အက်အေဖလား စတုတ္ထအဆင့်ပြိုင်ပွဲတွေကို သောကြာနေ့ညကနေစတင်ပြီး ယှဉ်ပြိုင်ကစားခဲ့ရာ ဒီနေ့ Super Sunday မှာလည်း စုစုပေါင်း၃ပွဲ ကျင်းပသွားဖို့ရှိနေပြီး ဒီပွဲတွေထဲကမှ အစောဆုံးသောပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်မန်စီးတီးအသင်းက စိတ်ကြိုက်ပုံစံနဲ့ ကစားခဲ့ရပြီး ဖူလ်ဟမ်အသင်းကို ၄ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူကာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်မန်စီးတီးအသင်းက ဒီပွဲစဉ်မှာ အရန်ကစားသမားနဲ့ အမြဲတမ်းနီးပါး ပွဲထွက်ကစားသမားတချို့ကို ရောနှောအသုံးပြုတဲ့ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂျေဆူး မာရက်ဇ် ဘာနာဒိုဆေးဗား ဒေးဗစ်ဆေးဗား ဖိုဒန် ဂန်ဒိုဂန် ဂါဆီယာ အော်တာမန််ဒီ ကန်ဆယ်လို အန်ဂျလီနို ဘရာဗိုတို့ကို အသုံးပြုလာခဲ့ပြီး ၄-၂-၃-၁ ကစားကွက်နဲ့ ကစားစေခဲ့ပါတယ်။ မနှစ်ကမှ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ ဖူလ်ဟမ်လ်အသင်းကတော့ ဟတ်စ်ဒါဖီးလ်ကနေ ခေါ်ယူထားတဲ့ တိုက်စစ်ကစားသမား ရိဒ်အပါအဝင် အသင်းရဲ့အမာခံကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းပြီးစပြီး ၆မိနစ်အကြာမှာပဲ ပင်နယ်တီဧရိယာအတွင်း ဂျေဆူးကို ဆွဲလှဲချခဲတဲ့ နောက်ခံလူရင်းကို ဒိုင်က တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့ပြီး မန်စီးတီးကိုလည်း ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးခဲ့ရာ ဂန်ဒိုဂန်က သွင်းယူနိုင်ခဲ့ပါတယ်။ ကစားသမားတစ်ယောက် အသာရသွားချိန်မှာ မန်စီးတီးက ပွဲကိုစိတ်ကြိုက်ကစားခဲ့ရပြီး ၁၉မိနစ်မှာလည်း ဘာနာဒိုဆေးဗားက အကောင်းဆုံးပုံစံနဲ့ နောက်ထပ်အနိုင်ဂိုးတစ်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းကတော့ ရိဒ်ရဲ့ကန်ချက်တစ်ကြိမ်သာ မန်စီးတီးဘက်ကို ထိုးဖောက်နိုင်ခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာပဲ မာရက်ဇ်နေရာမှာ စတာလင်းကို ထည့်သွင်းလာခဲ့လို့ မန်စီးတီးတိုက်စစ်က ပိုအားကောင်းလာခဲ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ရ၃မိနစ်နဲ့ ရ၆မိနစ်တွေမှာ တိုက်စစ်မှူးဂျေဆူးက မန်စီးတီးအတွက် သွင်းဂိုးတွေ ဆက်တိုက်ရယူပေးခဲ့ပြီး မန်စီးတီးကို ဂိုးပြတ်ဦးဆောင်စေခဲ့ပါတယ်။

(Zawgyi)

တစ္ေယာက္ေလ်ာ့ ဖူလ္ဟမ္ကုိ အိမ္ကြင္းမွာ ဂုိးျပတ္ေခ်မႈန္းပစ္ခဲ့တဲ႔ မန္စီးတီး

အက္ေအဖလား စတုတၳအဆင့္ၿပိဳင္ပြဲေတြကုိ ေသာၾကာေန႔ညကေနစတင္ၿပီး ယွဥ္ၿပိဳင္ကစားခဲ့ရာ ဒီေန႔ Super Sunday မွာလည္း စုစုေပါင္း၃ပြဲ က်င္းပသြားဖုိ႔ရွိေနၿပီး ဒီပြဲေတြထဲကမွ အေစာဆုံးေသာပြဲစဥ္ျဖစ္တဲ႔ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ဖူလ္ဟမ္အသင္းတုိ႔ရဲ႕ ပြဲစဥ္မွာေတာ့ အိမ္ရွင္မန္စီးတီးအသင္းက စိတ္ႀကိဳက္ပုံစံနဲ႔ ကစားခဲ့ရၿပီး ဖူလ္ဟမ္အသင္းကုိ ၄ဂုိး ဂုိးမရွိနဲ႔ ဂုိးျပတ္အႏုိင္ယူကာ ေက်ာ္ျဖတ္ႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

