မန္ခ်က္စတာယူႏိုက္တက္က မန္စီးတီးကို ၂-၁နဲ႔ အႏိုင္ကစားခဲ့တဲ့ ရလဒ္ေၾကာင့္ မန္ယူဟာ (၁၆)ပြဲကစား၊ (၂၄)မွတ္နဲ႔ ပရီးမီးယားလိဂ္ဇယားအဆင့္ (၅)ေနရာ တက္လွမ္းလာခဲ့ၿပီး မန္စီတီးကေတာ့ (၁၆)ပြဲကစား၊ (၃၂)မွတ္နဲ႔ အဆင့္ (၃)ေနရာ ရပ္တည္လ်က္ရွိပါတယ္။ဒီအႏိုင္ရလဒ္ဟာ အသင္းႀကီးေတြကို အလဲထိုးေလ့ရွိတဲ့ ဆိုးလ္ရွားအသင္း မန္ယူအတြက္ ယုံၾကည္မႈ ျမင့္တက္လာေစတာပဲ ျဖစ္ပါတယ္။

Photo Credit: Sportskeeda

ယမန္‌ေန႔ည စိတ္လႈပ္ရွားဖြယ္ပြဲစဥ္မွာ ေတြ႕ရတဲ့ ထူးျခားခ်က္ (၃)ခ်က္ေတြကေတာ့…

Photo Credit: Sportskeeda

၁။ယူႏိုက္တက္ရဲ႕ အံ့မခမ္းတဲ့ ခံစစ္တံတိုင္း

ယူႏိုက္တက္အသင္းဟာ ခံစစ္ပိုင္းမွာ (၄)ဦးနဲ႔ တည္ေဆာက္ထားတာေတြ႕ရၿပီး အဆိုပါ ေနာက္တန္း(၄)ဦးစလုံးကလည္း တာဝန္ေက်ပြန္စြာ ထမ္း႐ြက္ခဲ့ပါတယ္။အထူးသျဖင့္ ဗစ္တာ လင္ဒီေလာ့ဖ္နဲ႔ ဟယ္ရီ မက္ကြိဳင္းတို႔ဟာ ဗဟိုခံစစ္နယ္ေျမကို စိုးမိုးျခယ္လွယ္ခဲ့ၾကပါတယ္။ပင္နယ္တီဧရိယာအတြင္းအေရးႀကီးတဲ့ ဖ်က္ထုတ္ကာကြယ္မႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၾကသလို အျမင့္ေဘာကာကြယ္မႈေတြမွာ မန္စီးတီးကို အသာရေနခဲ့ပါတယ္။ဘစ္ဆာကာအေနနဲ႔လည္း စီးတီးၿပိဳင္ျမင္းလို႔ တင္စားရတဲ့ စတာလင္ကို တစ္ဦးတည္း ပင္တိုင္ဟန႔္တားႏိုင္ခဲ့ၿပီး စီးတီးၿပိဳင္ျမင္းႀကီး အခက္ေတြ႕ခဲ့ရပါတယ္။

မန္စီးတီးအသင္းဟာ ယူႏိုင္တက္ဂိုးဧရိယာဘက္ကို ဘယ္ညာေထာင့္စုံကေန ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ ယူႏိုက္တက္ တံတိုင္းႀကီးကို ဘယ္လိုမွ မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။ယူႏိုက္တက္ခံစစ္ပိုင္း တာဝန္က်သူ(၄)ဦးလည္း တစ္ခ်က္ကေလးမွ အာ႐ုံလႊဲထားလို႔မရေအာင္ အလုပ္မ်ားေနခဲ့ရပါတယ္။ေနာက္ဆုံးေတာ့ ယူႏိုက္တက္အတြက္ အဖိုးတန္တဲ့ (၃)မွတ္ဟာ သူတို႔အတြက္ ဆုလာဘ္ျဖစ္ပါတယ္။

