လက်ရှိကာလမှာ ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် ဘောလုံးပွဲဲတွေရပ်နားထားရတဲ့အပြင် ဘောလုံးသမားတွေမှာလည်း ဘောလုံးပွဲတွေမရှိတာကြောင့် သူတို့ရဲ့နေအိမ်မှာသာ အနားယူနေရလျက်ရှိနေပါတယ်။ ဒီအချိန်မှာ ဘောလုံးနဲ့ပတ်သက်သမျှတွေကလည်း အားလုံးရပ်တန့်နေရပြီး လာမယ့်လအနည်းငယ်မှာ စတင်ဖွွင့်လှစ်တော့မယ့် နွေရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်တောင် ဖွင့်လှစ်ဖို့ မသေမချာဖြစ်နေရပါတယ်။ ဒါပေမယ့် အခုအချိန်မှာပဲ မန်စီးတီးအသင်းက ကစားသမားသစ်တစ်ယောက်ကို ခေါ်ယူနိုင်ခဲ့လိုက်ပြီဖြစ်တယ်လို့ ထုတ်ဖော်ကြေညာလာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပီရူးဘောလုံးကလပ်အသင်း အလီရန်ဇာလီမာအသင်းရဲ့ အသက်(၁၆)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်လူငယ်ကစားသမားလေး ကလိုဗက်အာဂွီလာဆိုတဲ့ ကြယ်ပွင့်ကစားသမားလေးကို ပြောင်းရွှေ့ကြေး ပေါင်(၁.၅)သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့လောက်ပြီလို့ သိရှိရပါတယ်။ ဒါပေမယ့် ဒီကစားသမားလေးဟာ လက်ရှိမှာ အသက်(၁၆)နှစ်သာရှိနေသေးတာကြောင့် မန်စီးတီးကို ပြောင်းရွှေ့ကစားဖို့ အလုပ်ပါမစ်ရနိုင်ဦးမှာမဟုတ်ပဲ အသက်(၁၈)နှစ်ပြည့်မယ့် ၂၀၂၁ခုနှစ်အရောက်မှသာ မန်စီးတီးနဲ့ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။

အာဂွီလာဟာ နောက်တန်းမှာ ပါဝင်ကစားခဲဲ့သူတစ်ယောက်ဖြစ်ပြီး ပီရူးယူ-၁၇အသင်းမှာ ပါဝင်နေသူလည်းဖြစ်ပြီး မန်စီးတီးလို အသင်းကြီးမျိုးမှာ ပါဝင်ကစားရတော့မှာဖြစ်လို့ အရမ်းကိုစိတ်လှုပ်ရှားနေရတယ်လို့ ဆိုလာပါတယ်။ အဂွီလာက “မန်စီးတီးကို ပြောင်းရွှေ့ခြင်းက ကျွန်တော့်ကစားသမားဘဝရဲ့ အကြီးမားဆုံးသော အရာတစ်ခုဖြစ်လာမှာပါ။ သူတို့ ကျွန်တော့်ကို စာချုပ်ချုပ်လိုက်တော့ အရမ်းကို ပျော်ရွှင်သွားခဲဲ့ရတယ်။ မန်စီးတီးအသင်းဆိုတာကလည်း တကယ့်ကို ကောင်းပေ့ဆိုတဲ့ ကစားသမားတွေ နည်းပြတွေ ပရိသတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်ရဲ့ ရည်မှန်းချက်ကလည်း အသင်းကောင်းတစ်သင်းရဲ့ Line-up ဝင် ကစားသမားတစ်ယောက်အဖြစ် အောင်မြင်ချင်တာပါ။ ဒီလို အချိန်လေးအတွင်းမှာပဲ မန်စီးတီးလို အသင်းမျိုးကနေ ကျွန်တော့်ကို ခေါ်ယူဖြစ်တဲ့အပေါ်မှာ အရမ်းကို ကြည်နူးမိရတယ်” လို့ လီမာအသင်းရဲ့ဝက်ဆိုဒ်ကနေတစ်ဆင့် ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။