မန်ချက်စတာယူနိုက်တက်အသင်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ရဲ့ တစ်ပတ်တာ ကာလအတွင်းမှာပဲ ကစားသမား ၁၅ ဦးထက်မနည်းကို ခေါ်ယူခွင့် ရရှိဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Adrien Rabiot joins from Juventus plus Marko Arnautovic brings 'self  belief' Manchester United lack - How Erik ten Hag's side could line-up with  shock signings

Photo Credit : talkSPORT

သြဂုတ်လ ဒုတိယအပတ်အတွင်း ဘိုလော့ဂ်နာ တိုက်စစ်မှူး မာကိုအနော်တိုဗစ်နဲ့ ဂျုဗင်တပ်စ် ကွင်းလယ်လူ အက်ဒရီယန်ရာဘီယူတို့ကို ခေါ်ယူဖို့ ပျက်ပြယ်ခဲ့ရပြီးနောက် အဲ့ဒီအခိုက်အတန့်က ယူနိုက်တက်အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ အလွန်ခက်ခဲနေရတဲ့ ကာလတစ်ခုလို ဖြစ်သွားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ တချို့ကလပ်အသင်းများစွာက သူတို့အသင်းမှာ အလိုမရှိတော့တဲ့ ကစားသမားတွေကို ယူနိုက်တက်အသင်းဆီ ရောင်းချဖို့ ဆက်သွယ်လာခဲ့သလို ယူနိုက်တက်ဘက်ကလည်း နောက်ထပ် ကစားသမားတွေကို ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရာ တစ်ပတ်တာအတွင်းမှာပဲ ကစားသမား (၁၅)ဦးမထက်ကို ကမ်းလှမ်းခဲ့တယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။

United also considered a move for Brighton star Moises Caicedo

Photo Credit : The Sun

ယူနိုက်တက်က နွေဈေးကွက်ထဲမှာ ကွင်းလယ်ပိုင်း အားဖြည့်ဖို့အတွက် ဒီယောင်းနဲ့ ရာဘီယူတို့ကို ခေါ်ယူဖို့ ချိန်ရွှယ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပြီးနောက်ပိုင်း ဂျုဗင်တပ်စ်ရဲ့ ပါရေဒက် မက်ကန်နီတို့ကို ကမ်းလှမ်းခဲ့သေးသလို ဘရိုက်တန်ရဲ့ ကြယ်ပွင့်ကစားသမားလေး ကိုင်စီဒိုကိုပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ညာခြမ်းခံစစ်နေရာအတွက်ကိုလည်း ဘာစီလိုနာ ညာနောက်ခံလူ ဆာဂျီညိုဒက်စ်နဲ့ ဒေါ့မွန် ညာနောက်ခံလူ သောမတ်စ်မြူနီယာတို့ကိုပါ ကမ်းလှမ်းခဲ့ပြီး တောင်ပံတိုက်စစ်နေရာအတွက်ကိုလည်း ပရီးမီးယားလိဂ် ပြိုင်ဘက်အသင် ချယ်လ်ဆီးရဲ့ ခရစ္စတီယန်ပူလီဆစ် အသက်လက်တီကိုမက်ဒရစ်ရဲ့ ကာရက်စ်ကို နာပိုလီရဲ့ လိုဇာနုတို့ကို ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒီကစားသမားတွေနဲ့အတူ အသင်းကို ရောက်ရှိလာခဲ့ကြတဲ့ ကက်စီမီရို အန်တိုနီတို့ကိုလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရာ ဒီကစားသမာတွေက ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာကြောင့် အခုဆိုရင် ယူနိုက်တက်အသင်းသားတွေပါ ဖြစ်နေရပါပြီ။ ယူနိုက်တက်က ဒီနှစ်ရဲ့ နွေဈေးကွက်ထဲမှာ ကွင်းလယ်အတွက် အဲရစ်ဆင်နဲ့ ကက်စီမီရို နောက်တန်းအတွက် မာလာစီယာနဲ့ လီဆန်ဒရိုမာတီနက်ဇ် တောင်ပံတိုက်စစ်နေရာအတွက် အန်တိုနီနဲ့ ဂိုးသမားနေရာအတွက် ဒူဗရေကာတို့ကို ခေါ်ယူခဲ့ပြီး အသင်းအတွက် အားရကျေနပ်စရာကောင်းတဲ့ ဈေးကွက်တစ်ခု ဖြစ်ခဲ့ရပါတယ်။