မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၁၆ခုနှစ်ကနေ စတင်ကာ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပြီး လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၁၆ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဲနဲ့ UEFA Nations League ပြိုင်ပွဲတွေလို ပြိုင်ပွဲကြီးတွေကို ဝင်ရောက်ဆင်နွဲခဲ့ရကာ အဲ့ဒီပြိုင်ပွဲတွေထဲကမှ ကိုလံဘီယာလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား (၁၆)အသင်းရှံးထွက်ပွဲစဉ်က သူ့အတွက် အမှတ်တရအဖြစ်ဆုံး အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Planet Football

အသက်(၂၂)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမားရပ်ဖိုဒ့်ဟာ ၂၀၁၆ခုနှစ် ယူရိုပြိုင်ပွဲကနေစတင်ပြီး သူရဲ့လက်ရွေးစင် ကစားသမားဘဝကို စတင်ခဲဲ့ရကာ အခုဆိုရင် အင်္ဂလန်အသင်းအတွက် ပြိုင်ပွဲစုံ(၃၈)ပွဲအထိတောင် ပါဝင်ထားခဲ့ပါတယ်။ အင်္ဂလန်အတွက် ပွဲများစွာ ပါဝင်ထားခဲ့သူ ရပ်ဖိုဒ့်ဟာ ၂၀၁၈ခုနှစ်အတွင်း ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)အသင်းရှံးထွက်ပွဲစဉ်မှာ ကိုလံဘီယာအသင်းနဲ့ ကစားခဲ့ရတဲ့ပွဲစဉ်က သူ့အတွက် အမှတ်တရအဖြစ်ဆုံးပွဲလို့ ပြောဆိုလာခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်အသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ ကိုလံဘီယာအသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Express

အဲ့ဒီပွဲမှာ အင်္ဂလန်နဲ့ကိုလံဘီယာတို့က တစ်ဖက်ကို (၁)ဂိုးစီ သရေကျနေခဲ့တာကြောင့် အချိန်ပိုဆက်ကန်ရင်းနဲ့ ပင်နယ်တီကန်ရဖို့အထိ ရောက်ရှိသွားခဲ့ရာ အင်္ဂလန်ဘက်က ဟန်ဒါဆန်ကန်ချက်ကလွဲပြီး ကိန်း ရပ်ဖိုဒ့် ဒိုင်ယာ ထရစ်ပီယာတို့ရဲ့ကန်ချက်တွေ ဂိုးဝင်ခဲ့ပေမယ့် ကိုလံဘီယာဘက်ကတော့ စတုတ္ထမြောက်နဲ့ ပဥ္စမမြောက်ပင်နယ်တီတွေ ဂိုးမဝင်ခဲ့တာကြောင့် (၄)ဂိုး(၃)ဂိုးနဲ့ အင်္ဂလန်တို့ ကွာတားဖိုင်နယ်ဆီ တတ်လှမ်းနိုင်ခဲ့ရပါတယ်။ ရပ်ဖိုဒ့်ဟာ ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိပေမယ့် ကိုလံဘီယာကို ကျော်ဖြတ်နိုင်ခဲ့တဲ့ (၁၆)အသင်းရှံးထွက်ပွဲစဉ်မှာတော့ အသင်းအတွက် အရေးပါတဲ့ ပင်နယ်တီဂိုးကို ကန်သွင်းနိုင်ခဲ့ပြီး ပင်နယ်တီဂိုးက သွင်းဂိုးအရေအတွက်မှာ ထည့်မတွက်ပေမယ့်လည်း သူကတော့ ဒီဂိုးကို သူရဲ့လက်ရွေးစင်အသင်းအတွက် (၁၀)ဂိုးမြောက်သွင်းဂိုးအဖြစ် သတ်မှတ်ထားခဲ့ကာ ပင်နယ်တီရောက်တိုင်း အမြဲလိုလို ရှံးနိမ့်ရလေ့ရှိတတ်တဲ့ သူတို့အသင်းရဲ့ ပင်နယ်တီနဲ့ အနိုင်ရခဲ့မှုကလည်း အရမ်းကို ဝမ်းမြောက်စရာကောင်းခဲ့တယ်လို့ ရှင်းလင်းပြောဆိုလာခဲဲ့ပါတယ်။