လီဗာပူးလ်အသင်းရဲ့ နောက်ခံအစွန်လူဟောင်းတစ်ဦးဖြစ်တဲ့ ဂလင်းဂျွန်ဆင်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်အသင်းကနေသာ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူ့ကို ခေါ်ယူနိုင်တဲ့ ဘယ်အသင်းမဆို ထိပ်တန်းကစားသမားကောင်းတစ်ဦးကို ခေါ်ယူနိုင်သလို ဖြစ်လာနိုင်ပြီး ရပ်ရှ်ဖို့ဒ်ဟာ လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှာဆိုရင်လည်း အံ့ဝင်ခွင်ကျဖြစ်ကာ တောက်ပနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။

Marcus Rashford opens up on England penalty miss and "difficult season" in emotional statement - Mirror Online

Photo Credit : The Mirror

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းနဲ့ ယူရို-၂၀၂ဝပြိုင်ပွဲကို ပါဝင်ဆင်နွဲပြီး ဖိုင်နယ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရင်း သူရဲ့ပင်နယ်တီကန်ချက် ဂိုးမဝင်ခဲ့ရသလို ပြိုင်ပွဲအပြီးမှာလည်း ပခုံးခွဲစိတ်မှု ခံယူခဲ့ရပါသေးတယ်။ အဲ့ဒီအဖြစ်အပျက်တွေအပြီး ယူနိုက်တက်အသင်းအတွက် ပြန်လည်ပါဝင် ကစားပေးတဲ့အချိန်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းတွေက ပုံမှန်အောက်ကို ရောက်လာခဲ့တာကြောင့် ယူနိုက်တက်နည်းပြ ရန်းနစ်က ရပ်ရှ်ဖို့ဒ်ကို ပွဲကစားခွင့်တွေ ကန့်သတ်ခဲ့သလို အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာလည်း လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာပါ ရပ်ရှ်ဖို့ဒ်ကို ချန်လှပ်လာခဲ့ပါတယ်။

Johnson says Rashford would be "brilliant" for Liverpool', but would be "throttled" for the move.

Photo Credit : The Sun

ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ရပ်ရှ်ဖို့ဒ်က လာမယ့်နွေမှာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ဖို့အထိပါ စဉ်းစားနေပြီလို့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ရပ်ရှ်ဖို့ဒ်သာ လီဗာပူးလ်အသင်းမှာ ပါဝင်ကစားဖြစ်မယ်ဆိုရင် တကယ့်ကို ထူးချွန်သူတစ်ဦး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့ပေမယ့် အင်္ဂလန်ရဲ့ ခါးသီးဆုံး ပြိုင်ဘက်အသင်းတွေဖြစ်နေတဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ကြား ဒီလိုကြီးမားတဲ့ အပြောင်းအရွှေ့တစ်ရပ် ဖြစ်ပေါ်လာနိုင်ဖို့က အတားအဆီးတစ်ခုလို ဖြစ်နေလိမ့်မယ်လို့ပါ မှတ်ချက်ပြုသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ် အခြေအနေနဲ့ပတ်သက်ပြီး ဂျွန်ဆင်က “မားကပ်စ်ရပ်ရှ်ဖို့ဒ်က ဘယ်အသင်းနဲ့မဆို လိုက်ဖက်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူ့ကို ရလိုက်တဲ့ ဘယ်အသင်းမဆို သူရဲ့စွမ်းဆောင်ရည်တွေ နေ့ချင်းညချင်း မဆုံးရှုံးသွားနိုင်တဲ့ ထိပ်တန်းကစားသမားမျိုးကို ရရှိနိုင်မှာပါ။ သူ့ကို လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ မြင်ယောင်ကြည့်ပါလား။ သူက အဲ့ဒီမှာ ထက်မြက်နေမှာ။ ဒါပေမယ့် သူအဲ့ဒီလိုသာ ရွေးချယ်မယ်ဆိုရင်တော့ သူ့ကို တားဆီပိတ်ဆို့ကြလိမ့်မယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာကတည်းက ယူနိုက်တက် စီနီယာကစားသမားဘဝကို ရရှိခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ကို လက်ရှိမှာ ယူနိုက်တက် ပရိသတ်တွေကပါ စိတ်ပျက်နေကြပြီး အသင်းနဲ့သာ လမ်းခွဲစေချင်နေပါတယ်။