မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ အသင္းပိုင္ရွင္ ဂေလဇာမိသားစုနဲ႔ ယူနိုက္တက္အသင္းရဲ့ ပရိသတ္ေတြၾကားထဲမွာရွိတဲ့ အမုန္းတရားေတြဟာ လက္ရွိအခ်ိန္မွာေတာ့ အျမင့္မားဆုံး အေနအထားတစ္ရပ္ကို ေရာက္ရွိေနၿပီလို႔ သိရပါတယ္။ အစဥ္အလာၿပိဳင္ဘက္ လီဗာပူးလ္အသင္းနဲ႔ အေျခအေနခ်င္း ကြာဟသြားတဲ့အေပၚ ယူနိုက္တက္ပရိသတ္ေတြက မေက်မနပ္ျဖစ္ေနၿပီး သူတို႔အသင္း နိမ့္ပါးသြားခဲ့ရတာဟာ အသင္းပိုင္ရွင္မိသားစုျဖစ္တဲ့ ဂေလဇာမိသားစုေၾကာင့္လို႔ ရွုျမင္ေနၾကပါတယ္။

Photo Credit: Express.com

ဂေလဇာမိသားစုဟာ ယူနိုက္တက္အသင္းကို ေႂကြးၿမီမ်ားစြာနဲ႔ ဝယ္ယူခဲ့ၿပီးေနာက္မွာ အသင္းအတ​ြက္ လိုအပ္တဲ့ေျပာင္းေရႊ႕ေၾကးေတြကို ထုတ္ေပးရမယ့္အစား အသင္းရဲ့ေငြေၾကးေတြကိုသာ သူတို႔ရဲ့ အိတ္ကပ္ထဲ ထည့္ခဲ့တယ္ လို႔ ယူနိုက္တက္ပရိသတ္ေတြက စြပ္စြဲေျပာဆိုေနၾကပါတယ္။ အခုခ်ိန္မွာေတာ့ ယူနိုက္တက္ ပရိသတ္ေတြဟာ ဂေလဇာမိသားစုရဲ့ အသင္းအေပၚထားတဲ့ သေဘာထားကို ေျပာင္းလဲေစရန္ ဆႏၵျပမွုေတြ ျပဳလုပ္ေတာ့မယ္လို႔ သိရပါတယ္။

Photo Credit: Express.com

ထြက္ေပၚလာတဲ့ သတင္းေတြအရ အသင္းရဲ့ ပရိသတ္ေတြဟာ ေနာက္လာမယ့္ အသင္းရဲ့ အိမ္ကြင္းပြဲစဥ္ျဖစ္တဲ့ ဝုဗ္အသင္းနဲ႔ပြဲစဥ္မွာ ဂေလဇာမိသားစုကို ဆႏၵျပဖို႔အတြက္ စတင္ စည္း႐ုံးေနၿပီး ပြဲကစားခ်ိန္ ၅၈မိနစ္ေရာက္တဲ့အခါ တူညီစြာ ကြင္းထဲကေန ထြက္ခြာသြားဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္​။

Photo Credit: Express.com

ယူနိုက္တက္ပရိသတ္ေတြဟာ လက္ရွိ အသင္းရဲ့ အေျပာင္းအေရႊ႕ လုပ္ေဆာင္မွုေတြကို အလြန္အမင္း စိတ္ပ်က္ေနၾကၿပီး လိုအပ္တဲ့ ေနရာေတြကို ကစားသမားဝယ္ယူမွု မျပဳလုပ္တဲ့ အသင္းရဲ့ ဒုတိယဥကၠဌ အက္ဝုဒ္ဝက္ကိုပါ ရာထူးကေန ထြက္ခြာဖို႔အတြက္ ေတာင္းဆိုေနၾကပါတယ္။ ယူနိုက္တက္ပရိသတ္ေတ​ြရဲ့ ဆႏၵျပမွုဟာ ဘယ္လိုအရာထင္လာမလဲဆိုတာကို ဆက္လက္ေစာင့္ၾကည့္သြားရမွာပဲ ျဖစ္ပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေကြားထဲမှာရှိတဲ့ အမုန်းတရားတွေဟာ လက်ရှိအချိန်မှာတော့ အမြင့်မားဆုံး အနေအထားတစ်ရပ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အစဉ်အလာပြိုင်ဘက် လီဗာပူးလ်အသင်းနဲ့ အခြေအနေချင်း ကွာဟသွားတဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေက မကျေမနပ်ဖြစ်နေပြီး သူတို့အသင်း နိမ့်ပါးသွားခဲ့ရတာဟာ အသင်းပိုင်ရှင်မိသားစုဖြစ်တဲ့ ဂလေဇာမိသားစုကြောင့်လို့ ရှုမြင်နေကြပါတယ်။

Photo Credit: Express.com

ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ကြွေးမြီများစွာနဲ့ ဝယ်ယူခဲ့ပြီးနောက်မှာ အသင်းအတ​ွက် လိုအပ်တဲ့ပြောင်းရွှေ့ကြေးတွေကို ထုတ်ပေးရမယ့်အစား အသင်းရဲ့ငွေကြေးတွေကိုသာ သူတို့ရဲ့ အိတ်ကပ်ထဲ ထည့်ခဲ့တယ် လို့ ယူနိုက်တက်ပရိသတ်တွေက စွပ်စွဲပြောဆိုနေကြပါတယ်။ အခုချိန်မှာတော့ ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာမိသားစုရဲ့ အသင်းအပေါ်ထားတဲ့ သဘောထားကို ပြောင်းလဲစေရန် ဆန္ဒပြမှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။

Photo Credit: Express.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အသင်းရဲ့ ပရိသတ်တွေဟာ နောက်လာမယ့် အသင်းရဲ့ အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ဂလေဇာမိသားစုကို ဆန္ဒပြဖို့အတွက် စတင် စည်းရုံးနေပြီး ပွဲကစားချိန် ၅၈မိနစ်ရောက်တဲ့အခါ တူညီစွာ ကွင်းထဲကနေ ထွက်ခွာသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်​။

Photo Credit: Express.com

ယူနိုက်တက်ပရိသတ်တွေဟာ လက်ရှိ အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို အလွန်အမင်း စိတ်ပျက်နေကြပြီး လိုအပ်တဲ့ နေရာတွေကို ကစားသမားဝယ်ယူမှု မပြုလုပ်တဲ့ အသင်းရဲ့ ဒုတိယဥက္ကဌ အက်ဝုဒ်ဝက်ကိုပါ ရာထူးကနေ ထွက်ခွာဖို့အတွက် တောင်းဆိုနေကြပါတယ်။ ယူနိုက်တက်ပရိသတ်တေ​ွရဲ့ ဆန္ဒပြမှုဟာ ဘယ်လိုအရာထင်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။