မန္ယူကြင္းလယ္ကစားသမားေဟာင္း ဖလက္ခ်ာကေတာ့ လက္ရွိ မန္ယူလူငယ္ၾကယ္ပြင့္ေတြရဲ႕ အေျခအေနကို တင္စားေျပာဆိုသြားခဲ့ၿပီး သူက မန္ယူလူငယ္ကစားသမားေတြဟာ အဆိပ္ေငြ႕ထဲ ပိတ္မိေနၿပီလို႔ ေျပာဆိုသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ နာမည္ေက်ာ္ လူငယ္ကစားသမားေတြျဖစ္တဲ့ ဝီလီယံ၊ ဂရင္းဝုဒ္၊ ဝမ္ဘစ္ဆာကာ နဲ႔ ဒန္နီရယ္ ဂ်ိမ္းတို႔ကို ပိုင္ဆိုင္ထားၿပီး ဖလက္ခ်ာက သူတို႔ဟာ စမ္းသပ္မႈ၊ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ Radio 5 Live မွာ ေျပာသြားပါတယ္။

Photo Credit: Gettyimage

မန္ယူအသင္းဟာ လူငယ္ ကစားသမားေတြ မ်ားစြာကို ပိုင္ဆိုင္ထားတဲ့ အသင္း ျဖစ္ေပမဲ့လည္း ဘန္ေလအသင္းကို အိမ္ကြင္းမွာ (၂-ဝ) နဲ႔ ရႈံးနိမ့္ၿပီးတဲ့ အခ်ိန္မွာေတာ့ ကစားသမားေဟာင္းေတြရဲ႕ ေဝဖန္မႈေတြကို ခံစားေနရၿပီပဲ ျဖစ္ပါတယ္။ မန္ယူ ေနာက္ခံ ကစားသမားေဟာင္း ဖာဒီနန္က မန္ယူအသင္းရဲ႕ တာဝန္ရွိသူေတြကို ေဝဖန္သြားခဲ့ၿပီး အခုလည္း မန္ယူ ကြင္းလယ္လူေဟာင္း ဖလက္ခ်ာက မန္ယူအသင္းဟာ ေရွ႕ကိုမသြားဘဲ ေနာက္ျပန္သြားေနၿပီလို႔ ေျပာသြားပါတယ္။

Photo Credit: Gettyimage

Radio 5 Live မွာ ဖလက္ခ်ာက “ကြင္းထဲမွာ ျမင္ကြင္းက မေကာင္းပါဘူး။ ေလွာင္ေအာ္သံေတြ နဲ႔ ေလထုက ပထမဆုံးအႀကိမ္ တကယ္ပဲ အဆိပ္အျဖစ္ ေျပာင္းလဲသြားခဲ့တယ္။ အဲဒီအခ်ိန္မွာ ေနာက္ျပန္သြားေနတာကို ျမင္ရၿပီး လူငယ္ကစားသမားေတြက ပိတ္မိေနၾကတယ္။ ဒီလူငယ္ ကစားသမားေတြဟာ စမ္းသပ္မႈ နဲ႔ ဖိအားေအာက္ကို ေရာက္ေနၾကပါတယ္။ ကြၽန္ေတာ္လည္း မန္ယူအသင္းကို ေရာက္လာခဲ့တုန္းက ကြၽန္ေတာ့္အတြက္ ခက္ခဲခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

{Unicode}

မန်ယူကွင်းလယ်ကစားသမားဟောင်း ဖလက်ချာကတော့ လက်ရှိ မန်ယူလူငယ်ကြယ်ပွင့်တွေရဲ့ အခြေအနေကို တင်စားပြောဆိုသွားခဲ့ပြီး သူက မန်ယူလူငယ်ကစားသမားတွေဟာ အဆိပ်ငွေ့ထဲ ပိတ်မိနေပြီလို့ ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ နာမည်ကျော် လူငယ်ကစားသမားတွေဖြစ်တဲ့ ဝီလီယံ၊ ဂရင်းဝုဒ်၊ ဝမ်ဘစ်ဆာကာ နဲ့ ဒန်နီရယ် ဂျိမ်းတို့ကို ပိုင်ဆိုင်ထားပြီး ဖလက်ချာက သူတို့ဟာ စမ်းသပ်မှု၊ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Radio 5 Live မှာ ပြောသွားပါတယ်။

Photo Credit: Gettyimage

မန်ယူအသင်းဟာ လူငယ် ကစားသမားတွေ များစွာကို ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပေမဲ့လည်း ဘန်လေအသင်းကို အိမ်ကွင်းမှာ (၂-ဝ) နဲ့ ရှုံးနိမ့်ပြီးတဲ့ အချိန်မှာတော့ ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေကို ခံစားနေရပြီပဲ ဖြစ်ပါတယ်။ မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်က မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေကို ဝေဖန်သွားခဲ့ပြီး အခုလည်း မန်ယူ ကွင်းလယ်လူဟောင်း ဖလက်ချာက မန်ယူအသင်းဟာ ရှေ့ကိုမသွားဘဲ နောက်ပြန်သွားနေပြီလို့ ပြောသွားပါတယ်။

Photo Credit: Gettyimage

Radio 5 Live မှာ ဖလက်ချာက “ကွင်းထဲမှာ မြင်ကွင်းက မကောင်းပါဘူး။ လှောင်အော်သံတွေ နဲ့ လေထုက ပထမဆုံးအကြိမ် တကယ်ပဲ အဆိပ်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ အဲဒီအချိန်မှာ နောက်ပြန်သွားနေတာကို မြင်ရပြီး လူငယ်ကစားသမားတွေက ပိတ်မိနေကြတယ်။ ဒီလူငယ် ကစားသမားတွေဟာ စမ်းသပ်မှု နဲ့ ဖိအားအောက်ကို ရောက်နေကြပါတယ်။ ကျွန်တော်လည်း မန်ယူအသင်းကို ရောက်လာခဲ့တုန်းက ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။