ယခုႏွစ္ ေဘာလုံးရာသီမွာ အသင္းရဲ့ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္သလို တိုက္စစ္ပိုင္းမွာလည္း အားကိုးရတဲ့ တိုက္စစ္မွူး ရက္ဖို႔ဒ္ကို ေက်ာရိုးက်ိဳဒဏ္ရာျပႆနာေၾကာင့္ ႏွစ္လမွ သုံးလအထိ လက္လႊတ္ရေတာ့မယ့္ အေနအထားေၾကာင့္ ယူနိုက္တက္အသင္းဟာ လက္ရွိ ဇန္နဝါရီလ အေျပာင္းအေရႊ႕ေစ်းကြက္ မွာ တိုက္စစ္ကစားသမားတစ္ဦးကို အငွားနဲ႔ ေခၚယူဖို႔အတြက္ ႀကိဳးစားေနပါတယ္။

Photo Credit: Express.com

ဇန္နဝါရီအေျပာင္းအေရႊ႕ ပိတ္သိမ္းဖို႔ဟာ ရက္အနည္းငယ္သာ လိုအပ္ေတာ့တာေၾကာင့္ ယူနိုက္တက္အသင္းအေနနဲ႔ ေခၚယူမယ့္ ကစားသမား ရွာေဖြမွုကို ခပ္ျမန္ျမန္ လုပ္ေဆာင္ေနၿပီး လက္ရွိအခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မွူး ကာဗာနီ ၊ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မွူး ဂါရတ္ ေဘးလ္နဲ႔ ေဒါ့မြန္အသင္းရဲ့ တိုက္စစ္မွူး အယ္ကာဆာတို႔ကို အငွားနဲ႔ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္ေနပါတယ္။

Photo Credit: Express.com

စပိန္အေျခစိုက္ သတင္းစာေတြရဲ့ ေဖာ္ျပမွုေတြအရ ယူနိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ့ တိုက္စစ္မွူး ဂါရတ္ေဘးလ္ကို ေခၚယူဖို႔အတြက္ အေတာ္ေလးကို စိတ္ဝင္စားေနတာလို႔ သိရၿပီး ဂါရတ္ေဘးလ္အေနနဲ႔လည္း ရီးရဲလ္မက္ဒရစ္နည္းၿပ ဇီဒန္းနဲ႔ ျပႆနာတခ်ိဳ႕ ရွိေနတာေၾကာင့္ အသင္းေျပာင္းဖို႔အတ​ြက္ စဥ္းစားေနတာလည္း ျဖစ္တာေၾကာင့္ အေျပာင္းအေရႊ႕ဟာ ျဖစ္ေပၚလာနိုင္ေၾကာင္း သိရပါတယ္။

Photo Credit: Express.com

ထြက္ေပၚလာတဲ့သတင္းေတြအရ ရီးရဲလ္အသင္းနဲ႔ ယူနိုက္တက္အသင္းတို႔ၾကားမွာ ေဆြးေႏြးမွုေတြဟာ မၾကာခင္မွာပဲ စတင္ဖို႔ ရွိေနေၾကာင္း သိထားရကာ ယူနိုက္တက္အသင္း အေနနဲ႔ ဂါရတ္ေဘးလ္ကို ရာသီဝက္အငွား စာခ်ဳပ္နဲ႔ ကမ္းလွမ္းမွာျဖစ္ကာ ရီးရဲလ္အသင္း အေနနဲ႔ကေတာ့ အဆိုပါစာခ်ဳပ္မွာ အၿပီးသတ္ ေရာင္းခ်ခြင့္ရမယ့္ အခ်က္ကို ထည့္သြင္းလိုေနတာေၾကာင့္ အနည္းငယ္ေတာ့ ညႇိႏွိုင္းရဖို႔ ရွိေနေၾကာင္း သိထားရပါတယ္။

ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သလို တိုက်စစ်ပိုင်းမှာလည်း အားကိုးရတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကို ကျောရိုးကျိုဒဏ်ရာပြဿနာကြောင့် နှစ်လမှ သုံးလအထိ လက်လွှတ်ရတော့မယ့် အနေအထားကြောင့် ယူနိုက်တက်အသင်းဟာ လက်ရှိ ဇန်နဝါရီလ အပြောင်းအရွှေ့စျေးကွက် မှာ တိုက်စစ်ကစားသမားတစ်ဦးကို အငှားနဲ့ ခေါ်ယူဖို့အတွက် ကြိုးစားနေပါတယ်။

Photo Credit: Express.com

ဇန်နဝါရီအပြောင်းအရွှေ့ ပိတ်သိမ်းဖို့ဟာ ရက်အနည်းငယ်သာ လိုအပ်တော့တာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ခေါ်ယူမယ့် ကစားသမား ရှာဖွေမှုကို ခပ်မြန်မြန် လုပ်ဆောင်နေပြီး လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီ ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂါရတ် ဘေးလ်နဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး အယ်ကာဆာတို့ကို အငှားနဲ့ခေါ်ယူဖို့အတွက် စောင့်ကြည့်နေပါတယ်။

Photo Credit: Express.com

စပိန်အခြေစိုက် သတင်းစာတွေရဲ့ ဖော်ပြမှုတွေအရ ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့အတွက် အတော်လေးကို စိတ်ဝင်စားနေတာလို့ သိရပြီး ဂါရတ်ဘေးလ်အနေနဲ့လည်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းနဲ့ ပြဿနာတချို့ ရှိနေတာကြောင့် အသင်းပြောင်းဖို့အတ​ွက် စဉ်းစားနေတာလည်း ဖြစ်တာကြောင့် အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါတယ်။

Photo Credit: Express.com

ထွက်ပေါ်လာတဲ့သတင်းတွေအရ ရီးရဲလ်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ကြားမှာ ဆွေးနွေးမှုတွေဟာ မကြာခင်မှာပဲ စတင်ဖို့ ရှိနေကြောင်း သိထားရကာ ယူနိုက်တက်အသင်း အနေနဲ့ ဂါရတ်ဘေးလ်ကို ရာသီဝက်အငှား စာချုပ်နဲ့ ကမ်းလှမ်းမှာဖြစ်ကာ ရီးရဲလ်အသင်း အနေနဲ့ကတော့ အဆိုပါစာချုပ်မှာ အပြီးသတ် ရောင်းချခွင့်ရမယ့် အချက်ကို ထည့်သွင်းလိုနေတာကြောင့် အနည်းငယ်တော့ ညှိနှိုင်းရဖို့ ရှိနေကြောင်း သိထားရပါတယ်။