MySport Myanmar

ယူနိုက်တက်ပစ်မှတ် တန်ဟက်ဂ်က မန်စီးတီးအတွက်ပါ သင့်တော်တဲ့ နည်းပြလို့ ဂွာဒီယိုလာသတ်မှတ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်တစ်ဦး ဖြစ်လာဖို့အတွက် ရေပန်းစားလျက် ရှိနေရတဲ့ ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်ဟာ မန်ချက်စတာစီးတီးအသင်းအတွက်ပါ သင့်တော်မှုရှိတဲ့ နည်းပြတစ်ဦး ဖြစ်တယ်လို့ တန်ဟက်ဂ်နဲ့ လက်တွဲခဲ့ဖူးသူလည်းဖြစ် လက်ရှိ မန်စီးတီးအသင်းရဲ့ နည်းပြလည်းဖြစ်တဲ့ ပတ်ဂွာဒီယိုလာက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါယ်။

Photo Credit : Daily Mail

လက်ရှိ နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းကို ကိုင်တွယ်လို့နေတဲ့ နည်းပြတန်ဟက်ဂ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြကြီး ဂွာဒီယိုလာနဲ့ တွဲဖက် အလုပ်လုပ်ဖူးခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အေဂျက်စ်အသင်းကို ကိုင်တွယ်လျက် ရှိနေသလို ယူနိုက်တက်အသင်းနဲ့လည်း သတင်းတွေ အတော်လေး ထွက်ပေါ်လို့နေပါတယ်။ ယူနိုက်တက်နည်းပြ ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူ မန်စီးတီးက ထွက်ခွာဖြစ်မယ်နေ့ ရောက်ရှိလာရင် သူ့နေရာမှာ တန်ဟက်ဂ်သာ အစားထိုး ဝင်ရောက်လာဖို့ အသင့်တော်ဆုံး ဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဂွာဒီယိုလာက “အဲရစ်တန်ဟက်ဂ် ဒီမှာ ရှိနေနိုင်မလားလို့ ခင်ဗျားမေးနေတာလား။ အသေအချာပေါ့။ ဒီကို ရောက်လာနိုင်တဲ့သူတွေ အများကြီးထဲမှာ သူကလည်း တစ်ယောက်အပါအဝင် ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ သူ ပွဲတစ်ပွဲကို ချဉ်းကပ်တတ်လေ့ရှိတဲ့ ပုံစံမျိုးနဲ့ဆို သေချာပါတယ်” လို့ တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး သူရဲ့အမြင်ကို မှတ်ချက်ပြုသွားခဲ့ပါတယ်။ နည်းပြတန်ဟက်ဂ်ဟာ ၂၀၁၃ခုနှစ်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အရန်အသင်းနည်းပြအဖြစ် စတင် တာဝန်ယူခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာကတည်းက ဘိုင်ယန်နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ ဂွာဒီယိုလာနဲ့ လက်တွဲခဲ့ဖူးတာ ဖြစ်ပါတယ်။ တန်ဟက်ဂ်က ၂၀၁၅ခုနှစ်မှာ ဘိုင်ယန်အရန်အသင်းနဲ့ လမ်းခွဲခဲ့ပြီး နယ်သာလန်ကို ပြန်သွားကာ အူးထရက်အသင်းကို (၂)နှစ်ကိုင်တွယ်ခဲ့သလို အဲ့ဒီနောက်မှာတော့ အေဂျက်စ်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာကတော့ တန်ဟက်ဂ် ဘိုင်ယန်နဲ့ လမ်းခွဲပြီး တစ်နှစ်လောက်အကြာမှာ ဘိုင်ယန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တာဖြစ်သလို တန်ဟက်ဂ်အနေနဲ့ သူ့နေရာကို မရောက်လာခဲ့ပဲ သူရဲ့မြို့ခံအသင်းဆီ ရောက်လာခဲ့မယ်ဆိုရင်လည်း အားပေးသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version