လတ်တလောမှာ ရလဒ်တွေရော အသင်းရဲ့ စွမ်းဆောင်ရည်တွေပါ ကျဆင်းလျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့ အားအနည်းဆုံး ဖြစ်လို့နေတဲ့ ကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်းယူနိုက်တက် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက် ရှိ်နေတဲ့အပြင် လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကိုပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ Daily Star ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ်ဟာ လိဒ်စ်ယူနိုက်တက် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း လိဒ်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။ ကစားသမားဘဝအစပိုင်းမှာ ဗဟိုကွင်းလယ်လူ Box-to-Box ကစားသူတစ်ဦးအဖြစ်နဲ့ ကစားခဲ့ပေမယ့်လည်း လိဒ်စ်အသင်းကို ဝါရင့်နည်းပြကြီး ဘီယယ်ဆာ ကိုင်တွယ်လာပြီးနောက်ပိုင်းမှာတော့ ဖီးလစ်က ကွင်းလယ်ခံစစ်နေရာမှာ ပြောင်းလဲကစားခဲ့ရပြီး သူရဲ့စွမ်းရည်ကောင်းတွေကိုလည်း ပိုမိုပြသလာနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဘောလုံးအတိုပေးတာတွေ အဝေးဘော ပေးပို့မှုတွေနဲ့ အသင်းကို ခံစစ်အနေအထားကနေ တိုက်စစ်အခြေအနေဆီ ကူးပြောင်းပေးနိုင်မှုတွေမှာ ထူူးချွန်သူဖြစ်တဲ့ ကယ်ဗင်ဖီးလစ်ကို ပရီးမီးယားလိဂ်က ထိပ်တန်းကလပ်အသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေပြီး လက်ရှိမှာတော့ ယူနိုက်တက်အသင်းက ဖီးလစ်ကို အလိုချင်ဆုံး ကလပ်အသင်းတစ်သင်း ဖြစ်နေရပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း တိုက်စစ်နဲ့ ခံစစ်ပို်င်းကို အားဖြည့်တင်းခဲ့ပေမယ့်လည်း အသင်းရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ကွင်းလယ်ခံစစ်ပို်င်းအတွက်ကိုတော့ ကစားသမားခေါ်ယူမှု မရှိခဲ့တာကြောင့် အသင်းရဲ့ DM ပိုင်းမှာ လိုအပ်ချက်တွေ ဖြစ်နေရပြီး ဒီအကျိုးဆက်ကိုလည်း လက်ရှိမှာ ခံစားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းက လာမယ့်ဆောင်းစျေးကွက် ဒါမှမဟုတ် နွေစျေးကွက် ပြန်ဖွင့်ချိန်မှာ ကွင်းလယ်ခံစစ်ပိုင်း ဒါမှမဟုတ် ကွင်းလယ်ပိုင်းအတွက် ဒက်ကလန်ရိုက်စ် ဒါမှမဟုတ် ကယ်ဗင်ဖီးလစ် တစ်ဦးဦးကို အရခေါ်ယူဖွယ် ရှိနေပြီး မီလန်နဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ဖရန့်ကတ်ဆေးကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။