MySport Myanmar

စပါးကသာ ကိန်းကို ရောင်းမယ်ဆိုရင် ကိန်းကို ခေါ်ဖို့ ကြိုးစားသွားမယ့် ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ လိဂ်ပြိုင်ဘက် စပါးကသာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ရင် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

နယ်သာလန် ထိပ်သီးနည်းပြ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိမှာ အတ္တလန်တာ တိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် သူတို့အသင်းရဲ့ နံပါတ်တစ်ပစ်မှတ်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဖြစ်ပြီး စပါးက ဟယ်ရီကိန်းကို လိဂ်ပြိုင်ဘက်တွေဆီ မရောင်းချဘူးလို့ တင်းခံနေတာကြောင့်သာ ဟွိုက်လန်းကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

စပါးက သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းကို လိဂ်ပြိုင်ဘက်ဆီ မရောင်းချဖို့ စဉ်းစားခဲ့ပေမယ့် ယနေ့မနက်ပိုင်းမှာ သိရှိရတဲ့ သတင်းတွေအရ စပါးက ဟယ်ရီကိန်းသာ သူတို့နဲ့ စာချုပ်သစ် မချုပ်ရင် ဟယ်ရီကိန်းကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ကိန်းအတွက် ကမ်းလှမ်းမှုတွေ အားလုံးကို လက်ခံ စဉ်းစားသွားရန် ရှိနေပါတယ်။

Photo Credit: Clutch Points

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျေမီ ဂျက်ဆန်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဟယ်ရီကိန်းရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ စပါးကသာ ဟယ်ရီကိန်းကို ရောင်းချတော့မယ် ဆိုရင် ကိန်းအတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဘိုင်ယန်မြူးနစ်က ကိန်းအတွက် ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်နေပေမယ့် စပါးဘက်က ကိန်းအတွက် လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကို ပေးချေဖို့ စိတ်ကူးမရှိသေးပဲ မန်ချက်စတာ ယူနိုက်တက်ကတော့ ကိန်းအတွက် ပေါင် ၁၀၀သန်း သုံးစွဲဖို့ အဆင်သင့် ရှိနေပါတယ်။

Exit mobile version