ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် နော်ဝေတိုက်စစ်မှူးလေး အာလင်းဟာလန်းကတော့ အခုဆောင်းရာသီစျေးကွက်မှာပဲ ဘယ်သူမှ မထင်ထားတဲဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ စျေးကွက်မဖွင့်ခင်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တဲ့ ဟာလန်းဟာ သူနဲ့သတင်း သိပ်ထွက်ပေါ်ထားခြင်းမရှိတဲ့ ဒေါ့မွန်ကိုပဲ ရွေးချယ်လိုက်တာကြောင့် ဘောလုံးနယ်ပယ်က ပရိသတ်တွေအားလုံး အံသြမှင်သက်စေခဲ့ရပေမယ့်လည်း သူရဲ့အေးဂျင့်ဖြစ်သူ မီနိုရွိုင်အိုလာကတော့ ဟာလန်းအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ကမ္ဘာကျော်ဘောလုံးသမားစွာရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို လိုက်လံဆောင်ရွှက်ပေးနေပြီး ဒီနောက်ပိုင်းမှာ နာမည်ပိုပိုကြီးလို့နေတဲ့ စူပါအေးဂျင့် ရွိုင်အိုလာက သူရဲ့ကစားသမား ဟာလန်းနဲ့ပတ်သက်ပြီး “ဂျာမနီကိုပြောင်းဖို့ ဆုံးဖြတ်လိုက်တာက သူရဲ့မှန်ကန်တဲ့ ဆုံးဖြတ်တစ်ချက်ခုလို့ ကျွန်တော်ထင်တယ်။ တကယ်လို့ သင်က ပရီးမီးယားလိဂ်မှာ ကစားချင်တယ်ဆိုရင်တော့ အရေးအကြီးဆုံးအချက်က ဘယ်ကနေ လာကစားမှာလဲဆိုတာကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အခုသူက သူကိုယ်သူ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတာလို့ပဲ ကျွန်တော်မြင်မိတယ်။ သူက အခုအချိန်မှာ ငယ်လည်းငယ်ရွှယ်သေးတော့ သူ့အတွက် အချိန်တွေရှိနေဦးမှာပါ”

Photo Credit : Getty Images

“ဒေါ့မွန်ကို မရောက်ခင်မှာလည်း အသင်းတချို့ကို ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဘယ်အသင်းတွေလဲဆိုတာကိုတော့ ကျွန်တော်ထုတ်မပြောချင်ပါဘူး။ သူရဲ့ဒေါ့မွန်ပွဲဦးထွက်နဲ့ပတ်သက်ပြီး အံ့သြစရာမရှိပါဘူး။ သူ့ကို ကျွန်တော်စတွေ့ချိန်မှာကတည်းက သူကဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံပြီးသားဖြစ်နေတာကို။ ဂိုးတွေအမြဲသွင်းယူနေတတ်ပြီးတော့ ဒီပုံစံကောင်းကိုလည်း သူဆက်ထိန်းထားနိုင်မှာပါ” လို့ ရှင်းလင်းပြောဆိုခဲဲ့ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းသားမဖြစ်ခင် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် ရွိင်အိုလာဘက်ကနေ တောင်းဆိုတဲ့ အေးဂျင့်ကြေးတွေနဲ့ တခြားသော အကျိုးခံစားခွင့်တွေက များပြားနေခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့တစ်ပတ်က အော့ဘတ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဒုုတိယပိုင်းပွဲကစားချိန်အတွင်း လူစားဝင်လာခဲ့ပြီး ၂၃မိနစ်အတွင်းမှာ ဒေါ့မွန်အတွက် ဟက်ထရစ်သွင်းဂိုးနဲ့ နိုင်ပွဲတစ်ပွဲကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။

(Zawgyi)