Photo Credit: Sportskeeda

၂။ယူႏိုက္တက္ရဲ႕ ပညာသားပါတဲ့ တန္ျပန္တိုက္စစ္

ယူႏိုက္တက္ရဲ႕ သြင္းဂိုး (၂)ဂိုးစလုံးဟာ တန္ျပန္တိုက္စစ္ဆင္ရာကေန ရလာခဲ့တာျဖစ္ပါတယ္။ ဘယ္ျခမ္းကေန ထိုးေဖာက္လာတဲ့ ရက္ရွ္ဖို႔ကို ဘာနာဒို ေဆးလ္ဗားက ပင္နယ္တီဧရိယာအတြင္း အျဖတ္ၾကမ္းခဲ့လို႔ ယူႏိုက္တက္အသင္း ပင္နယ္တီရခဲ့ပါတယ္။ ယူႏိုက္တက္ တိုက္စစ္ ရက္ရွ္ဖို႔လည္း ရရွိလာတဲ့ ပင္နယ္တီအခြင့္အေရးကို အေကာင္းဆုံး အသုံးခ်ခဲ့ၿပီး သူ႔အတြက္ ဒီရာသီသြင္းဂိုး (၁၃)ဂိုး ျပည့္လာခဲ့ပါတယ္။သူ႔ရဲ႕ ဒုတိယ ကန္ခ်က္ကလည္း ဘားတိုင္ထိခဲ့လို႔ နစ္နာခဲ့ရပါတယ္။

ယူႏိုက္တက္ရဲ႕ ဒုတိယသြင္းဂိုးဟာလည္း တန္ျပန္တိုက္စစ္ကေန ရရွိခဲ့တာပါ။အန္တိုနီ မာရွယ္နဲ႔ ဒန္နီရယ္ ဂ်ိမ္းစ္တို႔ ၁-၂ ႐ိုက္ၿပီး မာရွယ္ကန္သြင္းလိုက္တဲ့ အနိမ့္ေဘာဟာ ဂိုးတိုင္ထိၿပီး ဂိုးထဲ လွလွပပ ဝင္သြားခဲ့ပါတယ္။ကမာၻ႔အ‌ေကာင္းဆုံးထဲက တစ္ဦးျဖစ္တဲ့ စီးတီးဂိုးသမား အီဒါဆန္ေတာင္ မကာကြယ္ႏိုင္ခဲ့ပါဘူး။စီးတီးခံစစ္လည္း မာရွယ္ရဲ႕ ကန္သြင္းခ်က္ကို မဟန႔္တားႏိုင္ခဲ့ပါဘူး။

Photo Credit: Sportskeeda

၃။အဓိက ကစားသမားအခ်ိဳ႕ ပါဝင္မလာတဲ့ မန္စီးတီး

စီးတီးရဲ႕ ခံစစ္ပိုင္းမွာေတာ့ အေရးပါတဲ့ ခံစစ္မႉးႀကီး Laporte ပါဝင္မလာခဲ့တာ ေတြ႕ရပါတယ္။အသက္ (၃၄)ႏွစ္အ႐ြယ္ ဖာနန္ဒင္ဟိုနဲ႔ ေျခမၿငိမ္တဲ့ ဂြၽန္စတုန္းတို႔ဟာ ယူႏိုက္တက္ရဲ႕ တရၾကမ္း တန္ျပန္တိုက္စစ္ဆင္မႈဒဏ္ကို မခုခံႏိုင္ခဲ့ၾကပါဘူး။ကြယ္လယ္ ႐ိုဒရီအေနနဲ႔လည္း ေနာက္ျပန္ ဆင္းမကူႏိုင္ခဲ့ပါဘူး။ ဗဟိုခံစစ္နယ္ေျမမွာ Laporte မပါခဲ့တာကေတာ့ စီးတီးအတြက္ မဟာနစ္နာမႈပါပဲ။

ေရွ႕တန္းမွာလည္း တိုက္စစ္မႉးႀကီး အဂူ႐ို ရွိမေနျပန္ပါဘူး။ဂ်ီးဆပ္အေနနဲ႔ လစ္ဟင္းေနတဲ့ ကြက္လပ္ျဖည့္ဖို႔ အသည္းအသန္ႀကိဳးစားခဲ့ေပမဲ့ စီးတီးအတြက္ (၃၅၃)ပြဲမွာ (၂၄၄)ဂိုး သြင္းယူထားတဲ့ အာဂ်င္သား အဂူ႐ိုကို မမီပါဘူး။ဂ်ီးဆပ္နဲ႔ စတာလင္တို႔ဟာ ယူႏိုက္တက္ခံစစ္ကို ဘယ္ညာအျခမ္းကေန ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ၾကေပမဲ့ အဂူ႐ိုရဲ႕ ေနရာကို ဖာေထးဖို႔ အခြင့္မသာခဲ့ၾကပါဘူး။

