အက်စတွန်ဗီလာအသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းသွားရအောင် ကယ်တင်ပေးနိုင်ခဲ့တဲ့ အသင်းရဲ့အဓိက ကွင်းလယ်ကစားသမား အသင်းခေါင်းဆောင်ဂျက်ဂရီးလစ်က စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာချင်နေပြီး ဥရောပဝင်ခွင့်ရထားတဲ့ အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ကစားချင်နေပေမယ့် သူရဲ့ဗီလာအသင်းဘက်ကေန ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၈၀)လောက်အထိ မြင့်မားစွာ သတ်မှတ်လာမှာကို စိုးရိမ်လျက်ရှိလို့နေပါတယ်။

Photo Credit : Sky Sports

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ဟာ ဗီလာအသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးခဲ့သူဖြစ်သလို ပရီးမီးယားလိဂ်ကနေလည်း ချန်ပီယံရှစ်ဆီကို ပြန်လည်မဆင်းသွားရအောင် အဓိကနေရာကနေ ကယ်တင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကြီးတဲ့ ဂရီးလစ်က အသင်းကနေ ထွက်ခွာပြီး ကလပ်အသင်းကြီးတစ်သင်းဆီမှာ ပြောင်းရွှေ့ကစားချင်နေတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားလာခဲ့ပေမယ့်လည်း ဗီလာဘက်ကနေ သူရဲ့တန်ကြေးကို အဆမတန် သတ်မှတ်လာမှာကိုတော့ ဂရီးလစ်ဘက်ကနေ စိုးရိမ်ကြောင့်ကြလျက်ရှိနေပါတယ်။

Photo Credit : Sky Sports

ဂရီးလစ်ရဲ့လက်ရှိတန်ကြေးက ယူရိုသန်း(၃၀)လောက် ရှိနေတယ်လို့ Transfermarket ဝက်ဆိုဒ်ကနေ ဖော်ပြလာခဲ့ပေမယ့်လည်း ဂရီးလစ်ရဲ့ ဒီရာသီအတွင်း ပြသထားခဲ့တဲ့ ခြေစွမ်းတွေနဲ့ အသင်းကို တန်းမဆင်းရအောင် ကူညီပ့ံပိုးပေးထားနိုင်တဲ့ သူရဲ့စွမ်းဆောင်ရည်တွေကြောင့် ဗီလာဘက်ကနေ သူ့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၈၀)လောက်အထိ သတ်မှတ်လာနိုင်တာဖြစ်လို့ ဒီတန်ကြေးလောက်နဲ့ဆို သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေက လက်လျှော့သွားနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာ ဂရီးလစ်ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေပြီး အသင်းကနေ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ ထွက်ခွာသွားဖြစ်ခဲ့မယ်ဆိုရင် ပေါ့ဘာရဲ့နေရာအတွက် ဂရီးလစ်ရဲ့အစားထိုးသွားချင်နေတာဖြစ်ပါတယ်။ ဂရီးလစ်ဟာ ဒီရာသီမှာ ဗီလာအသင်းအတွက် ပရီးမီးယားလိဂ်မှာ (၃၆)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၈)ဂိုးနဲ့ ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံမှာတော့ ဂရီးလစ်ဟာ ဗီလာအတွက် (၁၀)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။