မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ အိုဝင် ဟားဂရေ့ဖ်ကတော့ မန်ယူတိုက်စစ် (၃) ဦး ဖြစ်ကြတဲ့ မာရှယ်၊ ရက်ချ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့ဟာ လီဗာပူးလ် တိုက်စစ် (၃) ဦး ဖြစ်ကြတဲ့ ဆာလတ်၊ မာနေး နဲ့ ဖာမင်နိုတို့ကို ကျော်တတ်ဖို့ အဆင်သင့်ပါလို့ ပြောခဲ့ပါတယ်။ မန်ယူ တိုက်စစ်မှူး (၃) ဦးဟာ လက်ရှိရာသီမှာ သုံးယောက်ပေါင်း သွင်းဂိုး (၅၅) ဂိုး သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ် တိုက်စစ်မှူး (၃) ဦးက သုံးယောက်ပေါင်း သွင်းဂိုး (၅၁) ဂိုးသာ သွင်းယူခဲ့ကြတာကြောင့် မန်ယူ တိုက်စစ်မှူး (၃) ဦးရဲ့ သွင်းဂိုးက လက်ရှိမှာ ပိုများနေတာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စပြီးနောက် ရှုံးပွဲမရှိ ဆက်လက် ကစားနိုင်ခဲ့တဲ့ အတွက်ကြောင့် ပြိုင်ပွဲစုံ (၁၆) ပွဲဆက် ရှုံးပွဲ မရှိတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားနိုင်ခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှူး (၃) ဦးကလည်း သွင်းဂိုးတွေ ဝေဝေဆာဆာ သွင်းလာခဲ့ကြပါတယ်။ မန်ယူ တိုက်စစ်မှူး (၃) ဦးဟာ ဘုန်းမောက်အသင်းကို (၅-၂) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတွေ ကိုယ်စီ သွင်းယူနိုင်ခဲ့ကြပြီး မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဟားဂရေ့စ်က မန်ယူတိုက်စစ် (၃) ဦးက လီဗာပူးလ်တိုက်စစ် (၃) ဦးကို ကျော်တတ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Premier leauge Productions မှာ အိုဝင် ဟားဂရေ့စ်က “လူတိုင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး တိုက်စစ်မှူး (၃) ဦးက ဆာလတ်၊ မာနေး နဲ့ ဖာမင်နို ဖြစ်မယ်လို့ ပြောကြတယ်။ သူတို့ ဖြစ်ပါတယ်။ သူတို့က ဒါကို သုံးယောက်ပေါင်း သွင်းဂိုး (၅၁) ဂိုး သွင်းပြီး သက်သေပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မာရှယ်၊ ရက်ချ်ဖို့ဒ် နဲ့ ဂရင်းဝုဒ်တို့က ဆယ်ကျော်သက်အရွယ် နဲ့ နှစ်ဆယ်ကျော်အရွယ် ဖြစ်ကြပြီး လီဗာပူးလ် တိုက်စစ်မှူး (၃) ဦးထက် သွင်းဂိုးတွေ ပိုများနေပါတယ်။ ဒါက ပြိုင်ဆိုင်မှုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒါက မန်ယူတိုက်စစ် (၃) ယောက်အနေနဲ့ ကျော်တတ်ဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုတာကို ပြသနေပါတယ်။ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်တို့က နောက်မှာ ရှိနေတော့ ဝိုး၊ မယုံနိုင်စရာပါပဲ။ ဒီရှေ့တန်း (၅) ယောက်အုပ်စုက သိပ် ကောင်းတဲ့ အုပ်စု ဖြစ်ပါတယ်။ အခုအချိန်က မန်ယူအတွက် ရင်ခုန်စရာ အချိန်ပါပဲ”လို့ ပြောသွားပါတယ်။