အင်စတာဂရမ်ပေါ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝတ်စုံအမျိုးမျိုးကို ဝတ်ဆင်ပြီး စွဲဆောင်မှုအားကောင်းလှတဲ့ ပို့စ်အမျိုးမျိုးနဲ့ ဓါတ်ပုံတွေရိုက်ပြီး တင်လေ့ရှိတဲ့ ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်သူ ကတ်ထရီနာမာရီယာကတော့ အသင်းအနေနဲ့ ဒီနွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ပေးဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Instagram

https://www.instagram.com/katrina.maria/?hl=en

အသက်(၃၆)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ လက်ရှိ ဂျုဗင်တပ်စ်အသင်းမှာ ပါဝင်ကစားနေပေမယ့် သူရဲ့စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိတော့သလို လတ်တလောမှာလည်း သူရဲ့အနာဂတ်အခြေအနေတွေက လှုပ်ခတ်လျက်ရှိနေပြီး ဒီနွေစျေးကွက်အတွင်းမှာပဲ သူရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းဖွယ် ရှိနေတယ်လို့ သတင်းမီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြလို့နေပါတယ်။ ဒီလိုအခြေအနေမျိုးရှိနေရတဲ့ ရော်နယ်ဒိုကို အသင်းဆီ ပြန်လည်ခေါ်ယူပေးဖို့ အသင်းရဲ့ အမာခံပရိသတ် ကတ်ထရီနာမာရီယာက တောင်းဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၉)နှစ်အရွှယ်ရှိ ဖာရိုးကျွန်းစုများနိုင်ငံဖွား မာရီယာက သူမရဲ့အင်စတာဂရမ်ပေါ် ရော်နယ်ဒို ယူနိုက်တက်အသင်းမှာ ရှိစဉ်တုန်းက ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံနဲ့ကို ဆင်မြန်းထားခဲ့တဲ့ ပုံနဲ့အတူ ရော်နယ်ဒိုသာ ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့မယ်ဆိုရင် အရမ်းကို ထူးခြားကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာလိမ့်မယ်ဆိုတဲ့ စာသားနဲ့ပါ ဖော်ပြထားခဲ့ပါတယ်။ မာရီယာဟာ အင်စတာဂရမ်ပေါ်မှာ Followers ပေါင်း (၈၇၀၀၀)အထိကိုတောင် ပိုင်ဆိုင်ထားခဲ့သူဖြစ်တဲ့အပြင် သူမကိုလည်း ယူနိုက်တက်အသင်း ပရိသတ်တွေထဲကမှ Sexiest Fan အဖြစ်နဲ့တောင် သတ်မှတ်လို့ထားကြပါသေးတယ်။ မာရီယာ အလိုရှိနေတဲ့ ရော်နယ်ဒိုဟာ လတ်တလောမှာ ဂျုဗင်တပ်စ်အသင်းနဲ့ အနာဂတ်မရေမရာ ဖြစ်လို့နေပြီး အသင်းဘက်ကနေ ရော်နယ်ဒိုလို လုပ်ခလစာ မြင့်မားလွန်းတဲ့ ကစားသမားမျိုးကို ရောင်းထုတ်သွားချင်နေသလို ကစားသမားဘက်ကလည်း အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ ဆန္ဒရှိနေတဲ့အတွက် ယူရိုပြိုင်ပွဲအပြီးမှပဲ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးကြဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ အသင်းဟောင်း ယူနိုက်တက်အပြင် ပီအက်စ်ဂျီအသင်းတွေနဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်လို့နေပြီး ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာနဲ့ပါ အလဲအထပ်ဖြစ်ဖို့အထိ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။