(Unicode)

မန်ချက်စတာယူနိုက်တက်က မန်စီးတီးကို ၂-၁နဲ့ အနိုင်ကစားခဲ့တဲ့ ရလဒ်ကြောင့် မန်ယူဟာ (၁၆)ပွဲကစား၊ (၂၄)မှတ်နဲ့ ပရီးမီးယားလိဂ်ဇယားအဆင့် (၅)နေရာ တက်လှမ်းလာခဲ့ပြီး မန်စီတီးကတော့ (၁၆)ပွဲကစား၊ (၃၂)မှတ်နဲ့ အဆင့် (၃)နေရာ ရပ်တည်လျက်ရှိပါတယ်။ဒီအနိုင်ရလဒ်ဟာ အသင်းကြီးတွေကို အလဲထိုးလေ့ရှိတဲ့ ဆိုးလ်ရှားအသင်း မန်ယူအတွက် ယုံကြည်မှု မြင့်တက်လာစေတာပဲ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ယမန်‌နေ့ည စိတ်လှုပ်ရှားဖွယ်ပွဲစဉ်မှာ တွေ့ရတဲ့ ထူးခြားချက် (၃)ချက်တွေကတော့…

Photo Credit: Sportskeeda

၁။ယူနိုက်တက်ရဲ့ အံ့မခမ်းတဲ့ ခံစစ်တံတိုင်း

ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းမှာ (၄)ဦးနဲ့ တည်ဆောက်ထားတာတွေ့ရပြီး အဆိုပါ နောက်တန်း(၄)ဦးစလုံးကလည်း တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့ပါတယ်။အထူးသဖြင့် ဗစ်တာ လင်ဒီလော့ဖ်နဲ့ ဟယ်ရီ မက်ကွိုင်းတို့ဟာ ဗဟိုခံစစ်နယ်မြေကို စိုးမိုးခြယ်လှယ်ခဲ့ကြပါတယ်။ပင်နယ်တီဧရိယာအတွင်းအရေးကြီးတဲ့ ဖျက်ထုတ်ကာကွယ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့ကြသလို အမြင့်ဘောကာကွယ်မှုတွေမှာ မန်စီးတီးကို အသာရနေခဲ့ပါတယ်။ဘစ်ဆာကာအနေနဲ့လည်း စီးတီးပြိုင်မြင်းလို့ တင်စားရတဲ့ စတာလင်ကို တစ်ဦးတည်း ပင်တိုင်ဟန့်တားနိုင်ခဲ့ပြီး စီးတီးပြိုင်မြင်းကြီး အခက်တွေ့ခဲ့ရပါတယ်။

မန်စီးတီးအသင်းဟာ ယူနိုင်တက်ဂိုးဧရိယာဘက်ကို ဘယ်ညာထောင့်စုံကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမဲ့ ယူနိုက်တက် တံတိုင်းကြီးကို ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ယူနိုက်တက်ခံစစ်ပိုင်း တာဝန်ကျသူ(၄)ဦးလည်း တစ်ချက်ကလေးမှ အာရုံလွှဲထားလို့မရအောင် အလုပ်များနေခဲ့ရပါတယ်။နောက်ဆုံးတော့ ယူနိုက်တက်အတွက် အဖိုးတန်တဲ့ (၃)မှတ်ဟာ သူတို့အတွက် ဆုလာဘ်ဖြစ်ပါတယ်။

