မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕လူငယ္တုိက္စစ္ကစားသမားေလး မားကပ္ရပ္ဖုိဒ့္ကေတာ့ ေနာ္ဝစ္ခ်္စီးတီးအသင္းနဲ႔ ကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၂)မွာပဲ သူရဲ႕ယူႏုိက္တက္ကစားသမားဘဝ ပြဲေပါင္းႏွစ္ရာျပည့္ေျမာက္သြားခဲ႔ရၿပီး ဒီလုိအမွတ္တရပြဲစဥ္မွာ အသင္းအတြက္ကုိလည္း သြင္းဂုိး၂ဂုိးကုိ ရယူေပးႏုိင္ခဲ႔ပါတယ္။ ၂၀၁၆ခုႏွစ္တုန္းက ယူႏုိက္တက္အသင္းကုိ နည္းျပေဟာင္းလူးဝစ္ဗန္ဟား ကုိင္တြယ္ခဲ႔ခ်ိန္ကေနစတင္ၿပီး ယူနုိက္တက္စီနီယာအသင္းမွာ စတင္ပြဲထြက္ခဲ႔ရတဲ႔ ရပ္ဖုိဒ့္ဟာ အသင္းနဲ႔ လက္ရွိမွာ ၅ရာသီေျမာက္ကုိ ျဖတ္သန္းလုိ႔ေနၿပီး ၿပိဳင္ပြဲစုံပြဲအေရအတြက္ကလည္း ႏွစ္ရာအထိ ျပည့္ေျမာက္ခဲ့ရၿပီပဲျဖစ္ပါတယ္။

Photo Credit : Getty Images

အသက္၂၂ႏွစ္သာရွိေသးတဲ႔ အဂၤလန္လက္ေရြးစင္ တုိက္စစ္ကစားသမား ရပ္ဖုိဒ့္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲအားလုံးကုိ ပါဝင္ကစားထားခဲ႔သလုိ ၿပိဳင္ပြဲစုံမွာလည္း ပြဲေပါင္း(၃၀)အထိ ကစားခဲ႔ၾကၿပီး သြင္းဂုိး၁၉ဂုိးနဲ႔ ဂုိးဖန္တီးမႈ၅ႀကိမ္အထိ ျပဳလုပ္ထားႏုိင္ခဲ႔ပါတယ္။ ႏွစ္တုိင္းလုိလုိ အသင္းအတြက္ ပြဲေပါင္းမ်ားစြာမွာ ပါဝင္ကစားထားႏုိင္ခဲ႔တဲ႔ ရပ္ဖုိဒ့္ဟာ အသင္းနည္းျပဆိုးလ္ရွားကေန သူ႔ကုိပြဲတခ်ိဳ႕မွာ အနားေပးထားေစခ်င္ေပမယ့္ ရပ္ဖုိဒ့္ကေတာ့ ပြဲတုိင္းနီးပါး ပါဝင္ကစားဖုိ႔ကုိ စိတ္အားထက္သန္လုိ႔ေနၿပီး သူရဲ႕လက္ရွိအေျခအေနက တစ္ရာသီအတြင္း ပြဲေပါင္းေျမာက္မ်ားစြာ ပါဝင္ကစားႏုိင္ဖုိ႔ အလုံအေလာက္ျဖစ္ေနတယ္လုိ႔ ဖြင့္ဟေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ရပ္ဖုိဒ့္ဟာ “သင့္အေနနဲ႔ စိတ္ပုိင္းမွာေရာ ခႏၶာကိုယ္ပုိင္းမွာသာ ႀကံခုိင္သန္စြမ္းလာၿပီဆုိရင္ေတာ့ တစ္ရာသီမွာ ၿပိဳင္ပြဲစုံပြဲေပါင္း ၄၀ ၅၀ေလာက္အထိကုိ ကစားလာႏုိင္မွာပါ။ အသင္းမွာ ပြဲဦးထြက္ခဲ႔ရတဲ႔ အသက္၁၈ႏွစ္အရႊယ္တုန္းကေတာ့ ကြ်န္ေတာ္ရဲ႕ ခႏၶာကိုယ္ပုိင္းက သိပ္အားရစရာ အေနအထားမွာ ရွိမေနခဲ႔တာက အမွန္ပါပဲ။ ပြဲထြက္ကစားခြင့္ ပမာဏဆုိတာကေတာ့ တကယ္ေတာ့ ကြ်န္ေတာ္အတြက္ အေရးသိပ္ႀကီးလွတဲ႔ ကိစၥရယ္ေတာ့မဟုတ္ပါဘူး။ အေျခအေနေကာင္းတစ္ခုမွာ ရွိေနဖုိ႔က အေရးႀကီးတာပါ” လုိ႔ ေျပာဆုိလုိ႔သြားခဲ႔ပါတယ္။ ဆုိးလ္ရွားကေတာ့ ရပ္ဖုိဒ့္နဲ႔ပတ္သက္ၿပီး “သူက အသက္အရႊယ္ ငယ္ရႊယ္ေသးၿပီး သူ႔ကုိ ကြ်န္ေတာ္အေနနဲ႔ ပြဲအမ်ားႀကီးမွာ ပါဝင္ကစားတာေတြေတာ့ မျဖစ္ေစခ်င္ဘူး။ ပြဲပန္းဒဏ္ေတြ ပင္ပန္းႏြမ္းႏြယ္မႈေတြကေန ေရွာင္ၾကည္ေစခ်င္လုိ႔ပါ။ ဒါေပမယ့္ သူက ပြဲတုိင္းလုိလုိအတြက္ အသင့္ျဖစ္ေနၿပီးေတာ့ ခြန္အားအျပည့္တုိက္ပြဲဝင္ဖုိ႔ အသင့္ျဖစ္ေနတာမုိ႔ ပြဲတုိင္းမွာ ေနရာရေနရတာပါ” လုိ႔ ရွင္းလင္းေျပာဆုိခဲ႔ပါတယ္။

