မန်ချက်စတာစီးတီးအသင်းကို ဥရောပ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ထပ်မံ အနိုင်ယူလိုက်ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးက ကမ္ဘာပေါ်မှာ တန်ဖိုအရှိဆုံး ဘောလုံးအသင်း အမှတ်တံဆိပ် နေရာကို ရီးယဲလ်အသင်းဆီကနေ ရရှိသွားခဲ့လို့ပဲ ဖြစ်ပါတယ်။

Manchester City are now world football's most valuable brand, a new analysis has found

Photo Credit : Daily Mail

မန်စီးတီးအသင်းက ဒီနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား နဲ့ အက်ဖ်အေဖလားတို့လို ပြည်တွင်း ဖလား(၂)လုံး သိမ်းပိုက် ရယူထားနိုင်ခဲ့သလို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်ထိ ထပ်မံ တက်လှမ်းထားနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားနဲ့ အသင်းသမိုင်းတစ်လျှောက် Treble Champions ဖြစ်ဖို့ပါ အလားအလာကောင်းနေပါတယ်။ မန်စီးတီးက သူတို့အသင်းရဲ့ အမှတ်တံဆိပ်တန်ဖိုး (၁၃)%ထိ မြင့်တက်လာရင်း ယူရို (၁.၅၁)ဘီလီယံအထိ မြင့်မားလာပြီး ရီးယဲလ် အမှတ်တံဆိပ် တန်ဖိုး (၄)% ကျဆင်းသွားကာ ယူရို (၁.၄၆)ဘီလီယံအထိ လျော့ကျသွားခဲ့ရပါတယ်။

Manchester City book their place in Champions League final after a thumping victory over Real Madrid

Photo Credit : Man City Square

ကမ္ဘာ့ တန်ဖိုးအရှိဆုံး ဘောလုံး အမှတ်တံဆိပ် အသင်း(၁၀)သင်းနေရာမှာ –

(၁)မန်စီးတီး
(၂)ရီးယဲလ်မက်ဒရစ်
(၃) ဘာစီလိုနာ
(၄) မန်ယူနိုက်တက်
(၅)လီဗာပူးလ်
(၆) ပီအက်စ်ဂျီ
(၇) ဘိုင်ယန်မြူးနစ်
(၈) အာဆင်နယ်
(၉) စပါး နဲ့
(၁၀) ချယ်လ်ဆီး တို့ ပါဝင်နေပါတယ်။