မန်ယူအသင်းရဲ့ နည်းပြ ဆိုးရှားဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖိုအတွက်  လက်စတာစီးတီးအသင်းရဲ့ ဘယ်နောက်ခံ ကစားသမား ဘင် ချီဝဲလ်ကို ပေါင် သန်း (၆၀) နဲ့ ခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီးအသင်း၊ မန်စီးတီးအသင်းတွေနဲ့ အပြိုင် ကြိုးစားနေပါတယ်။ မန်ယူအသင်းဟာ ယခုနှစ်ဘောလုံးရာသီ ပြန်လည်စတင်ချိန်ကတည်းက အကောင်းဆုံး အနေအထားမှာရှိနေပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံလီဗားပူးလ်အသင်းရဲ့ အောက် (၃၄) မှတ်လျော့နည်းနေတဲ့ အတွက်  နည်းပြ ဆိုးလ်ရှားက ထိပ်ပိုင်း အသင်းတွေနဲ့ အမှတ်ကွာဟမှုကို လျော့ချလိုနေပြီး လိုအပ်တဲ့ ကစားသမားသစ်တွေကို ခေါ်ယူမှု ပြုလုပ်သွားမယ်လို ပြောခဲ့ဖူးပါတယ်။

Photo Credit : The Sun

ပေါင်သန်း (၈၀) အသုံးပြုပြီး တီမိုဝါနာ နှင့် ဇီယက်တိုကို့ ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ နည်းပြ လမ်းပတ်ကလည်း ဘင်ချီဝဲလ်ကို ခေါ်ယူဖိုအစီအစဉ်ရှိတယ်လို့ ပြောခဲ့ပြီး နောက်ခံလူ အီမာဆန်ကို ပေါင် (၁၅) သန်းနဲ့ အင်တာမီလန်အသင်းကို ရောင်းချနိုင်ဖို့ မျှော်လင့်လျက် ရှိပါတယ်။ မန်စီးတီးအသင်းကလည်း ကြံ့ခိုင်မှုပြဿနာကြောင့် ရုန်းကန်နေရတဲ့ နောက်ခံလူ မန်ဒီရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ချီဝဲလ်ကို ခေါ်ယူလိုနေပေမယ့် အသက် ( ၂၃) နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ချီဝဲလ်ကို ခေါ်ယူနိုင်ရေးမှာတော့ မန်ယူအသင်းက ဦးဆောင်နေလျက် ဖြစ်ပါတယ်။

 

Photo Credit: The Sun

 

လက်စတာစီးတီး ဘောလုံးအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ဘင်ချီဝဲလ်ဟာ လက်စတာအသင်းအတွက် ( ၁၂၃) ပွဲ ကစားပေးထားပြီပြီး ဖြစ်ပြီး လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ လက်စတာအသင်းနဲ့ (၆) နှစ်ကြာ ကာလရှည် ရေရည် စာချုပ်သစ်ကို ချုပ်ဆိုသွားလိုက်တာ ဖြစ်ပါတယ်။ ဘင်ချီဝဲလ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ခံစစ်ရော တိုက်စစ်ပါ အကောင်းဆုံးလိုက်ပါ ကစားထားနိုင်ပြီး လက်စတာစီးတီးအသင်းအတွက် (၃) ဂိုးသွင်းယူပေးထားတာကြောင့် ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် လိုအပ်တဲ့ ဂိုးဖန်တီးမှုတွေကိုလည်း ပြုလုပ်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်ကလည်း အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားကို လက်စတာစီးတီးအသင်းကနေ ပေါင်သန်း (၈၀)နဲ့ ခေါ်ယူခဲ့ဖူးပြီး လက်ရှိမှာလည်း လက်စတာ နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။