MySport Myanmar

စီးတီး ကစားသမားဟောင်းလေးကို စိတ်ဝင်စားနေပြန်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းက လက်ရှိမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးရဲ့ ကစားသမားဟောင်းလေးဖြစ်သူ ဖီးလစ်အန်မက်ကာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Manchester Evening News

လက်ရှိမှာ အသက်(၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဝုလ်ဖ်ဘတ် ကွင်းလယ် တိုက်စစ်ကစားသမားလေး အန်မက်ကာဟာ မန်စီးတီးအသင်းရဲ့ လူငယ် အကယ်ဒမီမှာ ဘောလုံးပညာကို ဆည်ပူးခဲ့ရင်းနဲ့ စီးတီးရဲ့ လူငယ်အသင်းအတွက်သာ ကစားခွင့် ရခဲ့သလို စီးတီး စီနီယာအတွက် (၂)ပွဲသာ ကစားနိုင်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ အန်မက်ကာဟာ မန်စီးတီးကနေ ထွက်ခွာပြီး ဘွန်ဒက်စ်လီဂါကလပ် ဝုလ်ဖ်ဘတ်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်း ဝုလ်ဖ်ဘတ်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Get German Football News

အန်မက်ကာက စီးတီးကနေ ဝုလ်ဖ်ဘတ်ကို ရောက်ရောက်ချင်းမှာ ပွဲထွက် ကစားသမားအဖြစ် ကစားခွင့် သိပ်မရသေးပဲ ဒီရာသီမှသာ ပွဲပေါင်း (၃၀)အထိကို ပါဝင်ဆင်နွဲခဲ့ရပါတယ်။ (၃)ဂိုးသွင်း (၅)ဂိုးဖန်တီးပြီး အခွင့်အရေးပေါင်း အကြိမ် (၂၀)အထိ လုပ်ဆောင်ထားနိုင်သူ ဂျာမန်သားလေး အန်မက်ကာကို မန်ယူနိုက်တက်အသင်းက စိတ်ဝင်စားလာခဲ့ပြီး ကစားသမားရဲ့ ဖခင်ဖြစ်သူနဲ့ အပြောင်းအရွှေ့ကိစ္စ တွေ့ဆုံဆွေးနွေးလျက် ရှိနေပါတယ်။

Photo Credit : BVB Buzz

ယူနိုက်တက်ဟာ ဒီကစားသမားလေးအတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်းလောက်သာ အသုံးပြုရနိုင်တယ်လို့ SPORT1 ကနေ ဖော်ပြထားတာ ဖြစ်ပေမယ့် ဒီအခြေအနေနဲ့ ပတ်သက်လို့ ယူနိုက်တက် ပရိသတ်တွေကတော့ သူတို့အသင်းက အခုလို ကစားသမားတွေသာ ချိန်ရွယ်နေပြီး ခေါ်ယူမှု မပြုလုပ်သေးတဲ့အပေါ် စိတ်ပျက်နေကာ အသင်းကိုလည်း Watching FC လို့ပါ လှောင်ပြောင်ခေါ်ဝေါ်လို့နေပါတယ်။

Exit mobile version