အခုက ၂၀၂၀ႏွစ္သစ္ကုိ ေရာက္ရွိလာခဲဲ႔ၿပီျဖစ္လုိ႔ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီရဲ႕ခရီးလမ္းတစ္ဝက္ကုိ ေရာက္ရွိလာခဲဲ႔ၿပီျဖစ္ပါတယ္။ ဒီလုိအခ်ိန္မွာ အသင္းေတာ္ေတာ္မ်ားမ်ားက လာမယ့္၂၀၂၀-၂၀၂၁ ေဘာလုံးရာသီအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြကုိ  ျပဳလုပ္ေနၾကပါၿပီ။ လာမယ့္ေဘာလုံးရာသီအတြက္ ေခၚယူသြားမယ့္ ကစားသမားသစ္ေတြကုိ စာရင္းျပဳစုလာၾကသလုိ ရာသီသစ္မွာ ဝတ္ဆင္သြားမယ့္ အိမ္ကြင္းအေဝးကြင္းဝတ္စုံဒီဇုိင္းေတြကုိ စပြန္ဆာေပးထားတဲ႔ အားကစားဝတ္စုံကုမၼဏီႀကီးေတြနဲ႔ ေဆြးေႏြးညိႏႈိင္းမႈေတြကုိလည္း လုပ္ေဆာင္လာၾကပါတယ္။

Photo Credit : The Sun

ယူႏုိက္တက္အသင္းဟာ လာမယ့္ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီအတြင္းမွာ အေဝးကြင္းဝတ္စုံဒီဇုိင္းသစ္အျဖစ္ ဂ်ဳဗင္တပ္စ္အသင္း နွစ္စဥ္ႏွစ္တုိင္း ဝတ္ဆင္ေလ့ရွိတဲ႔ အိမ္ကြင္းဝတ္စုံ ပုံစံမ်ိဳးျဖစ္တဲ႔ အျဖဴနဲ႔အမည္းၾကား ဒီဇုိင္းပုံစံလုိကုိ ဝတ္ဆင္လာေတာ့မွာျဖစ္တယ္လုိ႔ ယူႏုိက္တက္နဲ႔ နီးစပ္ရာကေန သတင္းထြက္လာခဲ႔ပါတယ္။ ယူႏုိက္တက္အသင္းဟာ ၁၉၇၈ခုႏွစ္ ၁၉၈၀ဝန္းက်င္ေလာက္မွာ ဒီလုိပုံစံတူ ဝတ္စုံဒီဇုိင္းကုိ ဝတ္ဆင္ခဲ႔ဖူးၿပီး အေဝးကြင္းဝတ္စုံရဲ႕ဘယ္ဘက္အပုိင္းမွာ အမည္းေရာင္းအစင္းၾကားေတြႏွစ္ေၾကာင္းေလာက္နဲ႔ ဒီဇုိင္းထြင္ထားတာျဖစ္ပါတယ္

Photo Credit : FC Naija

ဒီလုိထြက္ေပၚေနတဲ႔ သတင္းေတြနဲ႔ပတ္သက္ၿပီး ယူႏုိက္တက္အသင္းနဲ႔ စပြန္ဆာယူထားတဲ႔ Adidas ကုမၼဏီတုိ႔ကေန ဘာမွတုန္႔ျပန္ေျပာဆုိထားျခင္းမရွိခဲ႔ေပမယ့္လည္း ဒီလုိဒီဇုိင္းမ်ိဴးကုိ ဖန္တီးဖုိ႔အတြက္ ယခင္ကတည္းက သူတုိ႔ေတြစီစဥ္ခဲ့တာကုိ ဂ်ဳဗင္တပ္စ္အသင္းဘက္ကေန ျငင္းဆန္ပယ္ခ်ခဲ႔ဖူးတယ္ဆုိတာကေတာ့ လုံးဝမဟုတ္ေၾကာင္း ျပန္လည္ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ ယူႏုိက္တက္အသင္းဟာ အေဝးကြင္းဝတ္စုံေတြကုိ အေရာင္တစ္မ်ိဳးတည္းသာ ဝတ္ဆင္ကစားတတ္ေလ့ရွိၿပီး အမ်ားဆုံးဝတ္ဆင္ခဲ႔တဲဲ႔ အေရာင္ေတြကေတာ့ အျဖဴ အမည္းနဲ႔ အျပာေရာင္ေတြျဖစ္ကာ ဒီႏွစ္ေဘာလုံးရာသီမွာေတာ့ အညိဳနဲ႔ေရႊေရာင္သမ္းတဲ့ အေရာင္ဆန္းေလးကုိ ဝတ္ဆင္ေနသလို မႏွစ္ကလည္း ပန္းေရာင္ကုိ ဝတ္ဆင္ျဖစ္ခဲ႔ပါေသးတယ္။ လက္ရွိမွာ အမွတ္ေပးဇယားရဲ႕အဆင့္၅ေနရာကုိ ေရာက္ရွိလုိ႔ေနတဲ႔ ယူႏုိက္တက္အသင္းဟာ ဒီေန႔မွာ အာဆင္နယ္အသင္းနဲ႔ အေဝးကြင္းမွာ ပရီးမီးယားလိဂ္ပြဲက်ပ္တစ္ပြဲကုိ ရင္ဆုိင္ရေတာ့မွာပဲျဖစ္ပါတယ္။