ဟာလန္း ေဒါ့မြန္ကို ေရြးခ်ယ္ရတဲ႔ အေၾကာင္းအရင္း ေအးဂ်င့္ျဖစ္သူက ရွင္းလင္း

ရက္ဘူးဆာလ္ဇ္ဘာ့ဂ္အသင္းရဲ႕ ဆယ္ေက်ာ္သက္အရႊယ္ ေနာ္ေဝတုိက္စစ္မွဴးေလး အာလင္းဟာလန္းကေတာ့ အခုေဆာင္းရာသီေစ်းကြက္မွာပဲ ဘယ္သူမွ မထင္ထားတဲဲ႔ အေျပာင္းအေရႊ႕တစ္ခုအျဖစ္ ေဒါ့မြန္အသင္းကုိ ေျပာင္းေရႊ႕ခဲ႔ပါတယ္။ ေစ်းကြက္မဖြင့္ခင္ကတည္းက မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚခဲ႔တဲ႔ ဟာလန္းဟာ သူနဲ႔သတင္း သိပ္ထြက္ေပၚထားျခင္းမရွိတဲ့ ေဒါ့မြန္ကုိပဲ ေရြးခ်ယ္လုိက္တာေၾကာင့္ ေဘာလုံးနယ္ပယ္က ပရိသတ္ေတြအားလုံး အံၾသမွင္သက္ေစခဲ႔ရေပမယ့္လည္း သူရဲ႕ေအးဂ်င့္ျဖစ္သူ မီႏုိရြိဳင္အုိလာကေတာ့ ဟာလန္းအေနနဲ႔ မွန္ကန္တဲ႔ ဆုံးျဖတ္ခ်က္ကုိ ခ်မွတ္ခဲ႔တာျဖစ္တယ္လုိ႔ မွတ္ခ်က္ျပဳသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ကမာၻေက်ာ္ေဘာလုံးသမားစြာရဲ႕ အေျပာင္းအေရႊ႕ကိစၥေတြကုိ လုိက္လံေဆာင္ရႊက္ေပးေနၿပီး ဒီေနာက္ပုိင္းမွာ နာမည္ပုိပုိႀကီးလုိ႔ေနတဲ႔ စူပါေအးဂ်င့္ ရြိဳင္အုိလာက သူရဲ႕ကစားသမား ဟာလန္းနဲ႔ပတ္သက္ၿပီး “ဂ်ာမနီကုိေျပာင္းဖုိ႔ ဆုံးျဖတ္လုိက္တာက သူရဲ႕မွန္ကန္တဲ႔ ဆုံးျဖတ္တစ္ခ်က္ခုလုိ႔ ကြ်န္ေတာ္ထင္တယ္။ တကယ္လို႔ သင္က ပရီးမီးယားလိဂ္မွာ ကစားခ်င္တယ္ဆုိရင္ေတာ့ အေရးအႀကီးဆုံးအခ်က္က ဘယ္ကေန လာကစားမွာလဲဆုိတာကုိ ဂရုစုိက္ဖုိ႔လုိအပ္ပါတယ္။ အခုသူက သူကုိယ္သူ အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ေနတာလုိ႔ပဲ ကြ်န္ေတာ္ျမင္မိတယ္။ သူက အခုအခ်ိန္မွာ ငယ္လည္းငယ္ရႊယ္ေသးေတာ့ သူ႔အတြက္ အခ်ိန္ေတြရွိေနဦးမွာပါ”

Photo Credit : Getty Images

“ေဒါ့မြန္ကုိ မေရာက္ခင္မွာလည္း အသင္းတခ်ိဳ႕ကုိ ေျပာင္းေရႊ႕ကစားဖုိ႔ နီးစပ္ခဲ႔ပါေသးတယ္။ ဘယ္အသင္းေတြလဲဆုိတာကုိေတာ့ ကြ်န္ေတာ္ထုတ္မေျပာခ်င္ပါဘူး။ သူရဲ႕ေဒါ့မြန္ပြဲဦးထြက္နဲ႔ပတ္သက္ၿပီး အံ့ၾသစရာမရွိပါဘူး။ သူ႔ကုိ ကြ်န္ေတာ္စေတြ႕ခ်ိန္မွာကတည္းက သူကဒီလုိအရည္အခ်င္းေတြနဲ႔ ျပည့္စုံၿပီးသားျဖစ္ေနတာကုိ။ ဂုိးေတြအၿမဲသြင္းယူေနတတ္ၿပီးေတာ့ ဒီပုံစံေကာင္းကုိလည္း သူဆက္ထိန္းထားႏုိင္မွာပါ” လုိ႔ ရွင္းလင္းေျပာဆုိခဲဲ႔ပါတယ္။ ဟာလန္းဟာ ေဒါ့မြန္အသင္းသားမျဖစ္ခင္ ယူႏုိက္တက္အသင္းကုိ ေျပာင္းေရႊ႕ဖုိ႔ နီးစပ္ခဲ႔ေသးေပမယ့္ ရြိင္အုိလာဘက္ကေန ေတာင္းဆုိတဲ႔ ေအးဂ်င့္ေၾကးေတြနဲ႔ တျခားေသာ အက်ိဳးခံစားခြင့္ေတြက မ်ားျပားေနခဲ႔တာေၾကာင့္ အေျပာင္းအေရႊ႕ ပ်က္ျပယ္ခဲ႔ရတာျဖစ္ပါတယ္။ ဟာလန္းဟာ ၿပီးခဲ့တဲ႔တစ္ပတ္က ေအာ့ဘတ္စ္အသင္းနဲ႔ ကစားခဲ႔တဲ႔ ဘြန္ဒက္လီဂါပြဲစဥ္မွာ ဒုုတိယပုိင္းပြဲကစားခ်ိန္အတြင္း လူစားဝင္လာခဲ႔ၿပီး ၂၃မိနစ္အတြင္းမွာ ေဒါ့မြန္အတြက္ ဟက္ထရစ္သြင္းဂုိးနဲ႔ ႏုိင္ပြဲတစ္ပြဲကုိပါ ရယူေပးႏုိင္ခဲ႔ပါတယ္။