လက္ရွိေဘာလုံးရာသီဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းအတြက္ ခက္ခဲ ၾကပ္တည္းလြန္းတဲ့ ရာသီတစ္ခုျဖစ္ၿပီး ပုံမွန္ေျခစြမ္းကို ျပသနိုင္ဖို႔အတြက္ ႐ုန္းကန္ေနရသလို ၊ အသင္းရဲ့ အဓိက ကစားသမားေတြဟာ တစ္လွည့္စီ ဒဏ္ရာရသလို ျဖစ္ေနတာေၾကာင့္ အသင္းရဲ့ ရလဒ္ပိုင္းဟာ မတည္မၿငိမ္ျဖစ္ေနခဲ့ပါတယ္။

Photo Credit: Metro.com

ေပါ့ဘာ ၊ ေတာ္မီေနး စတဲ့ အဓိက ကြင္းလယ္လူ ႏွစ္ဦးဒဏ္ရာရေနတဲ့ ယူနိုက္တက္ရဲ့ ဒဏ္ရာရလူစာရင္းထဲကို ေနာက္ဆုံးေရာက္ရွိလာသူကေတာ့ အသင္းရဲ့ ဂိုးသြင္းအမ်ားဆုံး ကစားသမား မားကပ္ရက္ဖို႔ဒ္ျဖစ္ၿပီး ရက္ဖို႔ဒ္ ဟာ ေက်ာရိုးက်ိဳးဒဏ္ရာေၾကာင့္ ႏွစ္လကေန သုံးလအထိ အနားယူရေတာ့မွာပါ​။ ဒါ့ေၾကာင့္ ယူနိုက္တက္ဟာ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ တိုက္စစ္ကစားသမားတစ္ဦးကို ေခၚယူနိုင္ဖို႔ လိုအပ္ေနပါတယ္။

Photo Credit: Metro.com

မန္ခ်က္စတာအေျခစိုက္ သတင္းေတြရဲ့ ေဖာ္ျပခ်က္အရေတာ့ ယူနိုက္တက္အသင္းဟာ သူတို႔အသင္းကေန အင္တာမီလန္အသင္းထံ အငွားနဲ႔ သြားေရာက္ကစားေနတဲ့ တိုက္စစ္မွူး ဆန္းခ်က္ကို အသင္းထံ ျပန္လည္ေခၚယူဖို႔ ဆႏၵရွိေနေပမယ့္ အင္တာမီလန္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ ဆန္းခ်က္ကို ျပန္လည္ ေခၚယူနိုင္ဖို႔ မျဖစ္နိုင္ဘူးလို႔ သိရပါတယ္။

Photo Credit: Metro.com

ယူနိုက္တက္အသင္းနဲ႔ အင္တာမီလန္အသင္းတို႔ၾကားထဲမွာ ခ်ဳပ္ဆိုထားတဲ့ အငွားစာခ်ဳပ္အရ ယူနိုက္တက္အသင္းဟာ ဆန္းခ်က္ကို ျပန္လည္ ေခၚယူနိုင္ဖို႔ မျဖစ္နိုင္ဘူးလို႔ အဂၤလန္မီဒီယာေတြက အခိုင္အမာ ေဖာ္ျပထားၾကတာ ျဖစ္ၿပီး ယူနိုက္တက္ဟာ တိုက္စစ္ပိုင္းအတြက္ အျခား ကစားသမားမ်ားကို ရွာေဖြရေတာ့မွာလည္း ျဖစ္ပါတယ္။

 

လက်ရှိဘောလုံးရာသီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ခက်ခဲ ကြပ်တည်းလွန်းတဲ့ ရာသီတစ်ခုဖြစ်ပြီး ပုံမှန်ခြေစွမ်းကို ပြသနိုင်ဖို့အတွက် ရုန်းကန်နေရသလို ၊ အသင်းရဲ့ အဓိက ကစားသမားတွေဟာ တစ်လှည့်စီ ဒဏ်ရာရသလို ဖြစ်နေတာကြောင့် အသင်းရဲ့ ရလဒ်ပိုင်းဟာ မတည်မငြိမ်ဖြစ်နေခဲ့ပါတယ်။

Photo Credit: Metro.com

ပေါ့ဘာ ၊ တော်မီနေး စတဲ့ အဓိက ကွင်းလယ်လူ နှစ်ဦးဒဏ်ရာရနေတဲ့ ယူနိုက်တက်ရဲ့ ဒဏ်ရာရလူစာရင်းထဲကို နောက်ဆုံးရောက်ရှိလာသူကတော့ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား မားကပ်ရက်ဖို့ဒ်ဖြစ်ပြီး ရက်ဖို့ဒ် ဟာ ကျောရိုးကျိုးဒဏ်ရာကြောင့် နှစ်လကနေ သုံးလအထိ အနားယူရတော့မှာပါ​။ ဒါ့ကြောင့် ယူနိုက်တက်ဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit: Metro.com

မန်ချက်စတာအခြေစိုက် သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်အသင်းဟာ သူတို့အသင်းကနေ အင်တာမီလန်အသင်းထံ အငှားနဲ့ သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ဆန်းချက်ကို အသင်းထံ ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် အင်တာမီလန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဆန်းချက်ကို ပြန်လည် ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

Photo Credit: Metro.com

ယူနိုက်တက်အသင်းနဲ့ အင်တာမီလန်အသင်းတို့ကြားထဲမှာ ချုပ်ဆိုထားတဲ့ အငှားစာချုပ်အရ ယူနိုက်တက်အသင်းဟာ ဆန်းချက်ကို ပြန်လည် ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ အင်္ဂလန်မီဒီယာတွေက အခိုင်အမာ ဖော်ပြထားကြတာ ဖြစ်ပြီး ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် အခြား ကစားသမားများကို ရှာဖွေရတော့မှာလည်း ဖြစ်ပါတယ်။