ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လိဒ်စ်ယူနိုက်တက်အသင်မှား အငှားနဲလာရောက်ကစားခဲ့ရင်း အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဘန်ဝှိုက်ဟာ ဒီနှစ်ရာသီမှာလည်း သူရဲ့အဓိက ကလပ်အသင်းဖြစ်တဲ့ ဘရိုက်တန်အသင်းအတွက် အထူးခြေစွမ်းပြသထားတာကြောင့် ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကိုပါ ရရှိလို့နေပါတယ်။

Photo Credit: Sky Sports

အသက်(၂၃)နှစ်အရွယ်ရှိ အဂ်လန်နောက်ခံကစားသမား ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွေ့စျေးကွက်မှာကတည်းက အသင်းအများစုရဲ့ ပစ်မှတ်ဖြစ်ခဲ့ရသလို သူ့ကို အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ လိ်ဒ်စ်အသင်းကပါ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘရိုက်တန်အသင်းက သူတို့ရဲ့ကစားသမားကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ခဲ့တဲ့အပြင် ဘန်ဝှိုက်ကိုပါ ၂၀၂၄ ခုနှစ်အထိ စာချုပ်သစ်တစ်ရပ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အသင်းနဲ့ (၄)နှစ်အထိ သက်တမ်းတိုးထားနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာ ခြေစွမ်းပြလို့နေတဲ့ ဘန်ဝှိုက်ကို ချယ်လ်ဆီး စပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Guardian

ဒီအသင်းတွေဟာ ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေ အနည်းနဲ့အများ ရှိနေကြတဲ့ အသင်းတွေဖြစ်တာကြောင့် ဘန်ဝှိုက်လို ငယ်ရွယ်ပြီး ခံစစ်ပိုင်းအတွက် အရည်အချင်း ပြည့်ဝတဲ့ ဘန်ဝှိုက်ကို မျက်စိကျနေရတာဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ လက်ရှိအသင်းရဲ့ခံစစ်မှာ သီယာဂိုဆေးဗားနဲ့ ဇူးမားတို့က တွဲဖက်မိမိနဲ့ ကစားနေနိုင်တယ်ဆိုပေမယ့် ဆေးဗားက အသင်းအတွက် အလွန်ဆုံး နောက်တစ်ရာသီခန့်လောက်သာ ကစားနိုင်တော့မှာဖြစ်လို့ ရေရှည်စီမံကိန်းအတွက် ဘန်ဝှိုက်ကို အလိုရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ခံစစ်ပိုင်းမှာ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့အတူ တွဲဖက်ကစားဖို့အတွက် တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဘန်ဝှိုက်ကို မျက်စိကျနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသလျက်ရှိပြီး အမှတ်ပေးဇယားထိပ်ကို ရောက်ရှိလို့နေတဲ့ စပါးအသင်းကလည်း အသင်းရဲ့ ခံစစ်ကစားသမား ဒါဗင်ဆင်ဆန်းချက်ဇ်နဲ့ လက်တွဲဖြုတ်ဖွယ်ရှိသလို အယ်ဒါဝီရယ်ကလည်း အသက်အရွှယ် ကြီးရင့်လာပြီဖြစ်လို့ ရေရှည်အစီအစဉ်အဖြစ် ဘန်ဝှိုက်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။