မန္ယူ ေတာင္ပံ ကစားသမား ဂ်ိမ္းက ယေန႔ည (၁၂း၀၀) အခ်ိန္၊ ဝုလ္ဗ္အသင္းနဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား ပဲြစဥ္မတုိင္ခင္ ကာရာေဘာင္ ဖလား ရခ်င္တယ္လုိ႔ ေျပာခဲ့တာ ျဖစ္ပါတယ္။ မန္ယူအသင္းဟာ ကာရာေဘာင္ ဖလား ဆီးမီး ဖုိင္နယ္ ပဲြစဥ္မွာ မန္စီးတီးအသင္းနဲ႔ ကစားရမွာ ျဖစ္ၿပီး အႏုိင္ရရင္ ဗုိလ္လုပဲြ ကစားရမွာ ျဖစ္လုိ႔ ဖလားရႏုိင္ေခ် အနည္း နဲ႔ အမ်ား ရိွိေနပါတယ္။

Photo Credit: Goal

မန္ယူအသင္းဟာ လက္ရွိရာသီ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၁) ပဲြ ကစားၿပီးတဲ့ေနာက္ အဆင့္ (၄) ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ ရမွတ္ (၅) မွတ္အကြာ အဆင့္ (၅) ေနရာမွာ ရပ္တည္ေနပါတယ္။ မန္ယူ ေတာင္ပံကစားသမား ဂ်ိမ္းဟာ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၀) ပဲြ ကစားၿပီး သြင္းဂုိး (၃) ဂိုး နဲ႔ ဂုိးဖန္တီးမႈ (၆) ႀကိမ္ ျပုလုပ္ခဲ့ၿပီး အဆင့္ (၄) ဝင္ႏုိင္တယ္လုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Goal

ဂ်ိမ္းက “ကြ်န္ေတ္ာ ဆုဖလားေတြ ရခ်င္ပါတယ္။ ကြ်န္ေတာ္တုိ႔ ကာရာေဘာင္ဖလားကုိ ရခ်င္ပါတယ္။ အက္ဖ္ေအဖလား ၿပိဳင္ပဲြမွာ သြားႏုိင္သမွ် ဆက္သြားမွာပါ။ ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ အႏုိင္ရဖုိ႔ လုိအပ္ပါတယ္။ ကြ်န္ေတာ္တုိ႔ အဆင့္ (၄) ဝင္ခ်င္ပါတယ္။ ကြ်န္ေတာ္တုိ႔အသင္းက အဆင့္ (၄) ဝင္ႏုိင္ေခ် အလြန္ မ်ားတယ္လုိ႔ ကြ်န္ေတာ္ ထင္ပါတယ္”လုိ႔ ေျပာသြားခဲ့ပါတယ္။

{Unicode}

မန်ယူ တောင်ပံ ကစားသမား ဂျိမ်းက ယနေ့ည (၁၂း၀၀) အချိန်၊ ဝုလ်ဗ်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား ပွဲစဉ်မတိုင်ခင် ကာရာဘောင် ဖလား ရချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကာရာဘောင် ဖလား ဆီးမီး ဖိုင်နယ် ပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အနိုင်ရရင် ဗိုလ်လုပွဲ ကစားရမှာ ဖြစ်လို့ ဖလားရနိုင်ချေ အနည်း နဲ့ အများ ရှိနေပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ပွဲ ကစားပြီးတဲ့နောက် အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၅) မှတ်အကွာ အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။ မန်ယူ တောင်ပံကစားသမား ဂျိမ်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ပွဲ ကစားပြီး သွင်းဂိုး (၃) ဂိုး နဲ့ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ခဲ့ပြီး အဆင့် (၄) ဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဂျိမ်းက “ကျွန်တေ်ာ ဆုဖလားတွေ ရချင်ပါတယ်။ ကျွန်တော်တို့ ကာရာဘောင်ဖလားကို ရချင်ပါတယ်။ အက်ဖ်အေဖလား ပြိုင်ပွဲမှာ သွားနိုင်သမျှ ဆက်သွားမှာပါ။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အနိုင်ရဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အဆင့် (၄) ဝင်ချင်ပါတယ်။ ကျွန်တော်တို့အသင်းက အဆင့် (၄) ဝင်နိုင်ချေ အလွန် များတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။