အိမ္ရွင္မန္စီးတီးအသင္းက ဒီပြဲစဥ္မွာ အရန္ကစားသမားနဲ႔ အၿမဲတမ္းနီးပါး ပြဲထြက္ကစားသမားတခ်ိဳ႕ကုိ ေရာေႏွာအသုံးျပဳတဲ႔ပုံစံနဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ေဂ်ဆူး မာရက္ဇ္ ဘာနာဒုိေဆးဗား ေဒးဗစ္ေဆးဗား ဖုိဒန္ ဂန္ဒုိဂန္ ဂါဆီယာ ေအာ္တာမန္္ဒီ ကန္ဆယ္လုိ အန္ဂ်လီႏုိ ဘရာဗုိတုိ႔ကုိ အသုံးျပဳလာခဲ႔ၿပီး ၄-၂-၃-၁ ကစားကြက္နဲ႔ ကစားေစခဲ႔ပါတယ္။ မႏွစ္ကမွ ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားခဲ႔တဲ႔ ဖူလ္ဟမ္လ္အသင္းကေတာ့ ဟတ္စ္ဒါဖီးလ္ကေန ေခၚယူထားတဲ႔ တုိက္စစ္ကစားသမား ရိဒ္အပါအဝင္ အသင္းရဲ႕အမာခံကစားသမားေတြနဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ ပထမပုိင္းၿပီးစၿပီး ၆မိနစ္အၾကာမွာပဲ ပင္နယ္တီဧရိယာအတြင္း ေဂ်ဆူးကုိ ဆြဲလွဲခ်ခဲတဲ႔ ေနာက္ခံလူရင္းကုိ ဒုိင္က တုိက္ရုိက္အနီကတ္ျပ ထုတ္ပယ္ခဲ႔ၿပီး မန္စီးတီးကုိလည္း ပင္နယ္တီကန္ခြင့္ သတ္မွတ္ေပးခဲ႔ရာ ဂန္ဒုိဂန္က သြင္းယူနုိင္ခဲ႔ပါတယ္။ ကစားသမားတစ္ေယာက္ အသာရသြားခ်ိန္မွာ မန္စီးတီးက ပြဲကုိစိတ္ႀကိဳက္ကစားခဲ႔ရၿပီး ၁၉မိနစ္မွာလည္း ဘာနာဒုိေဆးဗားက အေကာင္းဆုံးပုံစံနဲ႔ ေနာက္ထပ္အႏုိင္ဂုိးတစ္ဂုိးကုိ ထပ္မံသြင္းယူခဲ႔ပါတယ္။ ဖူလ္ဟမ္အသင္းကေတာ့ ရိဒ္ရဲ႕ကန္ခ်က္တစ္ႀကိမ္သာ မန္စီးတီးဘက္ကုိ ထုိးေဖာက္ႏုိင္ခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းျပန္စၿပီး သိပ္မၾကာခင္မွာပဲ မာရက္ဇ္ေနရာမွာ စတာလင္းကုိ ထည့္သြင္းလာခဲ႔လုိ႔ မန္စီးတီးတုိက္စစ္က ပုိအားေကာင္းလာခဲ႔ရၿပီး ဂုိးေပါက္ၿခိမ္းေျခာက္မႈေတြကုိလည္း ဆက္တုိက္လုပ္ေဆာင္လာခဲ႔ပါတယ္။ ဒါေၾကာင့္ပဲ ၇၃မိနစ္နဲ႔ ၇၆မိနစ္ေတြမွာ တုိက္စစ္မွဴးေဂ်ဆူးက မန္စီးတီးအတြက္ သြင္းဂုိးေတြ ဆက္တုိက္ရယူေပးခဲ႔ၿပီး မန္စီးတီးကုိ ဂုိးျပတ္ဦးေဆာင္ေစခဲ႔ပါတယ္။