မန်ယူအသင်းရဲ့ ဒုတိယ အမှုဆောင်ချုပ် အရာရှိ အက်ဝိုဝက်ကတော့ ရေရည် အောင်မြင်မှု ရရှိဖို့ နည်းပြ ဆိုးလ်ရှားနဲ့ အတူ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းမှာ ယာယီ နည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က အထင်ကြီး လေးစားစရာ ရလဒ်ကို ရရှိခဲ့တာကြောင့် အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ခံသွားခဲ့ရပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ (၂၀၁၉) ခုနှစ် မတ်လမှာ မန်ယူအသင်းရဲ့ အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ခံရပြီး မန်ယူအသင်းနဲ့ ကာလရှည် (၃) နှစ်ကြာ စာချုပ်ကို ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ ဆန်းချက်၊ လူကာကူ၊ စမောလင်း နဲ့ ဟာရဲရားတို့ကို ရောင်းခဲ့ပြီး မက်ဂွိုင်းယား၊ ဝမ်ဘစ်ဆာကာ နဲ့ ဒန်နီရယ် ဂျိမ်းတို့ကို ခေါ်ယူ အားဖြည့်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီအစမှာ ချဲလ်ဆီးအသင်းကို (၄-ဝ) ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပြီး ရာသီအစ အဖွင့်လှခဲ့ပေမဲ့လည်း ရာသီအလယ်မှာ ရလဒ်တွေ ပြန်လည် ဆိုးရွားခဲ့ပြန်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ မန်ယူအသင်းဟာ ခြေစွမ်းကောင်းကို ပြန်လည် ပိုင်ဆိုင်လာခဲ့ပြန်ပြီး အက်ဝိုဝက်က ရေရည် အောင်မြင်မှု ရဖို့ ဆောင်ရွက်နေပြီလို့ သတိပေး ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

အက်ဝိုဝက်က “ကျွန်တော်တို့ဟာ လက်ရှိရာသီရဲ့ နောက်ဆုံး တတိယအပိုင်းထဲကို ဝင်လာပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ၊ ယူရိုပါလိဂ် ပြိုင်ပွဲ နဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲတွေမှာ အကောင်းဆုံး အဆုံးသတ်ဖို့ ပြင်ဆင်နေကြပါတယ်။ အသင်းကို ပြန်တည်ဆောက်နေကြတဲ့ အချိန်မှာ တိုးတတ်အောင် ဆက်လက် ပြလုပ်သွားဦးမှာပါ။ ခေါ်ယူခဲ့တဲ့ ကစားသမားတွေ နဲ့ အကယ်ဒမီက တက်လာတဲ့ ကစားသမားတွေမှာ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ။ နည်းပြ ဆိုးလ်ရှားနဲ့ အတူ ကျွန်တော်တို့ရဲ့ စီမံကိန်းကို အကောင်အထည် ဖော်ဆောင်သွားမှာ ဖြစ်ပြီး ရေရည် အောင်မြင်မှု ရဖို့အတွက် အားလုံး အတူတကွ လုပ်ဆောင်သွားကြမှာပါ” လို့ မန်ယူအသင်းရဲ့ ရှေ့ရေး အနာဂတ်နဲ့ ပက်သက်ပြီး အခိုင်အမာ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။