး ဘစ်ဆူးမား တရောဆက်စ် မွန်တိုယာ ဝက်စ်စတာ ဒန့် ဘာနာဒိုနဲ့ ရိုင်ယန်တို့ ပါဝင်ခဲ့ပါတယ်။ ပထမပိုင်း (၄၅)မိနစ်အတွင်းမှာပဲ မန်စီးတီးတို့က တိုက်စစ်ကိုပဲ ပုံဖော်ကစားခဲ့ရာ ဂိုးကန်ချက်(၁၅)ကြိမ်ထိတောင် ရရှိခဲ့ပေမယ့် (၃)ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ရပါတယ်။ အဲ့ဒီ(၃)ကြိမ် ဂိုးပေါက်တည့်မတ်မှုကနေ သွင်းဂိုး(၂)ဂိုးကို ပိုင်ဆိုင်ခဲ့ပြီး စတာလင်းနဲ့ ဂျေဆူးတို့က သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

 

Photo Credit : Getty Image

မန်စီးတီးက ဘရိုက်တန်နဲ့တွေ့ဆုံတိုင်းလိုလိုမှာ သွင်းဂိုးတွေများစွာကို သွင်းယူနိုင်တယ်ဆိုပေမယ့် အခုတခေါက်က ဘရိုက်တန်နဲ့ ရင်ဆိုင်နေရတာ ယခင်အခေါက်တွေကထက်ကို ပိုမိုလွယ်ကူနေပြီး ဒုတိယပိုင်းမှာလည်း သွင်းဂိုးတွေ ဆက်လက်ရယူနိုင်ခဲ့ပါသေးတယ်။ (၅၃)မိနစ််မှာ စတာလင်းက တတိယဂိုးနဲ့ (၄)မိနစ်အကြာမှာ ဘာနာဒိုဆေးဗားက စတုတ္ထဂိုးတို့ကို အသီးသီး သွင်းယူခဲ့ပါတယ်။ စတာလင်းကလည်း (၈၁)မိနစ်မှာ ထူးထူးခြားခြားပုံစံနဲ့ သူရဲ့ဟက်ထရစ်မြောက်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။