မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကို ကို အာဆင်နယ်အသင်းဆီ ရောင်းချခဲ့ပြီးနောက် ကူကူရယ်လာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ပေမယ့် အန်ဒါလက်ချ် ဘယ်နောက်ခံကစားသမား ဆာဂျီယိုဂိုမက်ဇ်ကို ခေါ်ယူထားနိုင်ခဲ့သလို နောက်ထပ် left-back ကစားသမားတစ်ဦးပါ ထပ်မံ ခေါ်ယူဖို့အတွက် အာဆင်နယ်ရဲ့ ဘယ်ခြမ်း ခံစစ်ကစားသမား ကီရန်တီယာနေးကိုပါ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

မန်စီးတီးအသင်းဟာ ယူကရိန်း ဘယ်နောက်ခံလူ ဇင်ချန်ကို ကို ရောင်းချပြီးနောက် ဘင်ဂျမင်မန်ဒီကလည်း လိင်ပိုင်းဆိုင်ရာ ပြစ်မှုကြောင့် အမှုရင်ဆိုင်နေရလျက် ရှိနေတာကြောင့် အသင်းမှာ natural left-back ကစားသမားဆိုလို့ တစ်ယောက်မှ မရှိတော့ပဲ ညာနောက်ခံလူ ကန်ဆယ်လိုက ဘယ်ခြမ်းမှာ ဝင်ကစားနေရပြီး ဗဟိုခံစစ်မှူး နေသန်အကီကလည်း cb နဲ့ lb နေရာတွေကို တာဝန်ယူထားရပါတယ်။ ဒါကြောင့် left-back နေရာအတွက် မန်စီးတီးအသင်းက ကစားသမားဖြည့်တင်းဖို့ လုပ်ဆောင်လာခဲ့ပြီး စပိန် ယူ-၂၁ ကစားသမားလေး ဂိုမက်ဇ်ကို အန်ဒါလက်ချ်ကနေ ခေါ်ယူနိုင်ခဲ့သလို နောက်ထပ် ဘယ်ခြမ်းခံစစ်ကစားသမားတစ်ဦးကိုပါ ထပ်မံ ပစ်မှတ်ထားလာခဲ့ပါတယ်။

Image

Photo Credit : Twitter

လတ်တလောမှာ မန်စီးတီးအသင်းဟာ left-back နေရာအတွက် အသက်လက်တီကိုမက်ဒရစ်က ရီနန်လိုဒီ ဒေါ့မွန်က ဂွာဟေရိုနဲ့ အာဆင်နယ်က တီယာနေးတို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေသလို စကော့တလန် လက်ရွေးစင် ဘယ်နောက်ခံလူ တီယာနေးကို main target အဖြစ် သတ်မှတ်ထားနေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းက အန်ဒါလက်ချ်ကနေ ခေါ်ယူထားတဲ့ ဂိုမက်ဇ်ကို City Football Group မှာ ဆက်နွယ်နေတဲ့ အသင်းတစ်သင်းသင်းဆီ အငှားချလိမ့်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ဂိုမက်ဇ်ကို အသင်းမှာသာ အသုံးပြုမယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးအသင်းဆိုတာက နေရာတိုင်းလိုလိုမှာ ကစားသမားကောင်းနှစ်ဦးလောက်အထိ ထားရှိတတ်တဲ့ အသင်းဖြစ်သလို ဘယ်ခြမ်းခံစစ်မှာလည်း natural left-back player တွေကိုသာ ဦးစားပေး အသုံးပြုလိုတဲ့အတွက် ကန်ဆယ်လိုနဲ့ ဂိုမက်ဇ်တို့ကို ထားရှိတာထက် တီယာနေးနဲ့ ဂိုမက်ဇ်တို့ကို ထားရှိချင်နေတာကြောင့် တီယာနေးကို ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိနေရပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က တီယာနေးလို ကစားသမားမျိုးကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ တီယာနေးနဲ့ ဇင်ချန်ကိုတို့ကို ဆက်လက် အသုံးပြုဖွယ်သာ ရှိနေတာကြောင့် မန်စီးတီးကလည်း တီယာနေးထက် တခြား ကစားသမားတွေကို ဆက်လက် ချိန်ရွယ်သွားရဖွယ် ရှိနေပါတယ်။