MySport Myanmar

ဂျူဗင်တပ် ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ ဘရိုက်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဂျူဗင်တပ် ဗဟိုကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရာသီအဖွင့်ပွဲ အဖြစ် ဘရိုက်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ကွင်းလယ်အတွဲ ဖြစ်တဲ့ တော်မီနေးနဲ့ ဖရက်ဒ်တို့ရဲ့ ညံ့ဖျင်းလှတဲ့ စွမ်းဆောင်ရည်တွေကြောင့် ပထမပိုင်းမှာတင် သွင်းဂိုး ၂ဂိုး ခွင့်ပြုပေးခဲ့ရပြီး ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ရာသီအစမှာတင် အရှုံးရလဒ်နဲ့ မြည်းစမ်းခဲ့ရတာပါ။

Photo Credit: Daily Mail

ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်ပိုင်း အားနည်းချက်ကို သိသိသာသာ မြင်တွေ့ခဲ့ရပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဂျူဗင်တပ်ရဲ့ ဗဟိုကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ စတင် ကြိုးပမ်းလာပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေဟာ ရာဘီယော့ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ရာဘီယော့ကို သက်သာတဲ့ ဈေးနှုန်းတရပ်နဲ့ ခေါ်ယူနိုင်မယ်လို့ တွက်ဆထားကြကြောင်း ဆိုပါတယ်။

Photo Credit: Daily Mail

အသက် ၂၇နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ရာဘီယော့က ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း မရေရာပဲ ဂျူဗင်တပ်ကတော့ ရာဘီယော့ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ကနေ ၃၀သန်းကြား အလိုရှိနေတယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Exit mobile version