မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ စပိန်နိုင်ငံ လာပါမားကျွန်းပေါ်မှာ ဖြစ်ပေါ်နေတဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် ဒုုက္ခရောက်ရှိနေရတဲ့ ဒုက္ခသည်းများကို လှူဒါန်းမှုတွေ ပြုလုပ်သွားနိုင်ဖို့အတွက် သူရဲ့ ပေါ်တူဂီလက်ရွေးစင်အင်္ကျီကို လေလံတင် ရောင်းချသွားဖို့ စီစဉ်မှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

စပိန်နိုင်ငံ လာပါးမားကျွန်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ် စက်တင်ဘာလကကတည်းက စတင်ပြီး မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာခဲ့ခြင်းဟာ ဒီနေ့အချိန်ထိကို ရပ်တန့်သွားခြင်း မရှိသေးတဲ့အတွက် ဒီမီးတောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုတွေ မရှိထားပေမယ့်လည်း မီးတောင်ကနေ ထွက်ပေါ်လာတဲ့ ချော်ရည်တွေ အနီးအနားက အဆောက်အဦးတွေကို ဖျက်ဆီးခဲ့သလို လူပေါင်းထောင်ချီလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းထားခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်များကို ငွေကြေးလှူဒါန်းမှု ပြုလုပ်သွားဖို့အတွက် ပေါ်တူဂီကြယ်ပွင့် ဘောလုံးသမား ရော်နယ်လ်ဒိုက သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ပေါ်တူဂီလက်ရွေးစင် ဘောလုံးအင်္ကျီကို လေလံတင် ရောင်းချသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ(၂၄)ရက်မှာပဲ လေလံတင် ရောင်းချမှုကို စတင်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

Photo Credit : The Sun

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းကမှ ဂျုဗင်တပ်စ်အသင်းကနေ သူရဲ့ ကလပ်အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲအထိ ပါဝင်ကစားထားနိုင်ပြီး (၁၃)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းနဲ့ ပြန်လည်လက်တွဲဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လို့နေပြီး အသင်းအတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၇)ဂိုး ချန်ပီယံလိဂ်မှာ သွင်းဂိုး(၆)ဂိုးနဲ့ ပြိုင်ပွဲနှစ်ရပ်လုံးမှာ အသင်းအတွက် ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမားအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။ ယူနိုက်တက် ရီးယဲလ်မက်ဒရစ် ဂျုဗင်တပ်စ်တို့ အပါအဝင် လက်ရွေးစင်အသင်းနဲ့ပါ ဆုဖလား အောင်မြင်မှုတွေ တစ်ဦးချင်း ဆုတံဆိပ်တွေများစွာကို ပိုင်ဆိုင်ထားတဲ့ ရော်နယ်လ်ဒိုဟာ အလှူအတန်းတွေမှာ တတ်အားသရွှေ့ ပါဝင်ဆောင်ရွှက်တတ်သူဖြစ်ပြီး အခုလည်း မီးတောင်ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေသူတွေအတွက် သူရဲ့လေလံတင် ရောင်းချပေးမှုနဲ့ ရန်ပုံငွေရှာပေးဖို့ စီစဉ်ဆောင်ရွှက်နေတာ ဖြစ်ပါတယ်။