(Unicode)

ပွဲဦးထွက်ချိန်ကနေစပြီး အသင်းအတွက် ပွဲပေါင်းများစွာ မနားတမ်းပါဝင်နိုင်ခဲ့တဲ့ ရပ်ဖိုဒ့်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့လူငယ်တိုက်စစ်ကစားသမားလေး မားကပ်ရပ်ဖိုဒ့်ကတော့ နော်ဝစ်ချ်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၂)မှာပဲ သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပွဲပေါင်းနှစ်ရာပြည့်မြောက်သွားခဲ့ရပြီး ဒီလိုအမှတ်တရပွဲစဉ်မှာ အသင်းအတွက်ကိုလည်း သွင်းဂိုး၂ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်တုန်းက ယူနိုက်တက်အသင်းကို နည်းပြဟောင်းလူးဝစ်ဗန်ဟား ကိုင်တွယ်ခဲ့ချိန်ကနေစတင်ပြီး ယူနိုက်တက်စီနီယာအသင်းမှာ စတင်ပွဲထွက်ခဲ့ရတဲ့ ရပ်ဖိုဒ့်ဟာ အသင်းနဲ့ လက်ရှိမှာ ၅ရာသီမြောက်ကို ဖြတ်သန်းလို့နေပြီး ပြိုင်ပွဲစုံပွဲအရေအတွက်ကလည်း နှစ်ရာအထိ ပြည့်မြောက်ခဲ့ရပြီပဲဖြစ်ပါတယ်။

Photo Credit : Getty Images

အသက်၂၂နှစ်သာရှိသေးတဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ဖိုဒ့်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲအားလုံးကို ပါဝင်ကစားထားခဲ့သလို ပြိုင်ပွဲစုံမှာလည်း ပွဲပေါင်း(၃၀)အထိ ကစားခဲ့ကြပြီး သွင်းဂိုး၁၉ဂိုးနဲ့ ဂိုးဖန်တီးမှု၅ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ နှစ်တိုင်းလိုလို အသင်းအတွက် ပွဲပေါင်းများစွာမှာ ပါဝင်ကစားထားနိုင်ခဲ့တဲ့ ရပ်ဖိုဒ့်ဟာ အသင်းနည်းပြဆိုးလ်ရှားကနေ သူ့ကိုပွဲတချို့မှာ အနားပေးထားစေချင်ပေမယ့် ရပ်ဖိုဒ့်ကတော့ ပွဲတိုင်းနီးပါး ပါဝင်ကစားဖို့ကို စိတ်အားထက်သန်လို့နေပြီး သူရဲ့လက်ရှိအခြေအနေက တစ်ရာသီအတွင်း ပွဲပေါင်းမြောက်များစွာ ပါဝင်ကစားနိုင်ဖို့ အလုံအလောက်ဖြစ်နေတယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ရပ်ဖိုဒ့်ဟာ “သင့်အနေနဲ့ စိတ်ပိုင်းမှာရော ခန္ဓာကိုယ်ပိုင်းမှာသာ ကြံခိုင်သန်စွမ်းလာပြီဆိုရင်တော့ တစ်ရာသီမှာ ပြိုင်ပွဲစုံပွဲပေါင်း ၄၀ ၅၀လောက်အထိကို ကစားလာနိုင်မှာပါ။ အသင်းမှာ ပွဲဦးထွက်ခဲ့ရတဲ့ အသက်၁၈နှစ်အရွှယ်တုန်းကတော့ ကျွန်တော်ရဲ့ ခန္ဓာကိုယ်ပိုင်းက သိပ်အားရစရာ အနေအထားမှာ ရှိမနေခဲ့တာက အမှန်ပါပဲ။ ပွဲထွက်ကစားခွင့် ပမာဏဆိုတာကတော့ တကယ်တော့ ကျွန်တော်အတွက် အရေးသိပ်ကြီးလှတဲ့ ကိစ္စရယ်တော့မဟုတ်ပါဘူး။ အခြေအနေကောင်းတစ်ခုမှာ ရှိနေဖို့က အရေးကြီးတာပါ” လို့ ပြောဆိုလို့သွားခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ ရပ်ဖိုဒ့်နဲ့ပတ်သက်ပြီး “သူက အသက်အရွှယ် ငယ်ရွှယ်သေးပြီး သူ့ကို ကျွန်တော်အနေနဲ့ ပွဲအများကြီးမှာ ပါဝင်ကစားတာတွေတော့ မဖြစ်စေချင်ဘူး။ ပွဲပန်းဒဏ်တွေ ပင်ပန်းနွမ်းနွယ်မှုတွေကနေ ရှောင်ကြည်စေချင်လို့ပါ။ ဒါပေမယ့် သူက ပွဲတိုင်းလိုလိုအတွက် အသင့်ဖြစ်နေပြီးတော့ ခွန်အားအပြည့်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတာမို့ ပွဲတိုင်းမှာ နေရာရနေရတာပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။