MySport Myanmar

TikTok Chef နဲ့ ပူးပေါင်းပြီး လန်ဒန်မြို့မှာ စားသောက်ဆိုင် ဖွင့်လှစ်သွားမယ့် ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုက ဘောလုံးသမားဘဝကနေ အနားယူသင့်တဲ့ အချိန်တစ်ခုကို ရောက်ရှိနေချိန်မှာတောင် အနားမယူသေးပဲ ဆက်လက် ဖြတ်သန်းလျက် ရှိနေသလို တစ်ဖက်မှာလည်း သူရဲ့စီးပွားရေး လုပ်ငန်းတွေကို ထပ်မံတိုးချဲ့မယ့်အနေနဲ့ ကမ္ဘာတဝန်းမှာ လူအသုံးများဆုံး ဖြစ်နေတဲ့ TikTok မှာ အရမ်းရေပန်းစားလို့နေတဲ့ Chef CZN Burak နဲ့ ပူးပေါင်းပြီး လန်ဒန်မြို့အတွင်းမှာ ခမ်းခမ်းနားနား စားသောက်ဆိုင်အသစ်တစ်ခုကို ဖွင့်လှစ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၃၇)နှစ်အရွှယ်ရှိ GOAT ကြီး ရော်နယ်လ်ဒိုဟာ သူရဲ့ဘောလုံးသမားဘဝမှာ အသင်းလိုက် ဆုဖလားအောင်မြင်မှုများစွာ တစ်ဦးချင်း အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ပြီး ဘောလုံးလောကရဲ့ အထင်ကရ အရှိဆုံး ဘောလုံးသမားတစ်ဦး အားကစားနယ်ပယ်ရဲ့ အပြောင်မြောက်ဆုံး အားကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံနေရသလို စီးပွားရေဘက်မှာပါ သူရဲ့ခြေလှမ်းတွေက ပေါက်မြောက်အောင်မြင်လို့ နေပါတယ်။ အခုလည်း ရော်နယ်လ်ဒိုဟာ followers အရေအတွက်ပေါင်း (၅၇)သန်းလောက်အထိတောင် ပိုင်ဆိုင်ထားတဲ့ TikTok Chet ကြီး CZN Burak နဲ့ တွဲဖက်ပြီး ဖန်စီဆန်ဆန် စားသောက်ဆိုင်တစ်ဆိုင်ကို လန်ဒန်မြို့ထဲမှာ ဖွင့်လှစ်သွားဖု်ိ့ အစီအစဉ်ရှိနေတယ်လို့ Hot Dinners ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : The Sun

တူရကီနိုင်ငံသား နာမည်ကျော် စားဖိုမှူးတစ်ဦးဖြစ်တဲ့ ဘူရက်ခ်ဟာ အသက်(၂၆)နှစ်အရွှယ်သာ ရှိနေသေးသူဖြစ်ပေမယ့် TikTok နဲ့ Instagram တို့လို လူမှုကွန်ယက်တွေပေါ်မှာ အတော်လေးကို အောင်မြင်နေသူဖြစ်ပြီး followers ပေါင်း သန်းနဲ့ချီ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ အဲ့ဒီလူမှုကွန်ယက်တွေပေါ်မှာ မီးဖိုချောင်အတွင်း သူရဲ့ချက်ပြုတ်မှုတွေနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေကို တင်ဆက်ပေးနေတတ်တဲ့ ဘူရက်ခ်ဟာ ကမ္ဘာတဝန်းမှာပါ စားသောက်ဆိုင်ကြီး (၃)ဆိုင်ကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပေမယ့် လန်ဒန်မြို့မှာပါ နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို ထပ်တိုးဖွင့်လှစ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို စီစဉ်နေချိန်မှာ အစားအသောက်ကိုမှ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ပြီး အသက်(၃၇)အရွှယ်ထိ အားကစားသမားကောင်းတစ်ဦးလို ရပ်တည်နေနိုင်တဲ့ ရော်နယ်လ်ဒိုနဲ့ ပူးပေါင်းကာ healthy diet food မီနူးအသစ်တွေကို စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်သွားချင်နေတာ ဖြစ်ပါတယ်။ CR7 နဲ့ CZN Burak တို့ရဲ့ လန်ဒန်မြိ်ု့က စားသောက်ဆိုင်ဟာ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ကျင်းပသွားမယ့် လတစ်လဖြစ်တဲ့ နိုဝင်ဘာအတွင်းမှာ ဖွင့်လှစ်ဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version