နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းမှာ ဆက်နေမယ်လို့ မပြောမချင်း ဆန်ချိုကို ခေါ်ယူဖို့ လက်လျော့သွားးမှာ မဟုတ်ဘူးလို့ အင်္ဂလန် အခြေစိုက် TherSun သတင်းက ဖော်ပြသွားခဲ့တာ ဖြစ်ပြီး ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိပါတယ်။ ဒေါမွန်အသင်းရဲ့ အကြီးအကဲ တစ်ဦးကတော့ ဆန်ချိုအနေနဲ့ လာမယ့် ရာသီကို ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ကစားမှာ ဖြစ်တယ်လို့ ပြေသွားခဲ့ပေမယ့်လည်း ကစားသမား ကိုယ်တိုင် ဆန်ချိုက ဒေါ့မွန်အသင်းမှာပဲ ဆက်ကစားမယ်လို့ ပြောကြားထားခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားတဲ့ အချိန်မှာ ဆန်ချိုရဲ့ အပြောင်းအရွေ့ကြေးက ပေါင်သန်း (၇၀) ကနေ ပေါင် သန်း (၁၁၀) အထိ မြင့်တတက်ခဲ့တာ ဖြစ်တာကြောင့် ဆန်ချိုကို ခေါ်ယူဖို့ လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်လျှော့ဖို ကြိုးစားခဲ့တဲ့ ဆန်ချိုကို ခေါ်ယူဖို့ ပြန်လည် ကြိုးစားနေတာ ဖြစ်ပြီး လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာ ဆန်ချိုကို ခေါ်ယူချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Thesum

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိမှာ ဗန်ဒါဘီကို အေဂျက်အသင်းကနေ ပေါင် သန်း (၄၀) နဲ့ ခေါ်ယူနိုင်ဖို့ အတွက် ကြိုးပမ်းနေတာ ဖြစ်ပြီး နောက်ခံ ဗဟို ခံစစ်မှူး တစ်ယောက် နဲ့ ဘယ်အစွန် နောက်ခံလူ တစ်ဦးကို ခေါ်ယူချင်နေလျက် ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဂရင်းဝုဒ်၊ မာရှယ် နဲ့ ရှက်ဖို့ဒ်တို့နဲ့ အတူ တွဲကစားနိုင်တဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ် ရှိနေတာ ဖြစ်ပေမယ့် ဒေါ့မွန်အသင်းရဲ့ အဓိက တောင်ပံ ကစားသမား ဖြစ်သူကို ဆန်ချိုကို အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် စိတ်ဝင်စားလျက် ရှိပါတယ်.