(Unicode)

လာမယ့်ဘောလုံးရာသီမှာ ဂျုဗီလို ဝတ်စုံဒီဇိုင်းမျိုးကို ဝတ်ဆင်သွားဖွယ်ရှိနေတဲ့ ယူနိုက်တက်

အခုက ၂၀၂၀နှစ်သစ်ကို ရောက်ရှိလာခဲဲ့ပြီဖြစ်လို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ခရီးလမ်းတစ်ဝက်ကို ရောက်ရှိလာခဲဲ့ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အသင်းတော်တော်များများက လာမယ့်၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေကို  ပြုလုပ်နေကြပါပြီ။ လာမယ့်ဘောလုံးရာသီအတွက် ခေါ်ယူသွားမယ့် ကစားသမားသစ်တွေကို စာရင်းပြုစုလာကြသလို ရာသီသစ်မှာ ဝတ်ဆင်သွားမယ့် အိမ်ကွင်းအဝေးကွင်းဝတ်စုံဒီဇိုင်းတွေကို စပွန်ဆာပေးထားတဲ့ အားကစားဝတ်စုံကုမ္မဏီကြီးတွေနဲ့ ဆွေးနွေးညိနှိုင်းမှုတွေကိုလည်း လုပ်ဆောင်လာကြပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်းမှာ အဝေးကွင်းဝတ်စုံဒီဇိုင်းသစ်အဖြစ် ဂျုဗင်တပ်စ်အသင်း နှစ်စဉ်နှစ်တိုင်း ဝတ်ဆင်လေ့ရှိတဲ့ အိမ်ကွင်းဝတ်စုံ ပုံစံမျိုးဖြစ်တဲ့ အဖြူနဲ့အမည်းကြား ဒီဇိုင်းပုံစံလိုကို ဝတ်ဆင်လာတော့မှာဖြစ်တယ်လို့ ယူနိုက်တက်နဲ့ နီးစပ်ရာကနေ သတင်းထွက်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ၁၉၇၈ခုနှစ် ၁၉၈၀ဝန်းကျင်လောက်မှာ ဒီလိုပုံစံတူ ဝတ်စုံဒီဇိုင်းကို ဝတ်ဆင်ခဲ့ဖူးပြီး အဝေးကွင်းဝတ်စုံရဲ့ဘယ်ဘက်အပိုင်းမှာ အမည်းရောင်းအစင်းကြားတွေနှစ်ကြောင်းလောက်နဲ့ ဒီဇိုင်းထွင်ထားတာဖြစ်ပါတယ်။

Photo Credit : FC Naija

ဒီလိုထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်းနဲ့ စပွန်ဆာယူထားတဲ့ Adidas ကုမ္မဏီတို့ကနေ ဘာမှတုန့်ပြန်ပြောဆိုထားခြင်းမရှိခဲ့ပေမယ့်လည်း ဒီလိုဒီဇိုင်းမျိူးကို ဖန်တီးဖို့အတွက် ယခင်ကတည်းက သူတို့တွေစီစဉ်ခဲ့တာကို ဂျုဗင်တပ်စ်အသင်းဘက်ကနေ ငြင်းဆန်ပယ်ချခဲ့ဖူးတယ်ဆိုတာကတော့ လုံးဝမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အဝေးကွင်းဝတ်စုံတွေကို အရောင်တစ်မျိုးတည်းသာ ဝတ်ဆင်ကစားတတ်လေ့ရှိပြီး အများဆုံးဝတ်ဆင်ခဲ့တဲဲ့ အရောင်တွေကတော့ အဖြူ အမည်းနဲ့ အပြာရောင်တွေဖြစ်ကာ ဒီနှစ်ဘောလုံးရာသီမှာတော့ အညိုနဲ့ရွှေရောင်သမ်းတဲ့ အရောင်ဆန်းလေးကို ဝတ်ဆင်နေသလို မနှစ်ကလည်း ပန်းရောင်ကို ဝတ်ဆင်ဖြစ်ခဲ့ပါသေးတယ်။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့အဆင့်၅နေရာကို ရောက်ရှိလို့နေတဲ့ ယူနိုက်တက်အသင်းဟာ ဒီနေ့မှာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းမှာ ပရီးမီးယားလိဂ်ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။