ယူရိုပါလိဂ္ၿပိဳင္ပြဲရဲ့ ေနာက္ဆုံးအဆင့္မွာ ပါဝင္ေနတဲ့ ပရီးမီးယားလိဂ္အသင္းသုံးသင္းထဲက တစ္သင္းျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ က်န္တဲ့အသင္းႏွစ္သင္းျဖစ္တဲ့ အာဆင္နယ္အသင္းနဲ႔ဝုဗ္အသင္းတို႔ထက္ ေဆာလ်င္စြာပဲ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားနိုင္ခဲ့ၿပီလို႔ သိရပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယေန႔မနက္မွာ ကစားခဲ့တဲ့ ပါတီဇန္အသင္းနဲ႔ပြဲစဥ္မွာ သုံးဂိုး ဂိုးမရွိဆိုတဲ့ရလဒ္နဲ႔ အနိုင္ယူကာ ေနာက္တစ္ဆင့္ျဖစ္တဲ့ ၃၂သင္း ရွုံးထြက္အဆင့္ကို တက္ေရာက္သြားနိုင္ခဲ့တာပါ။

Photo Credit: Express.com

အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ အဆိုပါပြဲစဥ္ဟာ ယခုရာသီမွာ ယူနိုက္တက္တို႔အတြက္ အေကာင္းဆုံးပြဲစဥ္ေတြထဲက တစ္ပြဲအျဖစ္ သတ္မွတ္လို႔ရခဲ့ၿပီး ပြဲစဥ္အတြင္းမွာ သရဲနီေတြဟာ အေကာင္းဆုံးေျခစြမ္းေတြနဲ႔အတူ ဂိုးသြင္းခြင့္အေျမာက္အမ်ား ရရွိခဲ့ပါတယ္။ ၄ ၃ ၃ ပုံစံနဲ႔ ပြဲထြက္လာခဲ့တဲ့ ယူနိုက္တက္ဟာ ယေန႔ပြဲစဥ္မွာ အရင္လိုပ်င္းရိဖြယ္ရာေကာင္းတဲ့ ေျခစြမ္းမ်ိဳး မဟုတ္ေတာ့ပဲ ကြင္းလယ္ေရာ တိုက္စစ္ပိုင္းပါ အေကာင္းဆုံးပုံစံေတြကို ရရွိခဲ့သလို ခံစစ္ပိုင္းကလည္း ေပးဂိုးမရွိေအာင္ စြမ္းေဆာင္သြားနိုင္ခဲ့ပါတယ္။

Photo Credit: Express.com

ယူနိုက္တက္အတြက္ သြင္းဂိုးေတြကိုေတာ့ ပြဲကစားခ်ိန္ ၂၂မိနစ္မွာ ေမဆင္ဂရင္းဝုဒ္ ၊ ပြဲကစားခ်ိန္၃၃မိနစ္မွာ မာရွယ္နဲ႔ ပြဲကစားခ်ိန္ ၄၉မိနစ္တို႔မွာ ရက္ဖို႔ဒ္တို႔က အသီးသီး သြင္းယူေပးခဲ့ၾကတာပါ။ လက္ရွိေဘာလုံးရာသီမွာ သြင္းဂိုးနည္းပါးေနတာနဲ႔ပတ္သတ္ၿပီး ေဝဖန္မွုေတြ ခံေနရတဲ့ တိုက္စစ္ပိုင္းအတြက္ေတာ့ အခုလို ဝင္ကစားတဲ့တိုက္စစ္မွူး သုံးဦးစလုံးက ဂိုးသြင္းနိုင္တာဟာ ေက်နပ္စရာေကာင္းတဲ့ အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္တို႔အတြက္ ဂုဏ္ယူစရာေကာင္းတဲ့ မွတ္တမ္းတစ္ခုက ရွိေနပါေသးတယ္။

