ပရီးမီးယားလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ မန်ယူအသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ကာလရှည် အားနည်းချက်တစ်ခု ဖြစ်နေတဲ့ ညာတောင်ပံတိုက်စစ်ကို ပြုပြင်ဖို့ ကြိုးစားနေပြီး လက်ရှိမှာတော့ ဝုဗ်အသင်းရဲ့ တောင်ပံကစားသမား ဒီယေဂိုဂျိုတာကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း အင်္ဂလန်သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာတော့ ဒေါ့မွန်အသင်းရဲ့ ဆန်ချိုကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အသင်းလဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

မန်ယူအသင်းဟာ အင်္ဂလန်လူငယ် ကစားသမားဖြစ်တဲ့ ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းဝန်းကျင်အထိ သုံးကာ အသင်းထံ ခေါ်ယူဖို့ ကနဦးမှာ စီစဉ်ခဲ့ပေမယ့် ထိပ်တန်း အသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံလာရတဲ့ ဆန်ချိုကို မရရှိမှာ စိုးရိမ်တာကြောင့် ဂျိုတာကို စောင့်ကြည့်လာတာလို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။ အသက် ၂၃နှစ်အရွယ်သာ ရှိသေးတဲ့ ဂျိုတာဟာ နောက်ချန်တိုက်စစ် ၊ ညာတောင်ပံတိုက်စစ်နဲ့ အထောင်တိုက်စစ်မှူးနေရာတွေမှာ ဆော့ကစားနိုင်သူဖြစ်တာကြောင့် မန်ယူအသင်းနဲ့ အံဝင်နိုင်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Standard.com

လက်ရှိမှာတော့ ဂျိုတာဟာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ရရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ ဝုဗ်အသင်းအတွက် သွင်းဂိုး ၅ဂိုး ( ဟက်ထရစ် + ၂ဂိုး ) သွင်းယူပေးထားနိုင်သူလဲ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေရဲ့ ဖော်ပြချက်တွေအရတော့ ဝုဗ်အသင်းဟာ ဂျိုတာကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းဝန်းကျင် ရမှသာ ရောင်းထုတ်နိုင်ချေရှိနေကာ မန်ယူအသင်းကတော့ ဂျိုတာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းဝန်းကျင်သာ သုံးစွဲနိုင်ကြောင်း သိရှိရပါတယ်။