မန္ယူအသင္းဟာ နည္းျပ ဆုိးလ္ရွားရဲ႕ လက္ေအာက္မွာ ရလဒ္ တုိးတတ္မႈ မရွိဘူးဆုိရင္ သူ႔ကုိ ထုတ္ၿပီး ယူရို (၂၀၂၀) အၿပီးမွာ အဂၤလန္ နည္းျပ ေဆာက္ဂိတ္ကုိ နည္းျပသစ္ အျဖစ္ ခန္႔အပ္ဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ DailyMail က ေဖာ္ျပထားပါတယ္။ မန္ယူအသင္းဟာ အားလုံးသိေနၾကတဲ့ အတုိင္း နည္းျပ ဆုိးလ္ရွားကို အထူး ရွယ္အခြင့္အေရး ေပးထားၿပီး ရလဒ္ေတြ ဆုိးေနရင္ေတာင္ ဆက္လက္ ယုံၾကည္ေပးခဲ့ၿပီး တကယ္လုိ႔ တုိးတတ္မႈ မရွိရင္ အထုတ္ခံရေတာ့မွာ ျဖစ္ပါတယ္။

Photo Credit: DailyMail

မန္ယူအသင္းဟာ အဂၤါေန႔ညက အိမ္ကြင္း အုိးထရက္ဖုိ႔ဒ္ကြင္းမွာ ဘန္ေလအသင္းကုိ (၂-၀) နဲ႔ ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ မန္ယူ ပရိသတ္ေတြက မန္ယူ အသင္းပုိင္ရွင္ေတြကုိ ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီး ယေန႔ည FA ဖလားပဲြစဥ္ ကစားရမွာပဲ ျဖစ္ပါတယ္။ မန္ယူအသင္းအေနနဲ႔ နည္းျပ ဆုိးလ္ရွားကုိ ထုတ္ပယ္မယ္ဆုိရင္ နည္းျပသစ္ အျဖစ္ ခန္႔ဖုိ႔ ျဖစ္ႏုိင္ေခ် အရွိဆုံး နည္းျပ (၂) ေယာက္ ရွိေနၿပီး သူတုိ႔ (၂) ဦးမွာ စပါးနည္းျပေဟာင္း ပုိခ်ယ္တီႏုိ နဲ႔ အဂၤလန္ နည္းျပ ေဆာက္ဂိတ္ ျဖစ္ပါတယ္။

Photo Credit: DailyMail

DailyMail သတင္းအရ မန္ယူအသင္း အေနနဲ႔ နည္းျပ ပုိခ်ယ္တီႏုိထက္ နည္းျပ ေဆာက္ဂိတ္ကုိ ပုိ ခန္႔ဖုိ႔ အလားအလာ မ်ားတယ္လုိ႔ ေဖာ္ျပခဲ့ၿပီး နည္းျပ ေဆာက္ဂိတ္ဟာ အဂၤလန္ နည္းျပအျဖစ္ မန္ယူအသင္းရဲ႕ ေလ့က်င့္ေရးကြင္းကုိ ပုံမွန္ လာေရာက္ေလ့ ရွိတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္၊ မန္ယူအသင္းရဲ႕ တာဝန္ခံ အယ္ဒ္ဝုတ္ဝက္ဒ္ကလည္း နည္းျပ ေဆာက္ဂိတ္ရဲ႕ လက္ေအာက္မွာ အဂၤလန္အသင္း တုိးတတ္လာတာကုိ အထင္းႀကီး ေလးစားေနတယ္လုိ႔ သိရတာပဲ ျဖစ္ပါတယ္။

(Unicode)

မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ရလဒ် တိုးတတ်မှု မရှိဘူးဆိုရင် သူ့ကို ထုတ်ပြီး ယူရို (၂၀၂၀) အပြီးမှာ အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ DailyMail က ဖော်ပြထားပါတယ်။ မန်ယူအသင်းဟာ အားလုံးသိနေကြတဲ့ အတိုင်း နည်းပြ ဆိုးလ်ရှားကို အထူး ရှယ်အခွင့်အရေး ပေးထားပြီး ရလဒ်တွေ ဆိုးနေရင်တောင် ဆက်လက် ယုံကြည်ပေးခဲ့ပြီး တကယ်လို့ တိုးတတ်မှု မရှိရင် အထုတ်ခံရတော့မှာ ဖြစ်ပါတယ်။

Photo Credit: DailyMail

မန်ယူအသင်းဟာ အင်္ဂါနေ့ညက အိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းမှာ ဘန်လေအသင်းကို (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် မန်ယူ ပရိသတ်တွေက မန်ယူ အသင်းပိုင်ရှင်တွေကို ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ယနေ့ည FA ဖလားပွဲစဉ် ကစားရမှာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်မယ်ဆိုရင် နည်းပြသစ် အဖြစ် ခန့်ဖို့ ဖြစ်နိုင်ချေ အရှိဆုံး နည်းပြ (၂) ယောက် ရှိနေပြီး သူတို့ (၂) ဦးမှာ စပါးနည်းပြဟောင်း ပိုချယ်တီနို နဲ့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဖြစ်ပါတယ်။

Photo Credit: DailyMail

DailyMail သတင်းအရ မန်ယူအသင်း အနေနဲ့ နည်းပြ ပိုချယ်တီနိုထက် နည်းပြ ဆောက်ဂိတ်ကို ပို ခန့်ဖို့ အလားအလာ များတယ်လို့ ဖော်ပြခဲ့ပြီး နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန် နည်းပြအဖြစ် မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ပုံမှန် လာရောက်လေ့ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင်၊ မန်ယူအသင်းရဲ့ တာဝန်ခံ အယ်ဒ်ဝုတ်ဝက်ဒ်ကလည်း နည်းပြ ဆောက်ဂိတ်ရဲ့ လက်အောက်မှာ အင်္ဂလန်အသင်း တိုးတတ်လာတာကို အထင်းကြီး လေးစားနေတယ်လို့ သိရတာပဲ ဖြစ်ပါတယ်။