Photo Credit: Express.com

အဲ့ဒါကေတာ့ ယူရိုပါလိဂ္ပြဲစဥ္၄ပြဲအထိ ကစားၿပီးထားတဲ့အခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ တစ္သင္းတည္းေသာ ေပးဂိုးမရွိေသးတဲ့ အသင္းျဖစ္တယ္ဆိုတဲ့ မွတ္တမ္းပါပဲ။ ပြဲစဥ္၃ပြဲၿပီးဆုံးခဲ့တဲ့အခ်ိန္မွာ ဆီဗီးလားအသင္းကလည္း ယူနိုက္တက္လိုပဲ ေပးဂိုးမရွိတဲ့ အသင္းတစ္သင္းျဖစ္ခဲ့ေပမယ့္ ယခုတစ္ပတ္မွာေတာ့ ဒန္ဒီလန္ဂီအသင္းကို ေပးဂိုး၂ဂိုးအထိ ေပးခဲ့ရတာေၾကာင့္ ဆီဗီးလားအသင္းရဲ့ မွတ္တမ္းဟာ က်ိဳးပ်က္သြားခဲ့ရတာပါ။

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ပါဝင်နေတဲ့ ပရီးမီးယားလိဂ်အသင်းသုံးသင်းထဲက တစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းကတော့ ကျန်တဲ့အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ဝုဗ်အသင်းတို့ထက် ဆောလျင်စွာပဲ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ပါတီဇန်အသင်းနဲ့ပွဲစဥ်မှာ သုံးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ယူကာ နောက်တစ်ဆင့်ဖြစ်တဲ့ ၃၂သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။

Photo Credit: Express.com

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အဆိုပါပွဲစဥ်ဟာ ယခုရာသီမှာ ယူနိုက်တက်တို့အတွက် အကောင်းဆုံးပွဲစဥ်တွေထဲက တစ်ပွဲအဖြစ် သတ်မှတ်လို့ရခဲ့ပြီး ပွဲစဥ်အတွင်းမှာ သရဲနီတွေဟာ အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ ဂိုးသွင်းခွင့်အမြောက်အများ ရရှိခဲ့ပါတယ်။ ၄ ၃ ၃ ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ ယူနိုက်တက်ဟာ ယနေ့ပွဲစဥ်မှာ အရင်လိုပျင်းရိဖွယ်ရာကောင်းတဲ့ ခြေစွမ်းမျိုး မဟုတ်တော့ပဲ ကွင်းလယ်ရော တိုက်စစ်ပိုင်းပါ အကောင်းဆုံးပုံစံတွေကို ရရှိခဲ့သလို ခံစစ်ပိုင်းကလည်း ပေးဂိုးမရှိအောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။

Photo Credit: Express.com

ယူနိုက်တက်အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၂၂မိနစ်မှာ မေဆင်ဂရင်းဝုဒ် ၊ ပွဲကစားချိန်၃၃မိနစ်မှာ မာရှယ်နဲ့ ပွဲကစားချိန် ၄၉မိနစ်တို့မှာ ရက်ဖို့ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ လက်ရှိဘောလုံးရာသီမှာ သွင်းဂိုးနည်းပါးနေတာနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေ ခံနေရတဲ့ တိုက်စစ်ပိုင်းအတွက်တော့ အခုလို ဝင်ကစားတဲ့တိုက်စစ်မှူး သုံးဦးစလုံးက ဂိုးသွင်းနိုင်တာဟာ ကျေနပ်စရာကောင်းတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါေပမယ့် ယူနိုက်တက်တို့အတွက် ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခုက ရှိနေပါသေးတယ်။

Photo Credit: Express.com

အဲ့ဒါကတော့ ယူရိုပါလိဂ်ပွဲစဥ်၄ပွဲအထိ ကစားပြီးထားတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်သင်းတည်းသော ပေးဂိုးမရှိသေးတဲ့ အသင်းဖြစ်တယ်ဆိုတဲ့ မှတ်တမ်းပါပဲ။ ပွဲစဥ်၃ပွဲပြီးဆုံးခဲ့တဲ့အချိန်မှာ ဆီဗီးလားအသင်းကလည်း ယူနိုက်တက်လိုပဲ ပေးဂိုးမရှိတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ ဒန်ဒီလန်ဂီအသင်းကို ပေးဂိုး၂ဂိုးအထိ ပေးခဲ့ရတာကြောင့် ဆီဗီးလားအသင်းရဲ့ မှတ်တမ်းဟာ ကျိုးပျက်သွားခဲ့ရတာပါ။: