MySport Myanmar

ကက်စီမဲရိုးနေရာအတွက် တန်ဟက်ဂ် တပည့်ဟောင်း အဲလ်ဗာရက်ဇ်ကို ခေါ်ယူသွားချင်နေတဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့အတူ အေဂျက်စ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ မက္ကဆီကို ကွင်းလယ်ကစားသမား အက်ဆွန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တန်ဟက်ဂ်ဟာ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကိုင်တွယ်ခဲ့တဲ့ နှစ်မှာပဲ အေဂျက်စ်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်နဲ့ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီတို့ကိုပါ ယူနိုက်တက်ဆီ ခေါ်ဆောင်ခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း နောက်ထပ် အေဂျက်စ် ကစားသမားဟောင်းဖြစ်တဲ့ ဂိုးသမား အန်ဒရေ အိုနာနာကို ထပ်မံ ခေါ်ယူခဲ့ပြန်ပါတယ်။

Photo Credit : Goal

လက်ရှိ ဒီနွေဈေးကွက်အတွင်းမှာပဲ ယူနိုက်တက် ကွင်းလယ်ပိုင်းက ကက်စီမဲရိုး အဲရစ်ဆင်တို့က အသင်းကနေ ထွက်ခွာသွားနိုင်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် အဓိက ကက်စီမဲရိုးနေရာမှာ အစားထိုးသွားဖို့အတွက် ယူနိုက်တက်က ကွင်းလယ်ခံစစ် ကစားသမားတွေကို စတင် ပစ်မှတ်ထားလာခဲ့ပါတယ်။

ကနဦးပိုင်းမှာ ယူနိုက်တက်က ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ ဆယ်ကျော်သက် ကစားသမားလေး ဂျာအို နေးဗက်စ်ကို အဓိက ပစ်မှတ်ထားနေပေမယ့်လည်း နေးဗက်စ်အတွက် ဘင်ဖီကာဘက်ကနေ သတ်မှတ်ထားတဲ့ တန်ကြေးက အနိမ့်ဆုံး ပေါင် သန်း(၁၀၀)အထိ မြင့်မားလွန်းနေတာကြောင့် ဒါက ယူနိုက်တက်အတွက် အတော်လေး အခက်တွေ့ခဲ့ရပါတယ်။

Photo Credit : Stretty News

ဒါကြောင့် ယူနိုက်တက်က သူတို့ရဲ့ပစ်မှတ်ကို ပြောင်းလဲခဲ့ရပြီး လက်ရှိမှာတော့ တန်ဟက်ဂ် တပည့်ဟောင်း အဲလ်ဗာရက်ဇ်ကို ချိန်ရွယ်လာခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် မက္ကဆီကို အသင်းခေါင်းဆောင် အဲလ်ဗာရက်ဇ်ဟာ ကွင်းလယ်ခံစစ်နေရာအပြင် ဗဟိုခံစစ်မှာပါ လိုက်ပါကစားနိုင်သူဖြစ်ပြီး မနှစ်ကမှ အေဂျက်စ်ကနေ ဝက်စ်ဟမ်းအသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒက်ကလန်ရိုက်စ်ကို လက်လွတ်ခဲ့ရတဲ့ ဝက်စ်ဟမ်းဟာ အဲလ်ဗာရက်ဇ်ကို ပြန်လည် ခေါ်ယူနိုင်ခဲ့လို့ အသင်းရဲ့ကွင်းလယ်က ရုပ်ပျက်ဆင်းပျက် မဖြစ်သွားခဲ့ရတာကြောင့် အဲလ်ဗာရက်ဇ်ကို အသင်းအတွက် အဓိက ကစားသမားအဖြစ် သတ်မှတ်ထားတာမို့ ယူနိုက်တက်အနေနဲ့ ဒီကစားသမားကို ခေါ်ယူသွားဖို့ဆိုတာကလည်း ခက်ခဲရဖွယ် ရှိနေပြန်ပါတယ်။

Exit mobile version