MySport Myanmar

ရာဖင်ညာက ဘာစီလိုနာထက် မန်ယူကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်

တန်းဆင်းလုနီးပါး ဖြစ်နေရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို တန်းမဆင်းရအောင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာပဲ ဆက်လက်ရှိနေရအောင် အဓိကနေရာကနေ ပံ့ပိုးကူညီပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ညာဟာ သူ့ကို ခေါ်ယူသွားဖို့ အမှန်အကန် စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းထက် သူရဲ့အသင်းဖော်ဟောင်း ဘရူနိုဖာနန်ဒက်ရှိရာ မန်ချက်စတာယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၅)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ရာဖင်ညာဟာ ၂၀၂ဝခုနှစ်မှာပဲ လီဂူးကလပ် ရန်းစ်အသင်းကနေ လိဒ်စ်ယူနိုက်တက်အသင်းဆီ (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး သူရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သလို သွင်းဂိုး(၆)ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း လိဒ်စ်အတွက် ပိုမိုစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ရာဖင်ညာဟာ လာမယ့်နွေမှာတော့ အသင်းအပြောင်းအလဲ လုပ်ဖွယ်ရှိနေတာကြောင့် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေက အရခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ရာဖင်ညာနဲ့ သတင်းအထွက်ဆုံး ဖြစ်နေရတဲ့ အသင်းက ဘာစီလိုနာအသင်း ဖြစ်နေပေမယ့်လည်း ရာဖင်ညာရဲ့လက်ရှိကလပ် လိဒ်စ်ယူနိုက်တက်က ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရခြင်း မရှိတာကြောင့် ရာဖင်ညာကို ပေါင်(၂၁)သန်းတည်းနဲ့ ခေါ်ယူနိုင်တော့မှာ မဟုတ်ပဲ အနည်းဆုံး ပေါင်သန်း(၄၀)လောက်အထိ ပေးချေရမှာဖြစ်လို့ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအနေနဲ့ ဆာလာကို ခေါ်ယူဖို့ လက်လျှော့ရဖွယ် ရှိနေပါတယ်။ ဒီလို အခြေအနေမှာ ရာဖင်ညာကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ထက် သူနဲ့ စပို့တင်းလစ္စဘွန်းမှာ တွဲဖက်ကစားခဲ့ရင်း အလွန်ရင်းနှီးခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဖာနန်ဒက်စ်နဲ့အတူ ပြန်လည်ပူးပေါင်းချင်နေတယ်လို့ Daily Express ကနေ ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းအတွက် အရည်အသွေးမြင့် ကစားသမားတွေ အလိုရှိနေပြီး ရာဖင်ညာလို ပရီးမီးယားလိဂ်မှာ (၂)ရာသီလောက် ကျင်လည်ထားဖူးတဲ့ ကစားသမားမျိုးကို သေချာပေါက် ခေါ်ယူချင်နေမှာ ဖြစ်ပေမယ့် လတ်တလောမှာတော့ ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကိုသာ ဦးစားပေး ကမ်းလှမ်းသွားဖွယ်သာ ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version