ဒီနေ့ မတ်လ၁ရက်နေ့မှာတော့ အင်္ဂလန်ဘောလုံးလောကရဲ့ ရှံးထွက်ဖလားတစ်ခုဖြစ်တဲ့ လိဂ်ဖလား (EFL Cup) ခါရာဘောင်းဖလားဗိုလ်လုပွဲကို ဝင်ဘာလေကွင်းကြီးအတွင်းမှာ ဆင်နွဲတော့မှာဖြစ်ပြီး လိဂ်ဖလားပြိုင်ပွဲရဲ့လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ လိဂ်ဖလားကို စတင်ကျင်းပတဲ့နှစ်မှာ ပထမဆုံးချန်ပီယံဖြစ်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ကာ မန်စီးတီးအသင်းကပဲ ၂ဂိုး၁ဂိုးနဲ့ အနိုင်ယူပြီး လိဂ်ဖလားကို ၃နှစ်ဆက်တိုက် ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

လိဂ်ဖလားရဲ့၂နှစ်ဆက် ချန်ပီယံအသင်းဖြစ်တဲ့ မန်စီးတီးကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာတုန်းက ပွဲထွက်လူစာရင်းအတွင်း မပါဝင်နိုင်ခဲ့တဲ့ ကစားသမားအများအပြားနဲ့ ပွဲထုတ်လာခဲ့ပြီး အော်တာမန်ဒီ မာရက်ဇ် ဒီဘရိုင်း မန်ဒီ အီဒါဆန်အစရှိတဲ့ ကစားသမားတွေကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ မန်စီးတီးဟာ ၄-၃-၃ ကစားကွက်မသုံးထားပဲ ၄-၂-၃-၁ ပုံစံနဲ့သာ အသုံးပြုလာခဲ့ပြီး အဂူရို ဖိုဒန် ဒေးဗစ်ဆေးဗား စတာလင်း ဂန်ဒိုဂန် ရိုဒရီ စတုန်းစ် ဝေါ်ကာ ဖာနန်ဒင်ဟို ဇင်ချန်ကို ဘရာဗိုတို့ကို အသုံးပြုခဲ့ပါတယ်။ ဗိုလ်လုပွဲကို တတ်လှမ်းလာနိုင်ခဲ့တဲ့ ဗီလာကလည်း ဆမန်သာ ဂါရီးလစ် အယ်မိုဟာမန်ဒီ ဂါဟာဇီ ဒေါက်ကလပ်လုဇ် နာကန်ဘာ တိုင်ရုန်းမန်းစ် တားဂတ် အန်ဂျယ်စ် အစရှိတဲ့ ကစားသမားတွေနဲ့ မန်စီးတီးကို ပြန်လည်ရင်ဆိုင်သွားခဲ့ပါတယ်။ ပွဲစစပိုင်းမှာတော့ ဗီလာက သူတို့အသင်းရဲ့ထုံးစံအတိုင်း ဖိအားပေးခဲ့ပေမယ့် ထိရောက်မှုလည်းမရှိသလို အချိန်က ၁၀မိနစ်လောက် ကြာသွားပြီးနောက်မှာ မန်စီးတီးရဲ့စိတ်ကြိုက်ကစားခွင့် ရောက်သွားခဲ့ကာ ၄၅မိန်အတွင်း ၂ကြိမ်ဂိုးပေါက်တည့်မတ်ခဲ့ရာကနေ ၂ဂိုးရရှိခဲ့ပါတယ်။ အဂူရိုနဲ့ ရိုဒရီတို့ကနေ သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီး စတုန်းစ်ရဲ့ဟန်ချက်ပျက်ရှင်းထုတ်မှုကနေ ဂါရီးလစ်ရှ် ဘောလုံးရသွားလို့ ဖြတ်တင်ပေးရာ Marking လွတ်နေတဲ့ ဆမန်သာခေါင်းတိုက်ပြီး ချေပပေးနိုင်ခဲ့ပါတယ်။

ဒီချေပဂိုးကြောင့် ဒုတိယပိုင်းများ ဗီလာတို့ ပြန်လာနိုင်မလားလို့ တွက်ဆခဲ့ပေမယ့်လည်း တွက်ဆမှုက လွဲချော်ခဲ့ရပြီး ပွဲက မန်စီးတီးကပဲ ဟန်မပျက်ထိန်းကြောင်း ကစားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေလည်း အကြိမ်များစွာ ရရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မတ်မှုမရှိခြင်းကြောင့် အနိုင်သေချာစေမယ့်ဂိုးရဖို့ကတော့ ရုန်းကန်ခဲ့ရပါတယ်။ ဒီဘရိုင်း ဘာနာဒိုဆေးဗားနဲ့ ဂျေဆူးတို့လို ကစားသမားတွေဝင်လာချိန်မှာ မန်စီးတီက ပု်ိလို့တောင် တောင့်တင်းလာခဲ့ပြီး မန်စီးတီးကပဲ ပွဲကိုထိန်းကစားနိုင်ခဲ့ပါတယ်။ ဗီလာအတွက် ကံဆိုးတာကတော့ ရှားရှားပါးပါး ရခဲ့တဲ့အခွင့်အရေးလေးဖြစ်တဲ့ အန်ဂျယ်စ်ရဲ့ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့ရပြီး ဒီအခွင့်ရေးကလည်း ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ ရခဲ့တာဖြစ်လို့ ပိုရင်နာစရာကောင်းခဲ့ပါတယ်။