MySport Myanmar

လီဗာပူးလ် ပရိသတ်တွေက ဂွာဒီယိုလာကို အကြွေစေ့နဲ့ ပစ်ပေါက်ခဲ့တယ်လို့ မန်စီးတီး စွပ်စွဲ

မနေ့ညက အန်ဖီးလ်ကွင်းမှာ ကစားသွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း လီဗာပူးလ်ပရိသတ်တွေက မန်စီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာကို အကြွေစေ့များစွာနဲ့ ပစ်ပေါက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မန်စီးတီးအသင်းဘက်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

Photo Credit : BBC

မန်စီးတီးရဲ့ ကြယ်ပွင့်ကစားသမား ဖေးလ်ဖိုဒန်က (၅၃)မိနစ်အတွင်းမှာ အသင်းအတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူနိုင်ခဲ့ပေမယ့် ဂိုးမသွင်းယူခင်မှာ build-up မှာ ဟာလန်းက လီဗာပူးလ် ကွင်းလယ်လူ ဖာဘင်ဟိုအပေါ် ပြစ်ဒဏ် ကျူးလွန်ခဲ့မှု ရှိခဲ့တယ်ဆိုပြီး ဖိုဒန်ရဲ့ဂိုးကို ကွင်းလယ်ဒိုင်က ပယ်ဖျက်သွားခဲ့ပါတယ်။ ကွင်းလယ်ဒိုင် အန်တိုနီတေလာက VAR ကို စစ်ဆေးပြီး ဂိုး ပယ်ဖျက်လိုက်ကြောင်း ကြေညာလိုက်ချိန်မှာ လီဗာပူးလ် ပရိသတ်တွေက အော်ဟစ် ပျော်မြူးခဲ့သလို အန်တိုနီတေလာရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံနိုင်အောင် ဖြစ်သွားရတဲ့ ဂွာဒီယိုလာဟာလည်း ပေါက်ကွဲတဲ့ အမှုအယာတွေ လုပ်ဆောင်လာခဲ့တဲ့အပြင် လီဗာပူးလ် ပရိသတ်တွေ ပိုမို ဆူညံလာအောင်ပါ လုပ်ဆောင်ခဲ့ပါသေးတယ်။

Photo Credit : The Athletic

အဲ့ဒီအချိန်မှာ လီဗာပူးလ်အသင်း အားပေးသူတချို့က ဂွာဒီယိုလာကို အကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့ကြောင်း ဂွာဒီယိုလာကိုယ်တိုင် ပွဲအပြီး အင်တာဗျူးမှာ မှတ်ချက်ပြုသွားခဲ့သလို “နောက်တစ်ကြိမ်ဆိုရင် သူတို့ ပိုကောင်းအောင် လုပ်လိမ့်မယ်။ သူတို့က ငါ့ကိုထိအောင် မပစ်နိုင်ခဲ့ဘူး” လို့ပါ ပြောဆိုခဲ့ပါတယ်။ ဖိုဒန်ရဲ့ သွင်းဂိုး ပယ်ဖျက်ခံရပြီးတဲ့နောက် (၇၆)မိနစ်မှာပဲ လီဗာပူးလ်အသင်းက ဂိုးသမား အယ်လီဆန်ရဲ့ ဖန်တီးမှုကနေတစ်ဆင့် မိုဟာမက်ဆာလာက အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးနဲ့ပဲ မန်စီးတီးလည်း အန်ဖီးလ်မှာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပြီး ဒီရာသီရဲ့ ပထမဆုံးသော ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ လီဗာပူးလ်ကတော့ အဖိုးတန်နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်လိုက်ရပေမယ့်လည်း အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဂျိုတာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့တဲ့အပြင် အသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာလည်း ဆာလာ-ဘာနာဒိုဆေးလ်ဗားတို့ အချင်းပွားမှုမှာ ပါဝင်ခဲ့လို့ အနီကတ်ပြခံခဲ့ရတဲ့အတွက် ဝက်စ်ဟမ်းနဲ့ပွဲကို လွဲချော်သွားရတော့မှာ ဖြစ်ပါတယ်။

Exit mobile version