ဒေါ့မွန်အသင်းမှာ အရမ်းတွေကို ခြေစွမ်းပြသလို့ထား အင်္ဂလန်တောင်ပံကစားသမားလေး ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့အတွက် ကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်တစားရှိလို့နေပြီး အဲ့ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံးကနေကို ပါဝင်လို့နေပါတယ်။ အသက်ငယ်ပြီး ခြေစွမ်းပိုင်း ထက်မြက်လှတဲ့ ဆန်ချိုအတွက် ဒေါ့မွန်အသင်းဘက်ကနေ အနည်းဆုံး ပေါင်သန်းတစ်ရာလောက်ကို အလိုရှိနေတာက ယူနိုက်တက်အတွက် အခက်တွေ့နိုင်တာကြောင့် ဆန်ချိုကို ကမ်းလှမ်းရာမှာ သူတို့အသင်းရဲ့ ကစားသမားဆန်းချက်ဇ်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းဖွယ်ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၂၀)သာရှိသေးတဲ့ မန်စီးတီးကစားသမားဟောင်းလေးဆန်ချိုကို ယူနိုက်တက်အသင်းဘက်ကနေ အသည်းအသန်ကို အလိုရှိနေတာဖြစ်လို့ အစွမ်းကုန်ကြိုးပမ်းလျက်ရှိရာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကပဲ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စ အဆင်ပြေနိုင်ဖို့က ကျန်ရှိနေသေးပြီး ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ယူနိုက်တက်အသင်းရဲ့ ဝင်ငွေပိုင်း ထိခိုက်ထားရတာဖြစ်လို့ ဒေါ့မွန်ဘက်ကနေ အလိုရှိနေတဲ့ ပေါင်သန်းတစ်ရာပမာဏကို လျှော့ချနိုင်ဖို့အတွက် ဆန်းချက်ဇ်ကို အလိုက်ပေးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

အသက်(၃၁)နှစ်အရွှယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ အာဆင်နယ်ကနေ ယူနိုက်တက်ဆီကို ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက ခြေစွမ်းပိုင်း ကျဆင်းမှုတွေနဲ့ ဒဏ်ရာပြသာနာတွေကြောင့် ရုန်းကန်ခဲ့ရကာ ဒီရာသီမှာဆိုရင်လည်း အင်တာမီလန်အသင်းဆီကို အငှားချခံခဲ့ရပါတယ်။ အင်တာမှာလည်း ဆန်းချက်ဇ်ဟာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် သူ့ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိတော့ပဲ အငှားစာချုပ်ပြည့်ပါက ယူနိုက်တက်ဆီကိုသာ ပြန်လည်ပို့ဆောင်တော့မှာဖြစ်ပါတယ်။ဒီလို အနေအထားတွေရှိနေတဲ့ ဆန်းချက်ဇ်ကို အသုံးချပြီး ဆန်ချိုကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး လျှော့နည်းသွားအောင် ယူနိုက်တက်ဘက်ကနေ စီစဉ်လာတာဖြစ်ပေမယ့် ဆန်းချက်ဇ်ရဲ့ ့မြင့်မားလွန်းတဲ့ လုပ်ခလစာကပဲ ဒေါ့မွန်အတွက် အခက်အခဲဖြစ်နိုင်တာကြောင့် ဒီကမ်းလှမ်းမှုကို ပယ်ချဖွယ်ရှိနေပါတယ်။ ဒေါ့မွန်ဘက်က သူတို့ရဲဲ့ ကြယ်ပွင့်ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိပဲ စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ဖို့ကို ဆက်လက်လုပ်ဆောင်သွားဖွယ်လည်း ရှိလို့နေပါတယ်။