Photo Credit: Sportskeeda

၂။ယူနိုက်တက်ရဲ့ ပညာသားပါတဲ့ တန်ပြန်တိုက်စစ်

ယူနိုက်တက်ရဲ့ သွင်းဂိုး (၂)ဂိုးစလုံးဟာ တန်ပြန်တိုက်စစ်ဆင်ရာကနေ ရလာခဲ့တာဖြစ်ပါတယ်။ ဘယ်ခြမ်းကနေ ထိုးဖောက်လာတဲ့ ရက်ရှ်ဖို့ကို ဘာနာဒို ဆေးလ်ဗားက ပင်နယ်တီဧရိယာအတွင်း အဖြတ်ကြမ်းခဲ့လို့ ယူနိုက်တက်အသင်း ပင်နယ်တီရခဲ့ပါတယ်။ ယူနိုက်တက် တိုက်စစ် ရက်ရှ်ဖို့လည်း ရရှိလာတဲ့ ပင်နယ်တီအခွင့်အရေးကို အကောင်းဆုံး အသုံးချခဲ့ပြီး သူ့အတွက် ဒီရာသီသွင်းဂိုး (၁၃)ဂိုး ပြည့်လာခဲ့ပါတယ်။သူ့ရဲ့ ဒုတိယ ကန်ချက်ကလည်း ဘားတိုင်ထိခဲ့လို့ နစ်နာခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ ဒုတိယသွင်းဂိုးဟာလည်း တန်ပြန်တိုက်စစ်ကနေ ရရှိခဲ့တာပါ။အန်တိုနီ မာရှယ်နဲ့ ဒန်နီရယ် ဂျိမ်းစ်တို့ ၁-၂ ရိုက်ပြီး မာရှယ်ကန်သွင်းလိုက်တဲ့ အနိမ့်ဘောဟာ ဂိုးတိုင်ထိပြီး ဂိုးထဲ လှလှပပ ဝင်သွားခဲ့ပါတယ်။ကမ္ဘာ့အ‌ေကာင်းဆုံးထဲက တစ်ဦးဖြစ်တဲ့ စီးတီးဂိုးသမား အီဒါဆန်တောင် မကာကွယ်နိုင်ခဲ့ပါဘူး။စီးတီးခံစစ်လည်း မာရှယ်ရဲ့ ကန်သွင်းချက်ကို မဟန့်တားနိုင်ခဲ့ပါဘူး။

Photo Credit: Sportskeeda

၃။အဓိက ကစားသမားအချို့ ပါဝင်မလာတဲ့ မန်စီးတီး

စီးတီးရဲ့ ခံစစ်ပိုင်းမှာတော့ အရေးပါတဲ့ ခံစစ်မှူးကြီး Laporte ပါဝင်မလာခဲ့တာ တွေ့ရပါတယ်။အသက် (၃၄)နှစ်အရွယ် ဖာနန်ဒင်ဟိုနဲ့ ခြေမငြိမ်တဲ့ ဂျွန်စတုန်းတို့ဟာ ယူနိုက်တက်ရဲ့ တရကြမ်း တန်ပြန်တိုက်စစ်ဆင်မှုဒဏ်ကို မခုခံနိုင်ခဲ့ကြပါဘူး။ကွယ်လယ် ရိုဒရီအနေနဲ့လည်း နောက်ပြန် ဆင်းမကူနိုင်ခဲ့ပါဘူး။ ဗဟိုခံစစ်နယ်မြေမှာ Laporte မပါခဲ့တာကတော့ စီးတီးအတွက် မဟာနစ်နာမှုပါပဲ။

ရှေ့တန်းမှာလည်း တိုက်စစ်မှူးကြီး အဂူရို ရှိမနေပြန်ပါဘူး။ဂျီးဆပ်အနေနဲ့ လစ်ဟင်းနေတဲ့ ကွက်လပ်ဖြည့်ဖို့ အသည်းအသန်ကြိုးစားခဲ့ပေမဲ့ စီးတီးအတွက် (၃၅၃)ပွဲမှာ (၂၄၄)ဂိုး သွင်းယူထားတဲ့ အာဂျင်သား အဂူရိုကို မမီပါဘူး။ဂျီးဆပ်နဲ့ စတာလင်တို့ဟာ ယူနိုက်တက်ခံစစ်ကို ဘယ်ညာအခြမ်းကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ကြပေမဲ့ အဂူရိုရဲ့ နေရာကို ဖာထေးဖို့ အခွင့်မသာခဲ့ကြပါဘူး။