MySport Myanmar

အနာဂတ် မရေမရာ ဖြစ်နေတဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းမှာပဲ ဆက်ထိန်းထားချင်နေတဲ့ ယူနိုက်တက်

ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရသလို ခရစ္စတီယာနိုရော်နယ်လ်ဒို အက်ဒီဆင်ကာဗာနီတို့ ဒဏ်ရာရနေချိန်မှာတောင် အသင်းရဲ့ တိုက်စစ်နေရာအတွက် ပါဝင်ခွင့်မရှိခဲ့ရတဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ အခုလို အခြေအနေတွေကြောင့် လာမယ့်နွေမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသွားချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပေမယ့် ယူနိုက်တက်ဘက်ကတော့ ရပ်ရှ်ဖို့ဒ်ကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြဖို့ထက် ပုံမှန်ခြေမျိုး ပြသဖို့တောင် ရုန်းကန်နေခဲ့ရသလို သူရဲ့ပွဲကစားခွင့်တွေကလည်း တဖြည်းဖြည်း နည်းပါးလာခဲ့ရပြီး အသင်းပရိသတ်တချို့နဲ့ပါ အချင်းများတဲ့အထိပါ ဖြစ်လာခဲ့ရပါတယ်။ ဒီလို အခြေအနေတွေအပြင် လက်စတာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ယူနိုက်တက်ဘက် ရော်နယ်လ်ဒို ကာဗာနီတို့ ဒဏ်ရာအသီးသီကြောင့် လွဲချော်ထားရသလို ဂရင်းဝုဒ်က ပွဲပယ်နဲ့ မာစီယဲလ်က အငှားချထားတွေ ရှိနေပြီး တိုက်စစ်မှာ အီလန်ဂါနဲ့ ဆန်ချိုနှစ်ဦးတည်းသာ ရှိနေချိန် ယူနိုက်တက်နည်းပြ ရန်းနစ်က တိုက်စစ်နေရာအတွက် ရပရှ််ဖို့ဒ်ကို ချန်လှပ်ပြီး ကွင်းလယ်လူ ဖာနန်ဒက်စ်ကိုသာ နေရာပေးခဲ့ခြင်းက ရပ်ရှ်ဖို့ဒ်အတွက် အဆိုးရွှ့ားဆုံး အခြေအနေ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : The Sun

အဲ့ဒီပွဲစဉ်နောက်ပိုင်းမှာပဲ ရပ်ရှ်ဖို့ဒ်ရဲ့ အနာဂတ်က အရမ်းကို လှုပ်ခတ်လာခဲ့ရပြီး ပီအက်စ်ဂျီ ဘာစီလိုနာ အသက်လက်တီကိုမက်ဒရစ်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သလို ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကပါ သူရဲ့အသင်းကနေ ထွက်ခွာဖို့ အရင်းနှီးဆုံး မိတ်ဆွေတွေကို ဖွင့်ဟထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိလာခဲ့ရပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်နေရေပေမယ့်လည်း ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကတော့ ရပ်ရှ်ဖို့ဒ်လို ငယ်မွေးခြံပေါက် ကစားသမားမျိုးကို အသင်းနဲ့ လမ်းခွဲလိုက်တာမျိုးထက် အသင်းမှာပဲ ဆက်လက်ထားရှိချင်ကြောင်း ကလပ်အသင်းအနေနဲ့ နည်းပြသစ်တစ်ဦးအတွက် ရှာပုံတော်ဖွင့်နေချိန်မှာလည်း အသင်းကို ဘယ်နည်းပြပဲ ရောက်လာလာ ရပ်ရှ်ဖို့ဒ်က အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေတယ်ဆိုတာကို အသိပေးထားမှာဖြစ်ကြောင်းနဲ့ ရပ်ရှ်ဖို့ဒ်ကိုလည်း အသင်းပြောင်းတာထက် ယူနိုက်တက်မှာသာ သူရဲ့အကောင်းဆုံးပုံစံတွေကို ပြန်လည်ရှာဖွေဖို့သာ အလိုရှိနေကြောင်း အသင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

Exit mobile version