ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နည်းပြကြီးဖာဂူဆန်လက်ထက် မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာဖို့ နီးစပ်ခဲ့ဖူးတဲ့ နာမည်ကျော်ကစားသမားတွေရဲ့အကြောင်းကို တင်ဆက်ပေးခဲ့ပြီး အခုလည်း ကျန်ရှိနေသေးတဲ့ ကစားသမားတွေကို ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်။ ကနဦးဖော်ပြချက်ထဲမှာ ရော်ဘင် ရော်နယ်ဒင်ဟိုနဲ့ ဇီဒန်းတို့လို ကစားသမားကောင်းတွေ ပါဝင်ခဲ့သလို ဒီတစ်ခေါက်မှာလည်း ဘယ်လိုကစားသမားတွေ ပါဝင်ဦးမလဲဆိုတာ လေ့လာကြည့်လိုက်ပါဦးခင်ဗျာ။

ပီတာချက်

Photo Credit : The Sun

ပရီးမီးယားလိဂ်ရဲ့ Legend ဂိုးသမားတစ်ယောက်ဖြစ်တဲ့ ပီတာချက်ကတော့ အသက်(၁၉)နှစ်အရွှယ်မှာပဲ ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ဖာဂူဆန်ကိုယ်တိုင်ကပါ နှစ်သက်သဘောကျခဲ့ပေမယ့် အဲ့ဒီအချိန်မှာ ပီတာချက်အသက်က အရမ်းငယ်နေသေးလွန်းတဲ့ ယူဆမိခဲ့တာကြောင့် ခေါ်ယူဖို့ကိစ္စကို လက်လျှော့ခဲ့ရတာလို့ ဖာဂူဆန်က ဝန်ခံပြောဆိုထားခဲ့ပါတယ်။

ကွန်ပနီ

Photo Credit : The Sun

ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီဟာလည်း ယူနိုက်တက်အသင်းဆီ ရောက်ရှိလာဖို့အတွက် အတော်လေးကို နီးစပ်ခဲ့ဖူးပြီး ကွန်ပနီ အသက်(၁၈)နှစ်လောက်မှာပဲ အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ နီးစပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက ကွန်ပနီဟာ အန်ဒါလက်ချ်မှာ ပါဝင်ကစားနေပြီး ဖာဂူဆန်ရဲ့ ခေါ်ယူမယ့် လူစာရင်းထဲမှာ ပါဝင်ခဲ့သေးတယ်လို့ သိရပါတယ်။

အလန်ရှီးယား

Photo Credit : The Sun

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမား အလန်ရှီးယားကိုလည်း ယူနိုက်တက်တို့ ပိုင်ဆိုင်ဖို့ နီးစပ်ခဲ့ဖူးပါသေးတယ်။ ယူနိုက်တက်က ရှီးယားကို အလိုရှိခဲ့သလို ရှီးယားကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းသား ဖြစ်လာဖို့အတွက် ဆန္ဒရှိခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းက ရှီးယားရဲ့အသင်းဖြစ်ခဲ့တဲ့ ဘလက်ဘန်းအသင်းရဲ့ ပိုင်ရှင်ဖြစ်သူက ရှီးယားကို ယူနိုက်တက်ကလွဲပြီး ကျန်တဲ့အသင်းတွေဆီကိုသာ ရောင်းချဖို့ စီစဉ်ထားခဲ့တာကြောင့် အပြောင်းအရွှေ့က လုံးဝအထမမြောက်လာခဲ့ရတာဖြစ်ပါတယ်။

မာလ်ဒီနီ

Photo Credit : The Sun

ဘောလုံးလောကရဲ့ အကောင်းဆုံးခံစစ်မှူးတစ်ဦးဖြစ်သူ ပေါ်လိုမာလ်ဒီနီကိုလည်း ဖာဂူဆန်ကိုယ်တိုင် အသင်းဆီ ရောက်လာဖို့အတွက် ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ ဖာဂူဆန်ဟာ မာလ်ဒီနီရဲ့ဖခင်ဖြစ်သူနဲ့ တွေ့ဆုံရင်း ယူနိုက်တက်ဆီ မာလ်ဒီနီကို ပြောင်းရွှေ့ကစားခွင့်ရအောင် ကြိုးပမ်းခဲ့ပေမယ့် မာလ်ဒီနီရဲ့ဖခင်ဖြစ်သူက သူတို့တစ်မိသားစုလုံးဟာ မီလန်မှာပဲ အမြဲရှိနေမယ့်သူတွေဖြစ်လို့ ဒီကမ်းလှမ်းချက်ကို မေ့လိုက်ဖို့ တုံပြန်လာခဲ့တာကြောင့် မာလ်ဒီနီကို ခေါ်ယူဖို့လည်း လက်လျှော့ခဲ့ရပါတယ်။