MySport Myanmar

မောင့်ကို ခေါ်ဖို့ သဘောတူညီမှု ရပြီးနောက် ဖရက်ဒ်ကို ရောင်းတော့မယ့် မန်ယူ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နွေရာသီ နံပါတ်၁ ပစ်မှတ် ဖြစ်တဲ့ ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ရှိရင်းစွဲ ကွင်းလယ်လူ တဦး ဖြစ်သူ ဖရက်ဒ်ကို အရောင်းစာရင်း တင်လိုက်ကြောင်း နာမည်ကြီး သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ဒုတိယမြောက် နွေဈေးကွက်မှာ ထိပ်တန်း ကွင်းလယ်လူ ၁ဦး ၊ ထိပ်တန်း ဂိုးသမား ၁ဦးနဲ့ ထိပ်တန်း တိုက်စစ်မှူး ၁ဦးတို့ကို ခေါ်ယူချင်နေပြီး မန်ချက်စတာ ယူနိုက်တက်က နွေဈေးကွက်ရဲ့ ပထမဦးဆုံး ခေါ်ယူမှု အဖြစ် မေဆန်မောင့်ကို အရ ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း + အပိုဆုကြေး ပေါင် ၅သန်းနဲ့ ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ သဘောတူညီမှု ရရှိထားသလို မောင့်ကိုလည်း ၁ပတ် လုပ်ခလစာ ပေါင် ၂၅၀၀၀၀နဲ့ ၅နှစ်စာချုပ် ချုပ်ဆိုဖို့ စီစဉ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အသားတင် အသုံးစရိတ် ပေါင် ၁၂၀သန်း ဝန်းကျင်သာ ရထားတာကြောင့် မေဆန်မောင့်ကို ခေါ်ယူပြီးနောက် အသင်းရဲ့ ရှိရင်းစွဲ ကွင်းလယ်လူတွေထဲက တဦးကို ရောင်းထုတ်ကာ ဝင်ငွေ ပြန်ရှာဖို့ စီစဉ်နေပြီး မန်ချက်စတာ ယူနိုက်တက်ကနေ ပထမဦးဆုံး ထွက်ခွာရမယ့် ကွင်းလယ်လူကတော့ ဖရက်ဒ်ပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

အသက် ၃၀ အရွယ် ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူ ဖရက်ဒ်က ၂၀၁၈ခုနှစ်မှာ ရှက်တာဒိုးနက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဖရက်ဒ်ကို ပြန်လည် ရောင်းချရာကနေ ပေါင် ၂၀သန်း လိုချင်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဖရက်ဒ်ကို ပေါင် ၂၀သန်းနဲ့ ဈေးခေါ်ထားပြီး ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်က ဖရက်ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ဖူလ်ဟမ်ဟာ မကြာခင်မှာ ဖရက်ဒ်အတွက် တရားဝင် ကမ်းလှမ်းမှု လုပ်လာဖွယ် ရှိကြောင်း သိရပါတယ်။

Exit mobile version