မန်ယူအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖြစ်သူ ဖာဒီနန်ကတော့ မန်ယူအသင်းအနေနဲ့ ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်မယ် ဆိုရင် မန်ယူအသင်းရဲ့ တိုက်စစ်က အားကျစရာကောင်းတဲ့ တိုက်စစ် ဖြစ်လာလိမ့်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူအသင်းဟာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဒေါ့မွန်အသင်း နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လူငယ် ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူချင်နေပြီး ရှေ့လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက် အတွင်းမှာ အပြီးသတ် ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဆန်ချိုဟာ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်စီးတီးအသင်းမှာ ကစားခဲ့ဖူးပေမဲ့လည်း ပွဲထွက်ခွင့် မရရှိခဲ့တဲ့ အတွက် လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ ဒေါ့မွန်အသင်းကို ပြောင်းရွေ့သွားခဲ့ပြီး ဒေါ့မွန်အသင်းနဲ့ အတူ တစ်နှစ်ထက် တစ်နှစ် အောင်မြင်သထက် အောင်မြင်လျက် ရှိပါတယ်။ ဒေ့ါမွန်အသင်းဟာ ပေါင် သန်း (၁၀၀) နဲ့ အထက် ရမယ်ဆိုရင် ဆန်ချိုကို ရောင်းချသွားမယ်လို့ သတင်းတွေ ထွက်လာနေတာကြောင့် မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ မန်ယူအသင်းအနေနဲ့ ဆန်ချိုကို ခေါ်ယူသင့်ပါတယ်လို့ တိုက်တွန်းသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

ၤFIVE’s Youtube Channel မှာ ဖာဒီနန်က “တကယ်လို့ လက်ရှိမန်ယူအသင်းကို ကြည့်လိုက်ရင် တွန်မီးနေး ရှိတယ်။ ဖာနန်ဒက်စ် ရှိတယ်။ ပေါ့ဘာ ရှိတယ်။ ရက်ချ်ဖို့ဒ်က ရှေ့တန်းမှာ ရှိနေပြီး မာရှယ်က ဘယ်ဖက်မှာ ရှိနေတယ်။ တကယ်လို့ ဆန်ချိုကို ဝယ်ယူလိုက်ရင် သူ ဒါမှမဟုတ်ရင် ဂျိမ်းက ညာဘက်မှာ ရှိနေမယ်။ တကယ်လို့ ဒီလူတွေက ပွဲစဉ်နေ့မှာ ခြေစွမ်းပြနေတယ် ဆိုရင် အဲဒီပွဲစဉ်မှာ သူတို့တွေကို ယုံကြည်ရမယ်။ အခြားအသင်းအတွက်ကတော့ အလွန် ခက်ခဲတဲ့ ပွဲ ဖြစ်သွားမှာပါ။ မန်ယူအသင်းမှာ အရည်အချင်း ရှိပြီး မယုံနိုင်စရာ ကောင်းပါတယ်။ တကယ်လို့ အဲဒီလို ညီညွတ်မှုကို ရရှိပြီ ဆိုရင် အသင်းက တိုးတတ်လာစရာပဲ ရှိတယ်။ ဖြစ်လာသမျှတွေက သွားရည်ကျစရာ အားကျစရာပဲ ဖြစ်တော့မှာပါပဲ”လို့ သူ့ရဲ့ အမြင်တွေကို မျှဝေပြောကြားသွားပါတယ်။