MySport Myanmar

ဂိုးသမား ဒီဂီယာကို စာချုပ် သက်တမ်းတိုးမြှင့်ဖို့ မဆုံးဖြတ်ရသေးတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနှစ် ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာရဲ့ စာချုပ်အခြေအနေကို ထပ်မံတိုးမြှင့်သွားဖို့ မဆုံးဖြတ်ရသေးဘူးလို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

စပိန်ဂိုးသမား ဒီဂီယာဟာ နည်းပြအဲရစ်တန်ဟက်ဂ်လက်ထက် ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက်အသင်းအတွက် ပွဲတိုင်းလိုလို ပါဝင်ကစားနေရတာဖြစ်ပေမယ့်လည်း သူရဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ကုန်ဆုံးတော့ဖြစ်တဲ့အပြင် ဒီဂီယာဟာလည်း တန်ဟက်ဂ် စိတ်ကြိုက်ဂိုးသမားမျိုး မဖြစ်နေတာကြောင့် သက်တမ်းတိုးဖို့က စဉ်းစားနေရဆဲသာ ဖြစ်နေရပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ကစားသမားတွေကို လိုတာထက် ပိုပြီး လစာပေးချေမှုတွေလည်း ရှိနေတဲ့ ကလပ်အသင်းဖြစ်လို့ ဒီဂီယာလို တစ်ပတ် ပေါင်(၃၅၀၀၀၀) ရရှိနေတဲ့ ကစားသမားတစ်ဦးကို ကာလရှည် သက်တမ်းတိုးဖို့ ဆန္ဒမရှိသလို လစာကိုလည်း လျှော့ချသွားဖွယ်ပါ ရှိနိုင်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းက အသင်းရဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ တစ်ရာသီ အငှားချခဲ့ပြီးနောက် နယူးကာဆယ်ရဲ့ ဆလိုဗက်ကီးယား ဂိုးသမား မာတင်ဒူဗရက်ကာကို အငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားပိုင်းမှာ ဒီဂီယာ ဒူဗရက်ကာနဲ့ တွမ်ဟီတန်တို့ ရှိနေကြပေမယ့်လည်း နည်းပြတန်ဟက်ဂ်ကတော့ ဒီဂီယာတစ်ဦးတည်းကိုသာ ယူရိုပါလိဂ်ပွဲစဉ်တွေအထိ ဆက်တိုက် အသုံးပြုထားခဲ့ပါတယ်။ ဒီဂီယာက ဒီနှစ်ရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၄)ပွဲ ကစားထားခဲ့ပြီး (၆)ပွဲ clean sheets ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး နောက်ဆုံးကစားထားတဲ့ စပါးနဲ့ပွဲမှာလည်း clean sheet ရရှ်ိအေင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီဂီယာဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဂိုးကာကွယ်မှုပေါင်း (၂၆)ကြိမ် ပြုလုပ်ထားခဲ့ပြီး အတွေ့အကြုံရှိ ဂိုးသမားတစ်ဦး ဖြစ်ပေမယ့် အမှားအယွင်းတွေလည်း ရှိတတ်သူဖြစ်လို့ စပိန်လက်ရွေးစင်အသင်းက world cup squad မှာပါ ဒီဂီယာကို ချန်လှပ်သွားဖွယ် ရှိနေသလို ယူနိုက်တက်ဘက်ကလည်း ဒီဂီယာရဲ့ လက်ရှိစာချုပ်ထဲမှာ ပါဝင်နေတဲ့ အချက်အလက်အတိုင်း နောက်တစ်နှစ် ထပ်တိုးမလား ဒါမှမဟုတ် နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ပြီး သက်တမ်းတိုးမလားဆိုတာ ခုချိန်ထိ မရေမရာ ဖြစ်နေရပါတယ်။ 

Exit mobile version